Thursday, September 22, 2011

ဝ ​ဒေသသို့​ အစိုး​ရဝန်ထမ်း​များ​ ပြန်​ရောက်​ရေး​ ​ဆွေး​နွေး​နေပြီ

ဒီဗွီဘီ

ဝတပ်ဖွဲ့​နဲ့​ အစိုး​ရစစ်တပ်အကြား​ နယ်ခြား​စောင့်​တပ်အသွင်​ပြောင်း​ရေး​ကိစ္စ အ​ခြေအ​နေ တင်း​မာမှု​ကြောင့်​ ၀ ထိန်း​ချုပ်နယ်​မြေထဲက​နေ တနှစ်​ကျော် ဌာ​နေပြန်သွား​ခဲ့​ရတဲ့​ အစိုး​ရ ဝန်ထမ်း​တွေ မကြာမီ ပြန်​ရောက်လာ​တော့​မယ်လို့​ ဝအဖွဲ့​တာဝန်ရှိက ​ပြောကြား​ပါတယ်။

အစိုး​ရဘက်က ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​ ​ကော်မတီဥက္ကဋ္ဌ ဦး​သိန်း​ ​ဇော်နဲ့​ ဝပြည်​သွေး​စည်း​ညီညွတ်​ရေး​တပ်မ​တော် (ယူဒဗလျူအက်စ်​အေ) ဘက်က ကိုယ် စား​လှယ်​တွေ ကျိုင်း​တုံမြို့​မှာ ဒီလ ၆ ရက်တုန်း​က ငြိမ်း​ချမ်း​ရေး​ကိစ္စ ​ဆွေး​နွေး​ပြီး​နောက် သ​ဘောတူညီချက်​တွေထဲမှာ ဝန်ထမ်း​တွေပြန်လာ​ရေး​လည်း​ ပါဝင်တယ်လို့​ ယူဒဗလျူ အက်စ်​အေ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​အောင်မြင့်​က ​ပြောပါတယ်။

နှစ်ဘက်သ​ဘောတူချက်ထဲမှာ နှစ်ဘက်ပစ်ခတ်မှု မရှိဖို့​၊​ ဆက်ဆံ​ရေး​ရုံး​တွေ ပြန်ဖွင့်​ဖို့​၊​ နယ်​မြေဖွံ့​ဖြိုး​ရေး​ ပူး​ပေါင်း​ဆောင်ရွက်ဖို့​တို့​ ပါဝင်ပြီး​ ကျန်း​မာ​ရေး​၊​ ပညာ​ရေး​ စတဲ့​ဝန်ထမ်း​တွေ ပြန်လာဖို့​ကိစ္စကို​တော့​ အစိုး​ရဘက်နဲ့​ ​နောက်တကြိမ် ထပ်မံ​တွေ့​ဆုံရင် ဆက်ပြီး​ဆွေး​နွေး​သွား​မယ်လို့​ ဦး​အောင်မြင့်​က ​ပြောပါတယ်။

“မူအား​ဖြင့်​ သ​ဘောတူထား​ကြတာ၊​ နဂိုအတိုင်း​ ဆက်သွယ်​ရေး​တွေ၊​ စီး​ပွား​ကုန် သွယ် အတက်အဆင်း​တွေ၊​ ပြည်သူလူထုအတက်အဆင်း​တွေ၊​ အသွား​အလာ​တွေ အား​လုံး​ကို ငြိမ်း​ချမ်း​ရေး​ယူထား​တဲ့​ နှစ် ၂၀ အတွင်း​ မူလအတိုင်း​ပြန်ဖြစ်​အောင် ​ဆွေး​နွေး​ ထား​ပြီး​သား​ပါ။ ဒုတိယအကြိမ်​ဆွေး​နွေး​ပြီး​တော့​မှ လာမှာပါ။ ရက်ချိန်း​သတ်မှတ်မှု မရှိ​သေး​ပါဘူး​။”

အထူး​ဒေသ ၂ လို့​ ​ခေါ်တဲ့​ ၀ ​ဒေသ ဟိုပန်၊​ မိုင်း​မော၊​ ပန်ဝိုင်၊​ နား​ဖန်း​၊​ မက်မန်း​၊​ ပန်ဆန်း​ စတဲ့​မြို့​နယ်​တွေမှာ အစိုး​ရရဲ့​ နတလ (နယ်စပ်​ဒေသတိုင်း​ရင်း​သား​လူမျိုး​များ​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဝန်ကြီး​ဌာန) က ​စေလွှတ်တဲ့​ ကျန်း​မာ​ရေး​၊​ ပညာ​ရေး​၊​ သစ်​တော၊​ တိရစ္ဆာန်​မွေး​မြူ​ရေး​နဲ့​ ​ဆေး​ကုသ​ရေး​ဝန်ထမ်း​တွေ စုစု​ပေါင်း​ ၁၀၀ ​ကျော် ရှိခဲ့​ပါတယ်။

အစိုး​ရက ကမ်း​လှမ်း​တဲ့​ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ရေး​ကို ၀ အဖွဲ့​က လက်မခံတဲ့​အတွက် နှစ်ဘက် အ​ခြေအ​နေတင်း​မာပြီး​နောက် ဝန်ထမ်း​တွေကို အစိုး​ရက မနှစ်က ဧပြီလမှာ ပြန်လည်​ခေါ်​ဆောင်သွား​ပါတယ်။ အစိုး​ရဝန်ထမ်း​မဟုတ်တဲ့​ အန်ဂျီအို ​တွေလည်း​ ပြန်သွား​ခဲ့​ပါတယ်။

ဝန်ထမ်း​တွေ ပြန်လာနိုင်ရင်​တော့​ ​ဒေသဖွံ့​ဖြိုး​ရေး​ ပိုမိုလုပ်​ဆောင်နိုင်မယ်လို့​ ဦး​အောင်မြင့်​က ​ပြောပါတယ်။

“လာရင်​တော့​ ပို​ကောင်း​မှာ​ပေါ့​။ လာဖို့​တော့​ ​မျှော်လင့်​ပါတယ်။ ​ဆေး​ရုံက ဆရာမ၊​ ဆရာဝန်​တွေ၊​ ​ကျောင်း​ဆရာမ​တွေ၊​ ​ကျောင်း​ဆရာ​တွေ​ပေါ့​။”

စစ်သည်အင်အား​ ၃၀,၀၀၀ ​လောက်ရှိတဲ့​ ရှမ်း​ပြည်နယ်​မြောက်ပိုင်း​ ပန်ဆန်း​အ​ခြေစိုက် ဝပြည်​သွေး​စည်း​ညီညွတ်​ရေး​ပါတီဟာ အစိုး​ရနဲ့​ ၁၉၈၉ ခုနှစ်က အပစ်ခတ်ရပ်ဖို့​ သ​ဘောတူခဲ့​ပါတယ်။

No comments: