Tuesday, October 30, 2012

အစိုးရ မီဒီယာ ပြည်သူလူထု

ကယားထဲ

ယနေ့ တိုးတက်နေသော ခေတ်ကြီးမှာ သတင်းမီဒီယာသည် အလွန်အရေးပါလှသည်။ ကမ္ဘာ့အရှေ့၊ အနောက်၊ ရေခြားမြေခြား သတင်း ကို ရက်ပိုင်းလပိုင်းကြာမှ မဟုတ်ဘဲ၊ မိနစ်ပိုင်းအတွင်း အံ့မခန်းသိရှိနိုင်ပါသည်။

ဤကားတိုးတက်နေသော အီလက်ထရောနစ်နည်းပညာကို အခြေခံပြီး အင်တာနက်ခေတ်ပေါ်ပေါက်မှု အကျိုးရလဒ်ပင်ဖြစ်ပါသည်။

ထိုနည်းပညာအင်တာနက်ကို မည်သူတွေက အများဆုံးကိုင်သွယ်အသုံးပြုပါသလဲ? မေးခွန်းမေးသော် - သတင်းမီဒီယာသမားများသာ ဖြစ် ပါသည်။ ဒါကြောင့် မီဒီယာသမားကို အထက်ကခေါင်းစဉ် မြှားအသွားအပြန်ပုံစံအတိုင်း အကျိုးပြုနေပါသည်။

နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ လမ်းစဉ်၊ စည်းကမ်းဥပဒေကို ပြည်သူလူထုများ နားလည်သိရှိအောင် သတင်းမီဒီယာ သမားက ရေးသားဖေါ်ပြ ပေး ပါသည်။

ထိုအတူ ပြည်သူလူထု၏ သဘောဆန္ဒကို အစိုးရအကြီးအကဲသိရှိအောင် သတင်းမီဒီယာသမားက ရေးသားတင်ပြခြင်းမျိုးကို ဆောင်ရွက် ကြ ပါသည်။

ဒါကြောင့် သတင်းမီဒီယာသမားနှင့် အစိုးရ ၊ ပြည်သူနှင့် သတင်းမီဒီယာတို့သည် အပြန်အလှန်ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ နေကြပါသည်။ အကျိုးပြုနေကြပါသည်။ မီဒီယာသမားလည်း သူ၏ကျင့်ဝတ်နှင့်အညီ ရေးသားဖေါ်ပြကြရပါသည်။

သို့သော် အချို့သော နိုင်ငံတော်အကြီးအကဲ၊ ပြည်နယ်၊ တိုင်းဒေသကြီးဝန်ကြီးတို့အပြင်လူထုအချို့ကမီဒီယာသတင်းသမားကိုကြောက် ရွံ့နေကြသည်။ သတင်းမီဒီယာသမားကို လွှဲမှားသော အဆိုးမြင်ဝါဒဖြင့် ထင်မြင်ကြပါသည်။ ဝမ်းနည်းစရာကောင်းလှပါသည်။

အထူးသဖြင့် တောင်ပေါ်တိုင်းရင်းသားဒေသဖြစ်သော ပြည်နယ်တို့တွင် သတင်းမီဒီယာသမားကို မုန်းတီးကြသည်။ ရှောင်ရှား ရန်သူလို ပင် သဘောထားကြသည်။

ပြည်သူလည်း ပြည်သူအလျောက်၊ ဌာနဆိုင်ရာအကြီးအကဲမှအစ၊ ပြည်နယ်ဝန်ကြီးအဆုံး၊ ဒီလိုမျိုးဖြစ်နေပါသည်။

အမှန်ကတော့ ဒီခေတ်ဒီခါကြီးမှာ သတင်းမီဒီယာသမားကို အားကိုးပြီး အနုပညာသမား၊ စီးပွားရေးသမား၊ လုပ်ငန်းရှင်၊ ကုမ္ပဏီများက ကိုယ့်ဘဝတိုးတက်ရေး၊ အောင်မြင်ကျော်ကြားရေး၊ ကြီးပွားတိုးတက်ရေး ဖြစ်မြောက်အောင် သတင်းမီဒီယာ သမားကို အသုံးချကြပါ သည်။ အောင်လည်း အောင်မြင်ကြပါသည်။

ဒါကြောင့် ယနေ့ဒီမိုကရေစီခေတ်လျှောက်လှမ်းရာမှာ နိုင်ငံရေးကို ဦးဆောင်ဦးရွက်နေသော အကြီးအကဲများ၊ နိုင်ငံရေး ပါတီအဖွဲ့အ စည်းများ၊ ရဟန်းရှင် လူပုဂ္ဂိုလ်များအားလုံးသည် သတင်းမီဒီယာသမားများအား အကောင်းမြင်ဝါဒဖြင့် နိုင်ငံအကျိုး၊ လူမျိုးအကျိုးတိုး တက် အောင်၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်၊ အကောင်အထည်ဖေါ်ဆောင်ရာမှာ - သတင်းမီဒီယာသမားသည် မပါရင်မပြီး၊ မရှိရင် မပြီး၊ ဖြစ်တဲ့အတွက်ကြောင့် အထူးအလေးထား ပူးပေါင်းဆောင်ရွက်ကြရပါမည်ဖြစ်ကြောင်း ခံယူပါသည်။

No comments: