Sunday, October 28, 2012

KIO တော်လှန်ရေး ၅၂ နှစ်ပြည့်တွင် မြန်မာ အစိုးရတပ်စခန်းများသို့ လက်နက်ကြီး ပစ်ခတ်

KNG

အောက်တိုဘာ၂၅ ရက်နေ့ကျရောက်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တော်လှန်ရေး (၅၂) နှစ် ပြည့် အထိန်းအမှတ်နေ့ကို ထောက် ခံသည့်အနေဖြင့် ၎င်း၏ လက်နက်ကိုင်ဌာန ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ကချင်ပြည်နယ် မြစ်ကြီးနား-မန်မော် (ဗန်း မော်) လမ်းရှိ မြန်မာအစိုးရတပ်စခန်းများကို အမြောက်များ ပစ်ခတ်ခဲ့သည်။

မြစ်ကြီးနား-လိုင်ဇာနှင့် လိုင်ဇာ-မန်မော်ကြားရှိ မြန်မာအစိုးရတပ်စခန်းများသို့ KIA တပ်မဟာ (၅) လက်အောက် တပ်ရင်း ၁၉၊ ၂၄ နှင့် ၂၅ များမှ ၆၀ မမ အမြောက်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

အထိန်းအမှတ်နေ့ကို ထောက်ခံသည့်အနေဖြင့် ၎င်းဝန်းကျင်တွင်ရှိသော မြန်မာအစိုးရတပ်စခန်း ၈ ခုတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ စခန်းတစ်ခုတွင် ၆၀ မမ အမြောက်ဖြင့် ၃ ကြိမ်ပစ်ခဲ့ကြောင်းအရာရှိ တစ်ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

“ကျနော်တို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ post အားလုံးနီးပါးမှာ ပစ်တယ်။ သေဆုံးဒဏ်ရာရတာရှိနိုင်တယ်။ Post (စခန်း) အထဲမှာပစ်တယ်ဆို တော့။ အတိအကျတော့ မသိသေးဘူး။” ဟုဆိုသည်။

မြန်မာအစိုးရတပ်များမှလည်း ညနေပိုင်းတွင် ၁၂၀ မမ ဖြင့် မြစ်ကြီးနား-ဂန်ဒေါင်ယန်လမ်း မြန်မာအစိုးရတပ် ခလရ (၁၀၆)မှ ၆ ကြိမ်ပစ် ပြီး ဒေါ့ဖုန်းယန် ခလရ (၁၄၂) တပ်မှ ၆ ကြိမ်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း KIA အရာရှိများဆိုသည်။

ထို့အတူ မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၄ မိုင်အကွာရှိ မြန်မာအစိုးရတပ် တိန်လုံ (Ting Lung) စခန်းသို့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မ ဟာ (၅) အောက် တပ်ရင်း (၂၄)မှ ၎င်းစခန်းသို့ ၂၅ ရက် ည ၈ နာရီချိန်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ အစိုးရတပ်မှ ၁ ဦးသေဆုံး ကြောင်း ရှေ့တန်းမှ အရာရှိဆိုသည်။

“၁ မိနစ်လောက်ပစ်ပြီး ပြန်ဆုတ်သွားတယ်။ သူတို့ဘက်က ဒဏ်ရာရတာလဲများမယ်။ ကျနော်တို့ဘက်က ဘာမှမဖြစ်ဘူး။ စခန်းအတွင်း ထဲ ပစ်ပြီး ပြန်ဆုတ်လိုက်တယ်ဆိုတော့။”

၎င်းစခန်းတွင် မြန်မာအစိုးရတပ် ခမရ (၆၀၁)နှင့် (၃၈၇) စုပေါင်းတပ်များ ဖြစ်ပြီး အင်အား ၁၀၀ ကျော် ရှိကြောင်းသိရသည်။ ထိုမြန်မာ အ စိုးရတပ်သည် တပ်အတွင်းအဖွဲ့လိုက် လဖ္ဘက်ရည်သောက်နေချိန် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။

ထိုသို့မြန်မာအစိုးရတပ်မှ သေဆုံးးဒဏ်ရာရရှိမှုဖြစ်ပွားပြီး ၎င်းအစိုးရတပ်သည် ည ၁၂ နာရီချိန်ထိ အမြောက်၊ စက်လက်နက်များဖြင့် ထင် ရာစိုင်း ပစ်ခတ်နေကြောင်း အရာရှိများဆိုသည်။

မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြား လတ်တလောတိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်သည်။

No comments: