နှေုာင်းလှိုင်
မိုးသည်းထန်ရွာသွန်းပြီး မြေပြိုကျမှုကြောင့် ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ကရင်နီပြည် ဖာဆောင်းမြို့နယ် မော်ချီးကျေးရွာမှ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ဆယ်ကျော်သက်အရွယ် ကလေးငယ် တစ်ဦး ဒဏ်ရာရသွားသည်။
မိုးရွာသွန်းမှုကြောင့် တောင်ကျရေနှင့် မြောပါလာသော မြေနုများထဲ၌ ခဲများပေါ်လာသည့်အတွက် ဒေသခံတို့မှ ကောက်ယူနေစဉ် တောင်ကမ်းပါးမှ မြေနုများထပ်မံ ပြိုကျလာမှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရပြီး ကလေး ၅ ယောက်မိခင် အသက် ၅၀ ကျော်အရွယ် မုဆိုးမ ဟမျိုးတူး သည် ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ်အသက် ၃၀ကျော် အမျိုးသမီးတစ်ဦးသည် မော်ချီးဆေးရုံတွင် ၄င်း၏ ဒဏ်ရာကြောင့် နောက်တစ်ရက်တွင် သေဆုံးသွားပြီး ၁၀ ရက်နေ့တွင် သဂြုင်္ိလ်လိုက်ကြသည်။
“ကျန်တဲ့တစ်ယောက်ကတော့ မော်ချီးဆေးရုံမှာ သူ့ဒဏ်ရာကြောင့် နောက်ရက်မှာ သေဆုံးသွားတယ်။ ကျန်နေခဲ့တဲ့ အဖော်တွေကတော့ တစ်ယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်” ဟု ကရင်နီအမှတ် ၂ ခရိုင် အုပ်ချုပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြေပြိုကျချိန်တွင် ခဲကောက်သူ ၁၀ ဦးခန့်ရှိသည်ဟု ဆိုသည်။
အလားတူ မြေပြိုမှုသည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် တစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်များ ပျက်စီးဆုံးရှုံးခဲ့သည်။ သို့သော်ယခုကဲ့သို့ လူအသေအပျောက် မရှိခဲ့ပါ။
မော်ချီးဒေသ လိုခါးလိုရွာနားမှ ခဲကျင်းတစ်ကျင်းဖြစ်သော ကျင်းအမှတ် ၃ သည်လည်း ယခင်နှစ်ကတည်းက မိုးရာသီရောက်ရှိတိုင်း မြေများ တစိပ်စိပ် ပြိုကျသည်ဟု သိရသည်။
“မကြာခင်မှာ မိုးသည်းထန်ရွာရင်တော့ လုံးဝ ပြိုကျမယ့် လက္ခဏာတွေ တွေ့နေရတယ်” ဟု လိုခါးလိုမှ ရွာသားတစ်ဦးက ပြောပါသည်။
No comments:
Post a Comment