Sunday, February 27, 2011

ရေမြောင်းပြုပြင်ဖို့စရိတ် ကျောင်းသားများထံ ကျပ်ငွေ ၁၀၀၀ စီကောက်

KHONUMTHUNG NEWS GROUP

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ် အ.လ.က (၁) ကျောင်းအုပ်ဆရာမကြီးမှရေမြောင်းပြုပြင်ရန် ဆိုပြီး ကျောင်းသား၊ ကျောင်းသူများထံ တစ်ဦးလျှင်ကျပ်ငွေ ၁၀၀၀ စီ ကောက်ယူကြောင်း သိရသည်။
၎င်း ရေမြောင်းကို ကျောင်းသားများထံကောက်ခံသည့်ငွေကြေးဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့ အထိပြုပြင်ခဲ့ကြ ခြင်းဖြစ်သည်။

“ကျောင်းအုပ်ဆရာမကြီး နေမည့်အိမ်ဆောက်မှာမို့လို့ အနားမှာရှိတဲ့မြောင်းကလေးကို ပြုပြင်ဖို့အတွက်ဆိုပြီး အခုလို ကျောင်းသားတွေ ကို ကျပ်ငွေ၁၀၀၀ စီ ကောက်တာဖြစ်တယ်” ဟု ကျောင်းသားမိဘ တဦးက ပြောသည်။

ကျောင်းသားကျောင်းသူများထံ ကောက်ခံရသည့် ငွေကြေးဖြင့် ဘိလပ်မြေ၊ သဲ၊ အုတ်ခဲ များဝယ်ယူပြီး အလုပ်သမား များအား နေ့စားဖြင့် ပြန်ခိုင်းပြီး ရေမြောင်းကိုပြုပြင်ကြောင်း အဆိုပါက ထပ်မံပြောဆိုသည်။

” အမှန်ဆိုရင် အစိုးရက ကုန်ကျရမှာဖြစ်တယ်၊ အခုဟာကမရှိတဲ့ကျောင်းသားမိဘများထံ တောင်းပြီးရေ မြောင်းပြုပြင် တယ်ဆိုတော့ရင် နာစရာ ကောင်းတယ်” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

ကျောင်းဆရာမ ကြီးသည် ကျောင်းသား (၅၀၀) ခန့်ရှိတဲ့ အဆိုပါ အ.လ.က (၁)ကျောင်းတွင် ၂ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးဖြစ်သူ ဖြစ်သည်။

No comments: