Saturday, October 27, 2012

မင်းပြား၊ မြောက်ဦးတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာသူ(၃၀၀၀)ခန့်ရှိ

မင်းသွီး

အောက်တိုဘလအတွင်း မြောက်ဦး-မင်းပြားတွင် ဖြစ်ပွားခဲ့သည် ဆူပူအ ကြမ်းဖက်မှုများကြောင့် ယခုအ ခါတွင် မီးဘေးဒုက္ခသည်နှင့် နေအိမ်စွန့်ခွာထွက်ပြေးသူပေါင်း(၃၀၀၀)ခန့်ရှိကြောင်း သတင်းရရှိသည်။

ပိုးဖြူကျွန်း၊ ကျောက်တန်းကုန်း၊ ပရိန်ကုန်း၊ မြရိပ်ကျွန်း စသည့်ကျေးရွာ များမှ ဒေသခံများသည် ပန်းမြောင်း၊ ဂုံးချွန်၊ ဆင်အုပ်ကြီး၊ ဆင် အုပ်ချေ၊ စေတီကုန်း၊ လီညှင်းတောင် စတဲ့ ကျေးရွာစုစုပေါင်း (၁၀)ရွာသို့ထွက်ပြေး ခိုလှုံ နေကြပြီး လူဦးရေ (၂၅၀၀)ခန့်ရှိမည်ဟု မြောက် ဦးမြို့ ဒုက္ခသည် ကယ် ဆယ်ရေးအဖွဲ့မှ ပြောသည်။

"အခုမြောက်ဦးမြို့ပေါ်မှာ ရတနာ့မာရ်အောင်ကျောင်း၊ အလိုတော်ပြည့် ကျောင်း၊ လက်ကောက်ဈေး ကျောင်း နဲ့ စန္ဒမုနိကျောင်းတွေမှာ မီးဘေး ဒုက္ခသည်နဲ့ နေ့အိမ်စွန့်ခွာထွက်ပြေးလာသူ(၅၀၀)ကျော်ရှိပါတယ်။ မြောက်ဦးမြို့ပေါ်ကိုလာဖို့ ခက်ခဲသွားခဲ့တဲ့ လူပေါင်း (၂၅၀၀)လောက်ဟာ အဲဒီကျေးရွာ(၁၀)ရွာမှာ ရောက်ရှိနေပါတယ်။ ထွက်ပြေးလာခဲ့တဲ့ ကျေး ရွာက(၅)ရွာပါ။ တစ်ရွာမှာ အိမ်ခြေ(၁၀၀)နဲ့ (၂၀၀)ကြားမှာရှိပါတယ်။"ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အတွင်းရေးမှူး ဦးခိုင် ပြည် စိုးက ပြောသည်။

ယင်းကျေးရွာ(၁၀)ရွာသို့ ရောက်ရှိသွားသည့် ဒုက္ခသည်များကို မြောက်ဦးမြို့သို့ ခေါ်ဆောင်ရန် ရဟန်းသင်္ဃာများနှင့် လူမှုအဖွဲ့အစည်း များမှ ကြိုးပမ်းလျှက်ရှိပြီး ဒုက္ခသည်များ စားဝတ်နေရေးအတွက် မြောက်ဦးမြို့ခံများမှ တာဝန်ယူဖြေရှင်းပေးလျှက်ရှိကြောင်း သိရှိရသည်။

"အဲဒီရွာတွေကိုရောက်သွားတဲ့လူတွေကို မြောက်ဦးမြို့ကိုခေါ်မှဖြစ်မယ်။ ဘာလို့လဲဆိုတော့ ရွာတွေအ ကုန်လုံးက ဆင်းရဲတော့ လူပေါင်း (၂၅ ၀၀)ကို ဘယ်လိုလုပ် ကူညီနိုင်မလဲ။ ကျနော်တို့ဆီကနေပြီး အဲဒီရွာတွေကို ရိက္ခာတွေသွားပို့ဖို့ကလည်း ကြားမှာ ဘင်္ဂလီရွာတွေခံနေ ပြီး လမ်းခ ရီးကမကောင်းတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ သက်ဆိုင်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး သူတို့ကို ဒီမြောက်ဦးမြို့ထဲကို ခေါ်ယူသွားရ မှာပါ။ လိုအပ်တဲ့အကူအညီတွေကိုလည်း ကျနော်တို့ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အကူညီတောင်းထားပါတယ်။" ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်နှင့်မြောက်ဦးမြို့နယ်များတွင်ဖြစ်ပွားခဲ့သည့်ဆူပူအကြမ်းဖက်မှုများ ကြောင့် အောက်တိုဘာလ(၂၄)ရက်နေ့ထိ သေဆုံးသူ(၁၂)ဦး၊ ဒဏ်ရာရရှိသူ(၅၀)ဦး၊ လူနေအိမ်(၁၉၄၈)အိမ်၊ ဘာသာရေး အဆောက်အ ဦး(၈)ခု မီး လောင်ပျက်စီးခဲ့ပြီး လူအများအပြား အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်(၁/၂၀၁၂)တွင် ဖော် ပြထားသည်။

No comments: