Thursday, October 25, 2012

ကျောက်တော်မီးရှို့တိုက်ခိုက်မှု ရခိုင်(၃)ဦးနှင့် ဘင်္ဂလီ(၁)ဦးသေဆုံး

မင်းသွီး

အောက်တိုဘာလ (၂၅)ရက်နေ့ ယနေ့နံနက်(၆)နာရီတွင် ကျောက်တော်မြို့ ပိုက်သည်ရွာမှ ဘင်္ဂလီများ စတင်ဖန်တီးလိုက်သော ပဋိပက္ခ တွင် ဘင်္ဂလီ(၁)ဦးနှင့် ရခိုင်(၃)ဦးသေဆုံးပြီးအများအပြားဒဏ်ရာရရှိကြောင်းသတင်း ရရှိသည်။

ပိုက်သည်ရွာမှ ဘင်္ဂလီများ လူစုကာမီးရှို့ရန်ကြိုးပမ်းနေကြရာ ဒေသခံရ ခိုင်များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ကြချိန်တွင် စစ်တပ်မှ သေနတ် ပစ်ခတ်၍ လူစုခွဲခဲ့ကြရကြောင်း သိရှိရသည်။

" စစ်တပ်က ပစ်လိုက်လို့ ရခိုင်(၁)ယောက်၊ ဘင်္ဂလီ(၁)ယောက်သေပါ တယ်။ နောက် ရခိုင် (၂)ဦးက တော့ ဘင်္ဂလီတွေ ဓါးနဲ့ခုတ်လို့ သေဆုံး သွားတာပါ။ အခုအဲဒီရှမ်းရွာဘက်က ဒေသခံရခိုင်တွေ အများအပြား လေးကွဒဏ်ရာ၊ လှံဒဏ် ရာတွေနဲ့ ကျောက်တော်ဆေးရုံမှာ ဆေးကုသ ခံနေကြရပါတယ်၊ ကျောက်တော်တစ်မြို့လုံးကို စစ်တပ်က လုံခြုံရေးအပြည့်ချထားတာ လည်း တွေ့ရပါတယ်။ " ဟု ကျောက်တော် လူငယ် မမြတ်ဖူးဝေက ပြောသည်။

သေဆုံးသူများမှာ ဦးကျော်သိန်း အသက်-၃၇ အဘ- ဦးမောင်ဦးဖြူ၊ ဦးဇော်ဝင်း အသက်-၃၈နှစ် အဘ- ဦးမောင်ကျော်နှင့် ဦးထွန်းအောင် သာ အသက် -၄၅နှစ် ဦးမောင်သိန်းညွန့် (သေနတ်ဒဏ်ရာဖြင့်သေဆုံး)တို့ဖြစ်သည်။

ကျောက်တော်မြို့နှင့် ကျောက်တော်မြို့နယ်တစ်ဝိုက်တွင် စစ်တပ်မှ ကင်းလှည့်နေကြပြီး အခြေအနေများကို ထိန်းသိမ်းလျှက်ရှိကာ ယခု အ ချိန်တွင် ဘင်္ဂလီ-ရခိုင် နှစ်ဖက်စလုံးမှ ငြိမ်သက်နေကြောင်း သိရှိရသည်။

ဇွန်လ(၈)ရက်နေ့မှ စတင်ခဲ့သော ရခိုင်ပြည်တွင်း ပဋိပက္ခသည် ငြိမ်သက်နေခဲ့ရာ၊ အောက်တိုဘာ(၂၁)ရက်နေ့ မင်းပြားမြို့မှ စတင်ကာ ဘင်္ဂ လီ-ရခိုင်များအကြားတွင် ယခုကဲ့သို့ မီးရှို့တိုက်ခိုက်မှုများမှာ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်မြို့တို့ အထိတစ် ဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။

No comments: