Wednesday, October 31, 2012

လူထုမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအား ရဲမှပစ်ခတ်၊ တစ်ဦးသေ တစ်ဦး ဒဏ်ရာရ

ခိုင်ခိုင်

ယနေ့ နံနက်(၈)နာရီခန့်တွင် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်အုပ်စု၊ ရေ မျောက် ဝကျေးရွာ၌ လူထုမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုအား ရဲပစ်ခတ်မှု ကြောင့် ရခိုင်(၁)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရ ရှိသည်။

ပစ်ခတ်ရန် အမိန့်ပေးသူမှာ ကျောက်နီမော်မှ စခန်းမှူး သန်းတင့်ဖြစ်ပြီး ပစ် ခတ်သူမှာ ရဲစခန်းမှ ဒုရဲအုပ်-ထွန်းအောင်ကျော်ဖြစ်ကြောင်း သိရ သည်။ စခန်းမှူး သန်းတင့်မှာ ကျောက်နီမော်သို့ တာဝန်ဖြင့်ရောက်ရှိ လာပြီး သူ၏ဇာတိမှာပေါက်တောမြို့နယ်ဇာတိ ဖြစ်သည်။ သူ့၏အစ်မ ဖြစ်သူမှာလည်း မောင်တောမြို့နယ်တွင် ဘင်္ဂလီတစ်ဦးနဲ့ အိမ်ထောင်ကျ နေကြောင်း သိရသည်။ ယခုပစ်ခတ်ခံရသူများမှာ သ ပြေ ချောင်းဇာတိ၊ ရေမျောက်ဝကျေးရွာတွင် နေထိုင်သူ အဘ ဦးကျော်ဟန်၏သား ဦးဟန်ရွှေ(၅၇)နှစ်နှင့် သပြေချောင်းကျေးရွာမှ ဦးချမ်း တင်၏သား မောင် သန်းရွှေ (၄၂)နှစ်တို့ဖြစ်ကြသည်။ ဦးဟန်ရွှေမှာ ရင်ဘတ်ကို ကျည်ဆံထုတ်ချင်းဖောက်သွားပြီး ချက်ချင်းသေဆုံး သွားပြီး မောင်သန်း ရွှေ မှာ ပေါင်တွင်ကျည်ထိပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေရာမှ ဒေသခံတစ်ဦးအား မေးမြန်းရာ " ဒီနေ့ မနက် (၈)နာရီမှာ ရေမျောက်ဝ ကျေးရွာမှ ချောင်းဝရွာနှင့်ကျောက်ထရံရွာ ကြားမှာ ရွာသူရွာသား (၂၀၀)ခန့််လောက်က လက်နက်မပါပဲနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန် ထိုင်နေကြတုန်းမှာ ရဲစခန်းက ဒုရဲအုပ်-ထွန်း အောင်ကျော်က အသိမပေးဘဲ ဘာမှမပြောပဲနဲ့ လူအုပ်ရှေ့ကို ပစ်ထည့်ခဲ့ပါတယ်။ အဲဒီမှာရှေ့ကထိုင်နေတဲ့ ဦးဟန်ရွှေရဲ့ ညာဖက် ရင် ဘတ်ကို ကျည်ဆံဝင်ပြီးတော့ နောက် ကျောကို ဖောက်ဝင်သွားပါတယ်။ ဦးသန်းရွှေမှာကတော့ ပေါင်မှာဒဏ်ရာရသွားပြီးတော့ရမ်းဗြဲဆေးရုံကိုထော် လာဂျီနဲ့ ယူသွားပါတယ်။ အခုကြားရတာကတော့ ကျောက်ဖြူဆေးရုံကနေ ရန်ကုန် မြို့ဆေးရုံကိုတောင် ပို့ရမယ်လို့ ကြားပါတယ်။ " ဟု ပြော သည်။

ဆန္ဒထုတ်ဖော်ရခြင်းနဲ့ ပတ်သက်ပြီး ဆက်လက်မေးမြန်းရာ " ကျွန်တော်တို့အနေနဲ့ ဘင်္ဂလီတွေနဲ့ အတူနေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင် တော့ ပါဘူး။ ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုကြောင့် အခု ရခိုင်ပြည်အတွင်းမှာ ဆူပူမှုတွေ ဖြစ်နေတာ ဆိုတော့ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ မလုံခြုံ တော့ပါဘူး။ ဒါကြောင့် ဘင်္ဂလီတွေကို ကျွန်တော်တို့ရွာတွေမှာ မထားဖို့အတွက် ဆန္ဒထုတ် ဖော်ရတာ ဖြစ်ပါတယ်။ ဦးဟန်ရွှေကိုတရားလက် လွတ် ပစ်ခတ်လိုက်တဲ့ ဒုရဲအုပ်-ထွန်အောင်ကျော်ကိုလည်း ဥပဒေအရ ထိထိရောက် ရောက် အရေးယူပေးဖို့ ပြည်သူ့လွှတ်တော်အမတ် ဦးဘ ရှိန်ကို တောင်းဆိုထားပါတယ်။ သူကလည်း နယ်စပ်ရေးရာဝန်ကြီးကို အ ကြောင်း ကြားထားတယ်လို့ ပြောပါတယ်။ ဦးဟန်ရွှေကို ပစ်ခတ် လိုက်ပြီးတဲ့နောက်မှာ လူထုအင်အားက (၁၀၀၀၀)ကျော်လောက် တိုး လာပါတယ်။ ညနေ(၄)နာရီခွဲလောက်မှာ စစ်တပ်ကကား(၁)စီးရောက် ရှိလာတာကြောင့် လူအုပ်ကပြန်ကွဲသွားပါတယ်။ အခု ကျောက် နီမော်ရွာမှာ ရှိတဲ့ ရခိုင်အမျိုးသမီးတွေဟာ ဘ င်္ဂလီရန်ကို ကြောက်တာကြောင့် ဟုန်းဝ၊ ထောက်ချိန်၊ မင်းသားစု စတဲ့ရွာတွေကို ထွက်ပြေး သွားကြပါတယ်။ ရွာမှာက အမျိုးသားတွေပဲ ကျန်ခဲ့ပါတယ်။" ဟု ပြောသည်။

သေဆုံးသူ ဦးဟန်ရွှေတွင် သားသမီး (၂)ယောက် ကျန်ခဲ့ပြီး ဒဏ်ရာရသူ ဦးသန်းရွှေမှာ ဒဏ်ရာပြင်းထန်သောကြောင့် ကျောက်ဖြူဆေး ရုံမှ တစ်ဆင့် ရန်ကုန်မြို့၊ ကြည့်မြင်တိုင် အရိုးအကြောအထူးကု ဆေးရုံတွင် ကုသရန်အတွက်သွားရန် လေယဉ်လက်မှတ် ဝယ်ထားပြီး ပြီ ဖြစ် ကြောင်း သိရသည်။

ယခု ရခိုင်ပြည်တွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေကို မဏ္ဍိုင်ထားပြီး ဘက်လိုက် မှုမ ရှိဘဲ ဖြေရှင်းသင့်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်း အင်အားစုများက လည်း ဝေဖန်ပြောဆိုနေကြကြောင်း သိရသည်။

No comments: