Monday, October 29, 2012

ရခိုင် ဆူပူ အကြမ်းဖက်မူ နိုင်ငံခြားမှ အဖွဲ့တချို့ နောက်ကွယ်မှ ကြိုးကိုင်ဟု ALD ပြော

နိရဉ္စရာ

ရခိုင်ပြည်နယ် အတွင်း ဒုတိယ အကြိမ် တကျော့ပြန် ဖြစ်ပေါ်နေသော ဆူပူ အကြမ်းဖက်မူကို နိုင်ငံခြား အဖွဲ့အစည်းတချို့မှ နောက် ကွယ်က ကြိုးကိုင် လူပ်ရှားခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) က သူ၏ ကျေညာချက်ထဲ မှတဆင့် ထုတ်ဖေါ် စွပ်စွဲ ပြောကြား လိုက် သည်။

“ အဓိက ရည်ရွယ်တာက လက်ရှိ အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ALD က ကျေညာချက် ထုတ်ပြန်ရတာက အခု ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာမှာ ပြည်ပ အဖွဲ့အစည်းတွေက နောက်က အားပေး အားမြောက် ပြုနေတယ်လို့ ယူဆတဲ့ အတွက် အခုလို ကျေ ညာ ချက် ထုတ်ပြန်ရတာပါ”ဟု အတွင်းရေးမှူး ဦးမျိုးကျော်က ဆိုသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ALD ၏ ကျေညာချက် တွင် အချက် (၆) ချက်ပါရှိပြီး ထိုအထဲမှ နံပတ် (၃) အပိုဒ် တွင် ရခိုင်ပြည်နယ်တွင် စတင် ဖြစ်ပွားရသည့် ဖြစ်စဉ်များကို ကြည့်ခြင်းဖြင့် ပဋိပက္ခများ ဖြစ်ပွားလာရခြင်းမှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂကြောင့် ဖြစ်သည်ဟု ယုံကြည်ရန် အကြောင်း ရှိနေသည်ဟု ပါရှိသည်။

မည်သည့်အတွက်ကြောင့် ယခုလို ယုံကြည်ရန် အကြောင်းရှိနေပါ သလဲဟု ဆက်လက် မေးမြန်းရာ ဦးမျိုးကျော်က ယခုလို ဆက်ပြော သည်။

“ ဘာအတွက်လည်းဆိုတော့ ကျွန်တော်တို့ အခု ဖြစ်သွားတဲ့ ဖြစ်စဉ်တွေကို ပြန်လည် သုံးသပ် ကြည့် ရင် ဖြစ်စဉ်တွေဟာ တူညီနေတာကို တွေ့ရတယ်။ မြေပုံနဲ့ ကျောက်ဖြူမြို့ ဖြစ်စဉ်တွေဟာ အချိန်ကိုက် တိုင်းပင်ကိုက် လူပ်ရှား လာတာတွေ ဖြစ်ပါတယ်။ နောက်တစ်ခါ အို အိုင်စီ မ၀င်ဆိုတာနဲ့ ပိတ်လိုက် တယ်ဆိုတာနဲ့ ဆက်စပ်ဖြစ်လာတဲ့ အတွက် ဒါဟာ ပယော ဂ ပါလာတယ်ဆိုတာကို တွက်ချက်လို့ ရတယ်။ ဒါ ကြောင့် ကျွန်တော်တို့က ဒါတွေကို မပြုလုပ်ကြဖို့ တိုက်တွန်းတာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

ယခုကဲ့သို့ ပြည်ပ အဖွဲ့အစည်းများ၏ နောက်ကွယ်က ကြိုးကိုင် ဆောင်ရွက်နေမူကြောင့် ယခု ဖြစ်ပေါ်နေသော ပဋိပက္ခမှာ တခြားနေ ရာဒေ သများသို့ပါ ပိုမိုကျယ်ပြန့်လာမည်ကို စိုးရိမ်ကြောင်း သူက ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ် အများအပြားတွင် ပဋိပက္ခများ စတင်ဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ ဘင်္ဂလီများက မိမိတို့နေအိမ်ကို မိမိ ကိုယ် တိုင်စတင် မီးရှို့ခြင်း၊ ရခိုင်လူမျိုးများ၏ နေအိမ်များကိုလည်း ၎င်းတို့က စတင် မီးရှို့မူများကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းကို တွေ့ရ သည်ဟု ကျေညာချက်တွင် ဖေါ်ပြသည်။

၎င်းပြင် ကျေညာချက်ထဲတွင် မြန်မာနိုင်ငံသည် ယခုအခါ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရန် ပြုပြင် ပြောင်းလဲမူများ ပြုလုပ်နေသည့် အချိန် ကာလ ဖြစ်ရာ ဤပဋိပက္ခ ပိုကျယ်ပြန့်လာခြင်းသည် ပြောင်းလဲမူ ဖြစ်စဉ်များအား အတားအဆီး အဟန့်အတား အနှောင့်အ ယှက်များ ကို ပိုမို ဖြစ်ပေါ်စေမည် ဖြစ်သည်ဟု ဖေါ်ပြသည်။

သို့ အတွကြောင့် ပြည်ပ နိုင်ငံခြား အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အချာအာဏာကို ထိပါးစေမည့် ပြုလုပ်မူများကို သော် ၎င်း၊ ဒီမိုကရေစီ အပြောင်းအလဲများအား ပျက်ပြားစေမည့် အားပေး လုံ့ဆော်မူများကိုသော်၎င်း သတိထား ရှောင်ရှားကြရန် တိုက် တွန်း လိုက်သည်ဟု နိဂုံးတွင် ရေးသားဖေါ်ပြသည်။

No comments: