Thursday, October 25, 2012

ကျောက်ဖြူတွင် ဘင်္ဂလီများ မီးရှို့တိုက်ခိုက်မှုကြောင့် သေဆုံးမှုများရှိ

ခိုင်ခိုင်

ကျောက်ဖြူမြို့၊ မြစ်နားတန်းရပ်ကွက်နှင့် ပိုက်သည်ရပ်ကွက်တွင် ဘင်္ဂလီ များ အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုကြောင့် ရခိုင်(၂)ဦး သေဆုံး သွား ကြောင်း သတင်းရှိရသည်။

ယနေ့နေ့လည်(၁၁)နာရီကျော်တွင်လည်း ဘင်္ဂလီများသည် အဝေးပြေး ဂိတ်နားမှ ရွှေနံသာကျောင်းနှင့် မာရမာကြီးကျောင်းသို့ ဘင်္ဂလီ များ မီးရှို့ရန်သွားသဖြင့် လုံခြုံရေးနှင့် မီးသတ်ကားများ ရောက်ရှိနေကြောင်း သိရှိ ရသည်။

ကျောက်ဖြူမြို့ ပရဟိတကျောင်းဆရာတော်က " မနေ့ အခင်းဖြစ်ပွားမှုမှာ ရခိုင်(၂)ယောက်သေလို့ ဒီနေ့ပဲ မီးသင်္ဂြိင်္ိုလ်လိုက်ပါတယ်။ အခုလမ်းတွေ လည်း အကုန်လုံးပိတ်ထားပါတယ်။ တစ်ယောက်မှ ဝင်ခွင့်မပေးပါဘူး။ လုံခြုံရေးကို စစ် တပ်ကကိုင်ထားပြီးတော့ ကျောက်ဖြူမြို့တစ်ခုလုံးက တပ် ရင်း(၃)ခုဖြစ်တဲ့ ခမရ(၅၄၁၊ ၅၄၂ ၅၄၃)က တာဝန်ယူထားပါတယ်။ အိမ်မီးထဲ ပါသွားတဲ့ ဒုက္ခသည်(၂၀၀)နီးပါးခန့်ကို သာသနာ့ဗိမာန်မှာထား ရှိထားပါတယ်။

မနေ့ညတုန်းက ဘင်္ဂလီ(၇၀)ကျော်လောက် စုဝေးပြီးတော့ ရွှေနံသာကျောင်းနှင့် မာရမာကြီးကျောင်းကို မီးရှို့ရန်ကြိုစားတာ ရဲနှင့် မီးသတ် တို့ ရောက်ရှိလာလို့ တားဆီးနိုင်လိုက်ပါတယ်။ အခုလက်ရှိ အခြေအနေမှာ ခမရ စစ်တပ်အဖွဲ့ကမြို့ထဲကိုလှည့်၍ ပုဒ်မ(၁၄၄) ညမထွက် ရအမိန့်ကတော့ နံနက်(၆)နာရီ ကနေည(၆) နာရီထိ ထုတ်ပြန်ဖြစ်မယ် ထင်ပါတယ်။ "
ဟု ပြောသည်။

ဘင်္ဂလီများသည် မိမိအိမ်ကို မိမိရှို့ကာ စက်လှေ အစီး(၄၀)ခန့်ဖြင့် ထွက်ပြေးသွားပြီး ကျောက်ဖြူနှင့် ရေမိုင်(၁၀)ကျော်ခန့် အဝေးတွင် စုဝေး နေကြကြောင်း သိရှိရသည်။

No comments: