Friday, October 26, 2012

ရန်ကုန်တွင် ရဟန်းသံဃာများနှင့် ရခိုင်တိုင်းရင်းသားများ အမျှဝေဆုတောင်းဆန္ဒ ထုတ်ဖော်

မင်းသွီး

အောက်တိုဘာလ (၂၅)ရက်နေ့ ယနေ့ နေ့လည်(၁)နာရီတွင် ရန်ကုန်မြို့ရှိ ရဟန်းသင်္ဃာများနှင့် ရခိုင်တိုင်းရင်းသားများက ရခိုင်ပြည် ပဋိ ပ က္ခအတွင်း အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဆုတောင်းအမျှဝေပွဲတစ်ရပ်ကို ဆူးလေဘုရား၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဆုတောင်းအမျှဝေပွဲသို့ ရဟန်းသံဃာအပါး(၂၀၀)ကျော်ခန့်နှင့် လူဦးရေ(၈၀)နီးပါးခန့် တက်ရောက်ကာ ဆူးလေဘုရားပေါ်တွင် ပဋိပက္ခ အ တွင်း ကွယ်လွန်ခဲ့ရသူများအတွက် ဆုတောင်း အမျှဝေခဲ့ကြောင်း သိရှိရသည်။

"ဦးဇင်းတို့ ရခိုင်မှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေဟာ အဓိက အစိုးရရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ ဒေသ တည်ငြိမ်မှု ထိန်းသိမ်းရေးအလွန် ညံ့ဖျင်းတဲ့ အတွက် အခုလို အသက်အိုးအိမ်ပျက်စီး၊ ဆုံးရှုံးမှုတွေဖြစ်ရတာပါ။ ပြီးတော့ တရားမ၀င်လာ ရောက်သူတွေနဲ့ ကိုယ့်တိုင်းပြည်က ရခိုင် ပြည် သူတွေကြားမှာ စစ်တပ်က ပြဿနာကို ဖြေရှင်းတဲ့အခါမှာ ကိုယ့်တိုင်းပြည်က ရခိုင်ပြည် သူတွေဘဲ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးကြရာ တာဟာ တရားနည်းလမ်းမကျတဲ့ စစ်တပ်ရဲ့လုပ်ရပ်လို့မြင်ပါတယ်။ ဒါကို ဦးဇင်းတို့က သေဆုံးသွားသူတွေအတွက် ဆုတောင်းအမျှဝေပြီး တော့ ပြဿနာတွေငြိမ်းချမ်းသွားဖို့နဲ့ စစ်တပ်အခုလို မိမိပြည်သူပြည်သားတွေကို ပစ်သတ်နေတာတွေ ရပ်တန့်ပေးဖို့ ဆန္ဒဖော် ထုတ်ရတာ ဖြစ်ပါတယ်"ဟု သံဃာတော်တစ်ပါးက မိန့်သည်။

လွှတ်တော်ထဲမှ တရားမ၀င် ဘင်္ဂလီများအား ချက်ချင်းဖယ်ရှားပေးရန်၊ တရားမ၀င် ဘင်္ဂလီများအား မြန်မာနိုင်ငံမှ မောင်းထုတ်ပေးရန်၊ စစ် တပ်မှ တိုင်းရင်းသားပြည်သူများအား ပစ်သတ်နေမှုအပေါ် ချက်ချင်းရပ်တန့်ရန်၊ ရခိုင်ပြည်သူများအား မူဆလင်အစွန်းရောက် ဘင်္ဂလီ များ အန္တရာယ်မှ ကာကွယ်ပေးရန်၊ ရခိုင်ပြည်ပြဿနာအား သမ္မတမှ စဉ်းစားဆုံးဖြတ်ပေးရန်၊ ရခိုင်ပြည်၏ပျက်စီးဆုံးရှုံးမှုသည် မြန်မာနိုင် ငံ ၏ ပျက်စီးဆုံးရှုံးမှုဖြစ်သည်၊ တရားမ၀င်ဘင်္ဂလီများနှင့် မည်သည့်နည်းနှင့်မှ အတူယှဉ်တွဲမနေလိုပါ၊ ၁၉၈၂ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပ ဒေကို အမြန်ဆုံးအကောင်အထည်ဖော်ပေးရန် စသည့်အချက် (၉)ချက်ကိုလည်း ယင်းဆုတောင်းပွဲတွင် ရခိုင်တိုင်းရင်းသားများ က တောင်း ဆိုခဲ့ကြသည်။

မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ ကျောက်ဖြူနှင့် ရသေ့တောင်တို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် ပဋိပက္ခများတွင် စစ်တပ်မှ ပစ် ခတ်မှုများကြောင့် ဒေသခံရခိုင်တိုင်းရင်းသား(၁၀)ဦးထက်မနည်းသေဆုံးခဲ့ရပြီး၊ အများအပြားဒဏ်ရာရရှိကာ မြို့နယ်အသီးသီးမှ ဆေးရုံများ တွင် ဆေးကုသခံနေရပြီး အရေးပေါ်လူနာတစ်ချို့အား ရန်ကုန်သို့ပို့ဆောင်ခဲ့ရကြောင်း ရခိုင်လူမှုအသင်းများမှ ပြောပြချက်အရ သိ ရှိရသည်။

No comments: