Sunday, October 28, 2012

ဈေးသည်တွေရဲ့ ကုလားထိုင် စားပွဲများကို စည်ပင်မှ သိမ်းယူ

ကူးဒူ

လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး အတွင်းတွင် ဈေးဆိုင်ခန်းများရှေ့ ၌ ကုန်ပစ္စည်းများတင်ရောင်ဖို့ ချထားတဲ့ ကုလားထိုင် စားပွဲများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အလုပ်သမားများနှင့် ခိုင်းစေပြီး လာရောက်သိမ်းဆည်းခြင်းများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သိမ်းယူပြီး တလုံးလျှင် ကျပ်ငွေ သုံးထောင်ဖြင့် ပြန်လာရွေးခိုင်းတယ်လို့ သီရိမင်္ဂလာဈေးမှ ဈေးသည်အမျိုးသမီးတဦးက ပြောပါတယ်။

၎င်းက “ကိုယ့်ရဲ့မြောင်းဧရိယာအတွင်းမှာ စည်ပင်ခွန်ဆောင်ထားတဲ့အတွက် နေ့ခင်းဆိုဒီခုံတွေနဲ့ ပစ္စည်းတင်ရောင်းတယ်။ ညဆိုပစ္စည်း သိမ်းတယ်။ ဒါပေမယ့် အဲဒီခုံကို သူတို့က အဓမ္မသိမ်း ဆည်းပြီးတော့ ညဆယ် နာရီလောက်မှာ သိမ်းတယ် အဲဒီမှာ အမှုဆောင် အရာရှိ အဖွဲ့တို့ကနေပြီး အလုပ် သမားတွေကို ခေါ်ပြီးခိုင်းတယ်။ ဒီဆိုင်ကခုံတွေမ ဟိုဘက်ဆိုင်ကခုံကို မမ နဲ့ဆိုအဲလိုတွေပြော ပြီးမှ တတန်း လုံးသိမ်း ပြီးမှ မနက်ခင်းဆိုရင် သူတို့ မ သွားခက ၁ထောင်ကျတယ် ကိုယ့်အိမ်ကိုပြန်သယ်ခက ၁ ထောင်ကျတယ်။ အလုပ်သမားခက ၁ ထောင်ကျ တယ်။ အိမ်ကိုပဲ သယ်ပြန်ရတယ် ဒီဆိုင်ရှေ့မှာ လုံးဝ ချထားခွင့်မရှိဘူး” လို့ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဆိုင်ရှေ့မှ ပစ္စည်းတင်ခုံတွေ သိမ်းယူခြင်းကိစ္စနဲ့ပတ်သက်ပြီး ဈေးသည်တွေ မကျေမနပ်ဖြစ်နေကြသဖြင့် ပြည်နယ်အစိုးရဝန်ကြီးချုပ်ထံ စာရေး တင်ပြထားကြတယ်လို့ ပြောပါတယ်။

ဈေးသည်တဦးဖြစ်တဲ့ ဒေါ်စန္ဒဝင်းက "အမိန့်ကြော်ငြာစာကို ၁၁ ရက်မှ ၁၄ ရက်နေ့အထိဆိုတဲ့ ပုံစ မျိုးနဲ့ ၁၉ ရက်နေ့မှာ အမိန့်ကြော်ငြာ စာကို ဒီနားက မီတာဘောင် ပေါ်မှာ လာကပ်တယ်. အဲဒီအချိန်မှာ ဈေးသူဈေးသားတွေက အပေါ် ကိုသွားတိုင်တဲ့အခါမှ အမိန့်ကြော်ငြာ စာ အမှတ် ၂၆ အပိုင်း ၅ ဆိုပြီး စည်းကမ်းအရ အမိန့်ကြော်ငြာစာကိုပဲ ထုတ်နိုင်တယ်. ၂၀၁၁ ၊၂၀၁၂ စည်ပင် ဥပဒေဆိုတာ မထွက်လာ နိုင်တာ ကယား ပြည်နယ်တခုပဲ ကျန်ပါတော့တယ် တခြားပြည်နယ်တွေမှာက အကုန်ထွက်ပြီး ပါပြီ" လို့ ပြောပါတယ်။

မြို့နယ်စည်ပင် အဖွဲ့တွေက ဈေး မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ် နိုင်ဖို့အတွက် ဆိုပြီး ဒေသခံတွေကို ကြိုတင် အသိမပေးပဲ ဈေး သည် တွေရဲ့ စာပွဲခုံတွေကို သိမ်းယူရခြင်းဖြစ်တယ်လို့ ဈေးသည်တွေကနေ ပြည်နယ်ဝန်ကြီးချုပ်ထံတိုင်းကြားပြီးမှ ယခုလို အမိန့်စာကို နောက် မှ ပြန်လည်ထုတ်ပြန် ပြောဆိုထားပါတယ်။

ဈေးသည် ဒေါ်ချိုက "ကျမတို့က အဓိက အစားသောက်တွေ ဖြစ်တဲ့ ကြက်သွန် မုန်ညင်းချည် တွေ ရောင်းနေတော့ ဘယ်လို့မှ အောက် ချ ရောင်းလို့ အဆင်ပြေမှာ မဟုတ်ပါဘူး ကျမတို့ကို အမိုးလေးရယ် အခင်းလေးနဲ့ခုံလေးတွေကို ပြန်ချ ရောင်းခွင့်ပြုပါလို့ ပြောချင်ပါတယ် နှစ် စဉ် နှစ်တိုင်းပေါ့နော် ဒီလိုမျိုးတခါမှလည်း မကြုံဖူးပါဘူး ဘယ်လူကြီးကမှလည်း ဒီလိုမျိုး ခုံတွေကို သိမ်းတာလည်း မရှိဖူးပါဘူး" လို့ ပြော ပါတယ်။

လက်ရှိ လွိုင်ကော်မြို့တွင် ယာဉ်မောင်းလိုင်စင် စစ်ဆေးမှုများ အတင်းအကြပ် ပြုလုပ်နေသဖြင့် ကျေးလက်နေပြည်သူတွေက မြို့ဘက် ကို အလာနည်းကြတဲ့အတွက် ဈေးမရောင်းရပဲ ပြုတ်သွားတာလည်း တချို့ရှိနေသလို ယခုလို ဈေးသည်တွေကို ထပ်မံလုပ်ဆောင်လာ နေတဲ့ အတွက်ကြောင့်လည်း ဈေးရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ ဒေသခံဈေးသည်တွေက အခက်အခဲတွေနဲ့ ရင်ဆိုင် နေကြ ရ တယ်လို့ သိရပါတယ်။

No comments: