Sunday, February 27, 2011

ဦးအောင်သိန်းလင်း ဘယ်လဲ ဘာလဲ ...

ခင်ဦးသာ

“မြို့တော်ဝန် ရာထူးလား သူများကို လွှဲပေးရမှာပါ၊ ၀န်ကြီးလုပ်မယ် ဆိုတာလည်း မဟုတ်ပါဘူး၊ အပေါ်က လုပ်ခိုင်းတာကိုပဲ လုပ်ရမှာပါ”လို့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းက ဆိုပါတယ်။

နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေး တွေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် တက်ရောက်နေတဲ့ ဦးအောင်သိန်းလင်းက သူ့ရဲ့ မသေချာသေးတဲ့ အနာဂတ်ကို ပြောပြတာပါ။

ရန်ကုန် မြို့တော်ဝန်လို နအဖ အစိုးရအဖွဲ့ထဲက ၀န်ကြီးတွေ အများစုဟာလဲပဲ ဘယ်နေရာ၊ ဘယ်ရာထူးတွေကို ဆက်ခံကြရမယ်ဆိုတာ မသိသေးတဲ့ သူတွေများနေတယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဆိုပါတယ်။

ဦးအောင်သိန်းလင်းဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုးမှုတွေနဲ့ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရတာ ဖြစ်တယ်လို့ လူအများက ပြောဆိုကြပြီး အခုအချိန်မှာ နေပြည်တော် လွှတ်တော် အစည်းအဝေး တွေကို တက်ရောက် နေဆဲဖြစ်ပါတယ်။

No comments: