Tuesday, October 30, 2012

မြန်မာအစိုးရတပ် နှင့် တိုင်းရင်းသားပူးပေါင်းတပ်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

သျှမ်းသံတော်ဆင့်/စိုင်းလုံ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့်နမ့်ခမ်းမြို့နယ် အကြား စယ်နေကျေးရွာအနီးတွင် အစိုးရတပ် နှင့် တိုင်းရင်းသား ပူးပေါင်းတပ်တို့အောက် တိုဘာလ ၂၇ ရက်ကတိုက်ပွဲဖြစ်ပွားခဲ့သည်ဟုစုံစမ်းသိရှိရသည်

ပလောင်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် ပလောင် လွတ်မြောက် ရေးတပ်မ တော် TNLA စသောပူးပေါင်းတပ်များကမူးယစ်တိုက်ဖျက်ရေးနှင့် နိုင်ငံရေးစည်းရုံးရေးဆင်း နေချိန် အစိုးရစစ်တပ်က လိုက်လံနှောင့်ယှက် သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA အတွင်းရေးမှူးမိုင်းဘုန်းကျော်ကပြောပါသည်။

“ကျနော်တို့ ပူပေါင်းတပ်တွေက တရွာဝင်တရွာထွက် နယ်လှည့် ဆွေးနွေးရေးဆင်းနေတုန်း မှာ အ စိုးရတပ်ကနောက် ကနေလိုက်လာ တော့ တိုက်ပွဲဖြစ်တော့တာဘဲ။ မနက် ၉ နာရီ ကနေ နေ့ လည် ၁း၃၀ နာရီအထိ တိုက်ပွဲဖြစ်ကြ တယ် ၊ ဒီနေ့အထိတော့အစိုးရတပ် ဘက်ကကျ နော်တို့ ရှိနေတဲ့ နေရာ မှန်း ပြီးလက်နက်ကြီး နဲ့ ပစ်နေသေးတယ် ၊ ကျနော်တို့ တပ်ကို တော့မထိ ဘူး”ဟု မိုင်းဘုန်းကျော်က ပြော ပြသည်။

ဤတိုက်ပွဲသည် အစိုးရတပ် ခမရ(၅၀၁)နှင့်ခလရ(၁၄၄)ပူးပေါင်းစစ်ကြောင်း ဖြစ်ပြီး ၊အစိုးရ ဘက် က (၈) ယောက် သေ (၁၀)ယောက် ကျော်ဒဏ်ရာရရှိနေကြောင်း၊ ဒဏ်ရာရ သူများအား ယမန်နေ့က မိုင်းဝီးဆေးရုံ မှသယ်ထုတ် သွားကြပြီဖြစ်ကြောင်း မည်သည့်နေရာသို့ ပို့ဆောင်မည်ကိုမူ မသိရသေးကြောင်း၎င်းကဆက်လက်ပြောပြသည်။

အစိုးရ တပ်ဖွဲ့များသည်ပလောင်ကိုယ်ပိုင်အုပ်ချုပ်ဒေသဖြစ်သည့်နမ့်ဆန်နှင့်မန်တုံမြို့နယ် ထဲတွင်တပ်ရင်း (၁၀) ရင်း ထက်မနည်း လှုပ် ရှား နေကြောင်း ၊နမ့်ခမ်းမြို့ နှင့် မန်တုံမြို့နယ်ရှိ ပိုက်လိုင်းလုံခြုံရေးအကြောင်းပြကာ အစိုးရကတပ် အင်အားပိုမိုတိုးချထားကြောင်း သူက ဆက် ပြီးပြောပြသည်။

မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တဖွဲ့ပြီးတဖွဲ့ အပစ်ရပ်ကာ ငြိမ်းချမ်းရေးတည် ဆောက် နေသော်လည်း တ အာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော် TNLA ကိုမူ ငြိမ်းချမ်းရေး ကမ်းလှမ်းထားခြင်း မရှိသေးဘူး ဟု အတွင်းရေးမှူး မိုင်း ဘုန်း ကျော် က ဆိုသည်။

ထို့အတူ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ဖြစ်သည့် ကေအိုင်အိုနှင့် အစိုးရတို့ ယနေ့ အောက်တို ဘာလ ၃၀ ရက် ရွှေလီ မြို့၌ တွေ့ဆုံသော်လည်း စစ်ပွဲရပ်တန့်ရေးအတွက် ဆွေးနွေးနိုင်ခြင်းမရှိဘဲ နိုင်ငံရေးအရဆက် လက်ဆွေးနွေး သွားမည်ဆိုသည့် သဘော တူညီမှုဖြင့်သာ ဆွေးနွေးပွဲပြီးဆုံးသွားခဲ့သည်။

No comments: