Monday, October 29, 2012

ဘင်္ဂလာအစိုးရမှ ဘုန်းတော်ကြီး (၁၉) ကျောင်း ကန်ဒေါ်လာ တစ်သန်းခွဲ အကုန်အ ကျခံ တည်ဆောက်မည်

နိရဉ္စရာ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှာ မီးရှို့ ဖျက်ဆီးခံလိုက်ရတဲ့ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းကို အမေရိကန် ဒေါ်လာ တစ်သန်းခွဲ တာကာအား ဖြင့် ဆိုရင် သန်း ၁၂၀ အကုန်အကျခံပြီး ပြန်လည် တည်ဆောက်ပေးမယ်လို့ ဘင်္ဂလာဒေခ်ျ့ ၀န်ကြီး ချုပ်က မနေ့က ပြောဆိုပါတယ်။

ဘင်္ဂလာဝန်ကြီးချုပ် ရှိတ်ဟာဆီနာဟာ မနေ့က ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ တွေ့ဆုံတဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ခုလို ကျေညာလိုက် တာ ဖြစ်ပါတယ်။

“ ကျောင်းတွေကို နဂိုမူလအတိုင်း ဆောက်ပေးမယ်။ အရင်ကထက်တောင် ပိုလှ နိုင်ပါတယ်။ ဆောက် လုပ်ရေး ဗိသုကာတွေကို အရင်ကျောင်းတော်တွေရဲ့ ဓါတ် ပုံတွေထဲက အတိုင်း ဒီဇိုင်းဆွဲခိုင်းပြီး တည်ဆောက် ပေးသွားမယ်” လို့လည်း ပြော ဆိုသွားပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေကို အလျှင်မြန် ပြီးစီးရေးနဲ့ လာဒ်ပေး လာဒ်ယူမူကင်းအောင် ဘင်္ဂလာဒေခ်ျ့ စစ်တပ်က တာဝန်ယူ တည် ဆောက် ပေးသွားမယ်လို့လည်း သိရပါတယ်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်က နောက်နောင် ဘင်္ဂလာဒေခ်ျ့မှာ ဒီလို အရုပ်ဆိုး အကျည်းတန်တဲ့ ဖြစ်ရပ်မျိုးတွေ မဖြစ်ပွားရအောင် လူနည်း စု တွေကို ကာကွယ်ပေးသွားမှာ ဖြစ်သလို ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ဘာသာရေး သဟဇာတ ဖြစ်မူကို မလိုလားသူတွေရဲ့ နှောင့်ယှက် တား ဆီး တာတွေကို ဆက်လက် ကာကွယ် သွားကြဖို့လည်း ဆော်သြသွားပါတယ်။ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေကလည်း အခမ်းအနားမှာ ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး အတွက် မိန်းခွန်းစကားတွေ ပြောကြားခဲ့သလို ဆုတောင်း မေတ္တာပို့မူတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံက ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါ)နဲ့ တစ်ခြားနေရာတွေမှာ အကြမ်းဖက် မီးရှို့ တိုက်ခိုက်မူကြောင့် ဘုန်းတော် ကြီး ကျောင်း ၂၀ ခန့် မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့ပါတယ်။ ဖျက်ဆီးသူ မွတ်ဆလင် အကြမ်းဖက် သမားတွေဟာ ရာနဲ့ ချီတဲ့ ရွှေဆင်း၊ငွေဆင်း ထု၊ ကြေးဆင်းထုတော်တွေလည်း လုယက် ယူငင်သွားခဲ့ပါတယ်။ ပိဋကတ်တော်တွေ၊ ရှေးဟောင်း ကျမ်းစာတွေ၊ သယ်ယူလိုရ မရတဲ့ ဗုဒ္ဓ ဆင်းထုတော်တွေလည်း မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရပါတယ်။

ခုလို ဗုဒ္ဓဘာသာ အပေါ် တိုက်ခိုက်ဖျက်ဆီးမူဟာ ဘင်္ဂလာဒေခ်ျ့မှာ အရင်က တစ်ခါမှ မရှိခဲ့ဖူးလို့လည်း သိရပါတယ်။ တိုက်ခိုက်မူဖြစ်ပွား ပြီး တဲ့ နောက်ပိုင်းမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနှံ့အပြားမှာ ဗုဒ္ဓဘာသာ၊ အစ္စလာမ် ဟိန္ဒူ ဘာသာဝင်တွေရဲ့ ကန့်ကွက် ဆန္ဒပြမူတွေ ပေါ် ပေါက်ခဲ့ ပါတယ်။

No comments: