Monday, June 13, 2011

ဒဏ်ရာရ မြန်မာစစ်သား ၃၀ ကျော် မန်မော်သို့ပို့ဆောင်

KNG

တိုက်ပွဲဖြစ်ပွားရာ ဆန်ဂန်မှ ဒဏ်ရာရ မြန်မာစစ်သား ၃၀ ကျော် မန်မော် (ဗန်းမော်)သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်လိုက်သည်ဟု သိရသည်။

မန်မော်စစ်ဆေးရုံတွင် ဒဏ်ရာရစစ်သားများနှင့် ပြည့်နေသည်။ ထို့အပြင် မန်မော်ပြည်သူ့ဆေးရုံတွင်လည်း ဒဏ်ရာရမြန်မာစစ်သား ၃၀ ခန့်ဆေးဝါးကုသခံယူနေသည်ဟု ဆေးရုံနှင့်နီးစပ်သူများဆိုသည်။

သေကြေဒဏ်ရာရ KIA စစ်သားအရေအတွက် မြန်မာစစ်သားအရေအတွက်ထက် ပိုမိုခြင်းမရှိဟု KIA အရာရှိများပြောသည်။

No comments: