Sunday, October 28, 2012

ကျောက်တော်မြို့နယ်တွင် စစ်တပ်မှ ပစ်ခတ်သောကြောင့် ရခိုင်(၈)ဦး သေဆုံး

ခိုင်ခိုင်

ကျောက်တော်မြို့နယ်တွင် အောက်တိုဘာလ(၂၆)ရက် မနက် (၇)နာရီခွဲကတည်းက စစ်တပ်မှ ရခိုင်များကို ပစ်ခတ်နေခြင်းမှာ ဆက် တိုက် ဖြစ်နေခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့နယ် ပဋိပက္ခအတွင်း လုံခြုံရေးတာဝန်ယူထားသူမှာ စ.က.ခ မှ စိုးဝင်းအောင်ဖြစ်ပြီး ၄င်းတို့အဖွဲ့သည် ဘင်္ဂလီရွာနှင့် ရ ခိုင် ရွာကြားတွင်ရှိသော လမ်းမှနေ၍ ရခိုင်များကို ပစ်ခတ်နေကြောင်း သိရှိရသည်။

ကျောက်တော်မြို့မှ ဒေသခံတစ်ဦးက " မနေ့က ည (၇)နာရီခွဲအချိန်ကတည်းကပစ်နေတာဒီနေ့အထိမရပ်သေးပါဘူး။စစ်တပ်တွေကလည်း ဈေးသွားဝယ်နေတဲ့ လှေ၊ သမ္ဗာန်တွေကိုလိုက်ပြီး ပစ်ခတ်နေပါတယ်။ အခုလည်း စစ်တပ် ကပစ်လို့ ရခိုင်(၈)ယောက်သေသွားပါတယ်။ အ လောင်း (၅)လောင်းကိုတော့ ပြန်ရပါတယ်။ ကျန်တဲ့(၃)လောင်းကိုတော့ ပြန်မရသေး ပါဘူး။ အပြစ်မရှိတဲ့ ပြည်သူတွေကို စစ်တပ်က ပစ် ခတ်လိုက်တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့ရွာက ကျောက်တော်မြို့နယ်၊ ရတ နာပုံကျေးရွာအုပ်စုက တောင်ဘွယ်ကျေး ရွာဖြစ်ပါတယ်။ ညနေ(၄)နာရီကနေ (၉)နာရီ မိနစ်(၂၀)အချိန်အထိ ပစ်ခတ်နေတာကြောင့် လူ အနည်းဆုံး (၂၀)ကျော် သေကြေဒဏ်ရာ ရရှိတွေ ဖြစ်ပေါ် နေ ပါတယ်။ " ဟုပြောပြသည်။

ကျောက်တော်မြို့နယ်တွင် သေဆုံးသူဦးရေမှာ(၈)ဦးရှိပြီး အလောင်း(၅)လောင်းကို ပြန်ရခဲ့ပြီး (၃)လောင်းမှာပျောက်ဆုံးနေကြောင်း သိရှိ ရ သည်။ သေဆုံးသူများ၏ ရွာများမှာ ပြည်တော်သာမှ(၃)ယောက်၊ သဝင်ကိုင်းမှ(၁)ယောက်၊ မြောက်တောင်မှ(၄)ယောက်ဖြစ်ကြောင်း သိရှိရ သည်။

အတည်ပြု၍ မရသေးသော သတင်းများအရ ကျောက်တော်မြို့နယ်တွင် ရခိုင်(၈၀၀)ဦးခန့်ပါသောဘုတ်တစ်စီးကိုအစိုးရစစ်သားတစ် ယောက် ဖြစ်သည့် မာရမာကြီးတစ်ယောက် သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် လူ(၈)ဦး သေဆုံးသွားသည်ဟုသိရပြီး (၄၀)ဦးခန့်မှာ ပျောက် ဆုံးနေကြောင်း သိရှိရသည်။ လေးမြို့မြစ်ဖက်မှ ကျောက်တော်သို့ လာသောလှေများကိုပစ်ခတ်သည့်တပ်မှာ ခမရ(၃၇၇)မှ ဗိုလ်မှူး အောင်မျိုးထွန်းဦး ဆောင် သော အဖွဲ့ဖြစ်ကြောင်း သိရှိရသည်။

No comments: