Sunday, October 28, 2012

သျှမ်း - ကချင်နယ်စပ်၌ ဒေသခံတစ်ဦးအားအစိုးရတပ် ပစ်သတ်

သျှမ်းသံတော်ဆင့်/စိုင်းလုံ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီး ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း ယမန်နေ့ညက အစိုးရတပ်နှင့် KIA တပ်တို့အကြားတိုက် ခိုက် ဖြစ်ပွားရာနေရာအနီး ဒေသခံတစ်ဦးအား အစိုးရတပ်ပစ်ခတ်ရာမှာတဦးသေ ဆုံးပြီး သုံးဦး ဒဏ်ရာရရှိကြောင်း ဒေသခံများ ပြောပြ ချက် အရ သိရပါသည်။

အောက်တိုဘာ ၂၆ ရက် ညနေ ၁၇း၃၀ နာရီခန့်က နမ့်ခမ်း နှင့် မူစယ်မြို့နယ်အတွင်းပြေးဆွဲနေသည့် ကျောက်တင် ကား ၅ စီးအားအ စိုးရ တပ်က ချောဆွဲသွားကြောင်း၊ အစိုးရတပ်သားအားလုံးနီးပါးအရပ်ဝတ် ဖြင့်သာဝတ်ဆင်ကြ ကြောင်း၊ နမ့်ခမ်းမြို့ဘက်မှ မန့်ဝိန်းကြီး ကျေး ရွာအုပ်စုသို့အသွား မန့်ဟီး နှင့်စွန်ခါး ကျေးရွာကြားအရောက် ကင်းလှည့် နေသည့် KIA တပ်ဖွဲ့နှင့် တိုးမိရာမှ တိုက်ခိုက်မှုဖြစ်ပွား ခဲ့ရကြောင်း ချောဆွဲခံရသည့်ကားဆရာများနှင့် နီးစပ်သည့် ဒေသခံ စိုင်းဖဟန် ကပြောပါသည်။

“မနေ့ညက အစိုးရတပ် နဲ့ ကချင်တပ်တို့ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီးမကြာခင် တရုတ်ပြည် ဘက်ကနေကျွဲ နွား ရောင်းပြီး ထော်လာ ဂျီ နဲ့ပြန်လာတဲ့ နွားကုန်သည် (၁၄) ယောက်ကို အစိုးရတပ်က ဟန့်တားစစ်ဆေးတယ်။ လေးငါး ယောက်က ကြောက်လို့ ထွက်ပြေးတော အစိုးရ တပ်က လက်နက်ကြီးနဲ့ လှမ်းထုတယ်။ တယောက်တော့ ဦးခေါင်း ထိမှန်ပြီး သေဆုံး သွားတယ်၊ ၃ ယောက်ဒဏ်ရာရတယ်” ဟု နမ့်ခမ်း ဒေ သ ခံစိုင်းအိုက်ထွန်း ကပြောပြသည်။

အဆိုပါနွားကုန်သည်အဖွဲ့သည် ကချင်ပြည်နယ် မန်စီမြို့နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စုမှရွာသားများဖြစ်ကြ၏။

သေဆုံးသူမှာ စိုင်းမြင့်ဦး အ သက်(၃၀)နှစ် ၊ ဒဏ်ရာရရှိသောသူ(၃)ဦးမှာ စိုင်းယီခမ်း၊ စိုင်းမောင်မြင့်၊ စိုင်းဆမ် တို့ဖြစ်ပါသည်။ သေဆုံးသူ ရုပ်အလောင်းအား နမ့်ခမ်းပြည့်သူဆေးရုံသို့ပို့ဆောင်ပြီး ဒဏ်ရာ ရရှိသူသုံးဦးအား မန့်ဝိန်း ကြီးရွာ ဆေးခန်းသို့ ပို့ဆောင်ထားကြောင်း စိုင်း အိုက်ထွန်းက ဆက်၍ပြောပါသည်။

ယမန်နေ့ည တညလုံး အဆိုပါဒေသဘက်မှ သေနတ်သံများကို နမ့်ခမ်းမြို့နယ်ဘက်မှ ကြားနေရကြောင်း၊ တိုက်ပွဲဖြစ်သည့် ကချင်နှင့် အစိုး ရဘက် တပ်ရင်းအမည်များလည်း မသိရသေးကြောင်း ဒေသခံများပြောပါသည်။

အစိုးရ နှင့် KIO တို့သည် ရွှေလီမြို့၌ မကြာမီတွေ့ဆုံနိုင်ရန် ပြင်ဆင်နေသော်လည်း တပ်အင်ဖြည့်တင်းမှုများကြောင့် နှစ်ဘက်တိုက်ပွဲ ဆက် တိုက်ဖြစ်ပွားလျက်ရှိနေပါသည်။

No comments: