Friday, October 26, 2012

ကျောက်ဖြူမှထွက်ပြေး စက်လှေ(၄၀)စီး မောင်တောမြို့နယ်သို့ ဆိုက်ရောက်

သဇင်ဥ

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ပြီး စက်လှေ(၄၀)စီးခန့်ဖြင့် ထွက်ပြေး တိမ်း ရှောက်သွားသော ရာပေါင်း များစွာသော ဘင်္ဂလီမူဆလင်များမှာ ယမန်နေ့ညဥ့်တွင် မောင်တောမြို့နယ်သို့ ဆိုက် ရောက်သွား ခဲ့ ကြောင်း သတင်းရရှိသည်။

မောင်တောမြို့နယ်၊ အလယ်သံကျော်နယ်မြေ ကျောက်ပန်းတူနယ်မြေ တွင် သက်ဆိုင်ရာမှ ယင်းတို့အား စခန်းဖွင့်လက်ခံနေကြောင်းနှင့် မောင် တောမြို့နယ်နှင့် မျက်နှာချင်းဆိုင်တည်ရှိသော ဘင်္ဂလာဘက်ခြမ်း တာခ် နာမြို့နယ်သို့ ယင်းစက်လှေတစ်ချို့ ထပ်မံထွက်ပြေး သွားရောက်နိုင် ကြောင်း နယ်စပ်မှ သတင်းများထွက်ပေါ်လာနေသည်။

မောင်တောမြို့နယ်၊ ကျောက်ပန်းတူနယ်မြေတွင် ရခိုင်ကျေးရွာ အိမ်ခြေမှာ(၇၀)ကျော်ခန့်သာရှိ၍ ဘင်္ဂလီရွာများမှာ(၃)ရွာခန့်ရှိပြီး အိမ်ခြေ မှာ(၁၀၀၀)ကျော်ခန့်ရှိသည်ဟု သိရသည်။ ယခု ဒုက္ခသည်စခန်းချမည့် ရွာအမည်မှာ သင်္ဘောကွေ့ရွာဟုသိရပြီး မောင်တောမြို့မှ (၅)မိုင်ခန့်၊ ကျောက်ပန်းတူ ရွာမှ နာရီဝက်ခန့်သာဝေးသည်ဟု သိရသည်။

ယခုအခါ ရခိုင်ပြည်နယ် လ၀က၊ ရဲ၊ လုံထိန်းတာဝန်ရှိ တစ်ချို့အနေဖြင့် ယနေ့မနက်(၅)နာရီချိန်တွင် ယင်းကျောက်ပန်းတူသို့ သွား ရောက်ပြီး ဘင်္ဂလီမူဆလင်များအား လက်ခံနေရာချပေးမှုများ ပြုလုပ်နေကြောင်း ပြည်တွင်းမှ သတင်းပေးပို့ချက်အရ သိရှိရသည်။

မောင်တောမြို့နယ်တွင်ဒုက္ခသည်စခန်းဖွင့်ရန်ရောက်ရှိလာပုံကိုကျောက်ပန်းတူရွာမှဒေသခံအ မျိုးသမီးအားမေးမြန်းရာ " ကျမတို့ရွာ ကျောက် ပန်းတူရွာ (နတလရွာ)လို့ ခေါ်ပြီးတော့ ဘင်္ဂလီရွာကိုကျတော့ ကျောက်ပန်းတူ ဘင်္ဂလီ ရွာလို့ခေါ်ပါတယ်။ ဒီနေ့ နံနက် (၉)နာရီကျော်လောက် မှာ မောင်တောကွပ်ကဲရေးမှူး၊ နစက၊ နဝတ၊ လဝကနှင့် နိုင်ငံခြားဧည့်သည်များ(၄၀)ကျော်က သင်္ဘောကွေ့ရွာမှာ ဘင်္ဂလီတွေအတွက် ဒုက္ခ သည်စခန်း ဖွင့်ပေးဖို့ နေရာကိုကြည့်ရန် ရောက်လာကြပါတယ်။ အဲဒါကို ရွာသူရွာသားတွေကကြားတော့ ရွာဦး ကျောင်းနှင့် စခန်းက စောင့် နေပြီးတော့ စခန်းကိုမဖွင့်ဖို့ ကန့်ကွက်ဆန္ဒပြကြပါတယ်။ မောင်တော ကွပ်ကဲရေးမှူးကတော့ ဘာမှ စိတ်မပူ ကြ ဖို့နှင့် အားလုံးကိုသူတာဝန် ယူပါတယ်လို့ ပြောပါတယ်။ သင်္ဘောကွေ့ရွာက ပင်လယ်နဲ့ ပင် လယ်ကမ်းခြေနီးပြီးတော့ မောင်တော ကားလမ်းအောက်မှာ ရှိတာပါ။ အခု အဲဒီရွာမှာ ပြေးလာကြတဲ့ ဘင်္ဂလီတွေကို ဒုက္ခသည်စခန်းမှာ ထားပြီးသွားလျှင် တစ်ခုခုဖြစ်မှာကို ရွာ သူရွာသားတွေက အရမ်းစိုးရိမ် နေကြ ပါ တယ်။ " ဟု ပြောပြသည်။

မောင်တောမြို့နယ်၊ ကျောက်ပန်းတူရွာနှင့် အနီးနားတွင်ရှိသော ဘင်္ဂရွာမှ ရွာသူရွာသားများသည်အေးအေးချမ်းချမ်းနဲ့နေထိုင်နေကြ ကြောင်း၊ အခု ထွက်ပြေးလာကြသော ဘင်္ဂလီမျာအတွက် သင်္ဘောဆိပ်ကွေ့တွင် ဒုက္ခသည်စခန်းဖွင့်ပြီးသွားလျှင် ဆူပူမှုများဖြစ်လာမည် ကို ရွာသူရွာ သားများ စိုးရိမ်နေကြောင်း၊ ဒုက္ခသည်စခန်းထားမည်၊ မထားမည်ကို သေချာစွာ မသိရှိရသေးကြောင်း မောင်တောဒေသခံ အမျိုးသီးတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

No comments: