Wednesday, October 31, 2012

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ သီတင်းကျွတ်လပြည့်နေ့တွင် လူငယ်အများစုကို ဘုရား မှာတွေ့ရ

မိုးဇော်

ဗုဒ္ဓဘာသာတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်(၀ါကျွတ်)နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လူငယ်အများစုကို ဘုရား တွင် တွေ့ရကြောင်း သတင်းရရှိသည်။

စစ်တွေမြို့၌ တည်ရှိသော လောကနန္ဒာစေတီကို ဘုရားဖူးလာသော အင်္ဂလိပ်စာ(ပထမနှစ်) အဝေးသင်ကျောင်းသား မောင်အောင်မိုး ဆန်း က ဘုရားကိုလာရသော အကြောင်းအရင်းကို အခုလိုပြောသည်။

'' ကျနော်က ဘုရားကိုလာတယ်ဆိုတာက ကျနော်က ဗုဒ္ဓဘာသာဖြစ်တယ်လေ။ ပြီးတော့ ဘုရား က အေးချမ်းမှုကိုပေးတဲ့အတွက် ကျနော်က ဘုရားကိုလာချင်တာပေါ့။ လူမျိုးတစ်မျိုးဖြစ်လာပြီဆိုရင် ဘာသာတရားဆိုတာ လိုအပ်ပါ တယ်။ ကျနော်ကတော့ ဘုရားကို အန်မတန်မှယုံ ကြည်ကိုးကွယ်တယ်။ နောက်တစ်ခုက ကျနော်တို့ မိဘသာမက ဘိုးဘွားတွေလက် ထက်ကပင် ဗုဒ္ဓဘုရားကို ယုံကြည်ကိုးကွယ်လာ ကြတယ်။ ကျနော်တို့လက်ထက်မှာလည်း မိဘဘိုးဘွားတွေရဲ့ အမွေအနှစ်တစ်ခုအဖြစ် ဆက်လက်ထိန်းသိမ်းသွားမှာပါ။ ဒီနေရာမှာတစ်ခုရှိတာက မိဘ တွေက အတင်းအဓမ္မ ယုံကြည်ကိုးကွယ်ခိုင်းလို့ ကိုးကွယ်တာမဟုတ်ဘူး နော်။ ဗုဒ္ဓဘာသာရဲ့ တကယ့်အနှစ်သာရကို သောချလေ့လာ ပြီးမှာ ယုံကြည်ကိုးကွယ်တာဖြစ်ပါတယ်။ ” ဟု ပြောသည်။

လောကနန္ဒာစေတီတော်မြတ်ပေါ်တွင် တက္ကသိုလ်ကျောင်းသားများဖြစ်သော လူငယ်အများစုကိုတွေ့ရပြီး သူတို့အထဲမှာ တစ်ချို့လူငယ် တွေ ဆိုရင် သူငယ်ချင်းအပေါင်းသင်းများနှင့်အတူ ဘုရားရင်ပြင်ပေါ်တွင် အတူဝိုင်းထိုင်ပြီး ထမင်းအတူတူစားကြ၊ လက်ဖက်သုတ် တွေ စား ကြနဲ့ စတဲ့ကြည်နူး ငြိမ်းချမ်းစရာကောင်းတဲ့ မြင်ကွင်းတွေကို တွေ့ရတဲ့အကြောင်းကိုလည်း တက္ကသိုလ်ကျောင်းသား မောင်အောင်မိုး ဆန်းက ဆက် ပြောသည်။

ယခုခေတ်တွင် အရင်ကခေတ်နှင့်မတူဘဲ လူငယ်များကို ဘုရားပေါ်မှာတွေ့မြင်ရပြီး အလှူအတန်းဆိုရင်လည်း လက်မနှေးကြဘဲ လှူ ဒါန်း လာကြသည်။ ၀ါတွင်းတုန်းကဆိုရင်လည်း ဥပုပ်သည်တွေကို ဆွမ်းကျွေးတဲ့နေရာမှာ လူငယ်အများစုဖြစ်သည်ကို တွေ့ရသည်။

No comments: