Monday, October 29, 2012

KNPP စီးပွားရေး လုပ်ငန်းအတွက် ကုမ္ပဏီမှတ်ပုံတင် ရရှိထားပြီး

ကယားထဲ

ကရင်နီ(ကယား) ပြည်နယ်အတွင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)မှ စီးပွားရေးလုပ်ဖို့အတွက် ကုမ္ပဏီ ၂ ခုမှ တရားဝင် မှတ် ပုံတင် ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ KNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူဒယ်နီယာယ်က “KNPP အနေနဲ့ ဘာမဆို စီးပွား ရေးလုပ်ရင် တရားဝင်လုပ်ဖို့ စဉ်းစား ထား တယ်။ တခုက ကယားဌာနေ ကုမ္ပဏီ အဲဒီအောက်မှာ ထုတ်လုပ်ရေးလုပ်ငန်းနဲ့ ထုတ်လုပ်မှု အတွက် နောက် တမောထျာဆိုတာ ရှိ ပါတယ်။ အဲဒါက ထုတ်ကုန် သွင်းကုန်လုပ်ဖို့ အစီအစဉ်ရှိတယ်” လို့ ပြောပါတယ်။

ကယားဌာနေနဲ့ တမောထျာ ကုမ္ပဏီ နှစ်ခုကို မှတ်ပုံတင်ရရှိထားတာ နှစ်လရှိပြီဖြစ်ပြီး လုပ်ငန်း စတင်ဆောင်ရွက်ခြင်း မရှိသေးဘဲ လုပ် ငန်း လိုင်စင် လျှောက်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။

စီးပွားရေးလုပ်ငန်းကို မော်ချီးသတ္တုနဲ့ သံလွင်အရှေ့ဘက်မှ သစ်ဟောင်းတွေ ပြုလုပ်ဖို့ ရှိတယ်လို့ ပြောပါတယ်။

ခူဒယ်နီယာက “ရည်ရွယ်ထားတာကတော့ လက်ရှိသတ္တု မော်ချီးခဲ လုပ်ဖို့တော့ အစီအစဉ်ရှိ ပါ တယ်။ အဲဒါလျှောက်ထား တာပေါ့လေး မော် ချီးမှာ ထုတ်ကုန်တခု နောက်ပြီးတော့ သံလွင်အရှေ့ဘက်မှာ အရင်က သစ်ဟောင်းတွေ ထုတ်ဖို့ အစီအစဉ်ရှိထားတယ်။ ဒါကလည်း လျှောက် ထားတယ် ရတယ်မရဘူးဆိုတာ အတိအကျပြောလို့ မရသေးဘူး” လို့ ဆက်ပြောပါတယ်။

၁၉၉၅-၉၆ခုနှစ် ကရင်နီ(ကယား)ပြည်နယ်အတွင်း သံလွင်မြစ်ရဲ့ အရှေ့ဘက်ကမ်းရှိ သစ်တွေကို ဗမာအစိုးရနဲ့ ထိုင်းအစိုးရတို့ သဘော တူ ညီထားချက်အရ ကုမ္ပဏီတွေက နောက်ဆုံး ခုတ်လှဲထားပြီး ကျန်နေခဲ့တဲ့ သစ်တွေကို ပြန်လည်ထုတ်ယူမည်လို့ သိရပါတယ်။

သံလွင်မြစ် အရှေ့ဘက်မှာရှိတဲ့ သစ်တွေကို မြန်မာအစိုးရ ကုမ္ပဏီတွေက ၁၉၈၇ ခုနှစ်မှ ကတည်းက စတင်ခဲ့ပြီး သစ်တွေထုတ်ယူခဲ့ကြ တာ ၁၉၉၆ ခုနှစ်အထိဖြစ်ပါတယ်။ KNPP အနေနဲ့ စီးပွားရေးအကျိုး အမြတ်တွေကို လူထုနဲ့ အဖွဲ့အစည်း တဝက်စီ သတ်မှတ်ထားတဲ့ ပေါ်လစီ တွေ တိတိကျကျ ရှိထားပြီး အဲဒီပေါ်လစီတွေ အတည်ပြုပြီးရင် ပြည်သူတွေကို ချပြပေးဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

No comments: