Saturday, October 27, 2012

ရမ်းဗြဲမြို့နယ်တွင် လုံခြုံရေးတင်းကျပ်ထားသော်လည်း မီးရှို့မှုဖြစ်ပွား

ခိုင်ခိုင်

ရမ်းဗြဲမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များတွင် အကြမ်းဖက်မှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးများနှင့် မြို့အဝင်လမ်းများကိုပိတ် ထားပြီး ရဲများစောင့်ကြည့်ထားသော်လည်း မီးရှို့မှုဖြစ်ပွားရကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လည် (၁) နာရီကျော်တွင် အမှတ် (၆)၊ ပုလုတ်တောင် ရပ်ကွက်မှ ကမန်မူဆလင်တစ်ဦးက သူ၏ ကြက်ခြံကိုမီးရှို့သောကြောင့် မီး များလောင်ကျွမ်းလျှက်ရှိနေကြောင်း သိရှိရသည်။

" စဖြစ်တာက အမှတ်(၆)၊ ပုလုတ်တောင်ရပ်ကွက်မှ လင်မယားနှစ်ယောက်ဖြစ်သူ ကမန်မူဆလင် ကိုမြင့်ထွန်း (၃၈)နှစ်ခန့်နှင့် ဇနီးဖြစ်သူ မ အေးမူတို့ဖြစ်ပါတယ်။ သူ့တို့ရဲ့ကြက်ခြံကို မီးရှို့ပြီးတော့ တစ်ခြား ရခိုင်အိမ်တွေကိုပါ မီးလောင် အောင်လို့ လုပ်တာဖြစ်ပါတယ်။ ရခိုင်တွေက သူတို့အိမ်တွေပါ မီးလောင်မှာစိုးတာနဲ့ လုံခြုံရေးဆီိမှာ ခွင့်တောင်းပြီးတော့ မီးငြိမ်းသတ်နေ ကြပါတယ်။ လောင်ကျွမ်းသွားတဲ့ ရပ်ကွက်တွေ နှင့်အိမ်တွေကတော့ အမှတ် (၂)ရပ်ကွက်မှာ ၄ အိမ်၊ အမှတ် (၅)ရပ်ကွက်မှာ (၄)အိမ်ပါ။ မီးရှို့တဲ့လင်မယားနှစ်ယောက်ကို မြို့မိ၊ မြို့ဖ၊ ရပ်မိ ရပ်ဖတွေက အရေးယူပေးဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊တပ်ရင်းမှူးတွေကို တောင်း ဆိုထားပါတယ်။ အမှတ် (၆) ရပ်ကွက်က ကမန်မူဆ လင်တွေအိမ်က (၄)အိမ်လောက်ပဲ ရှိပြီးတာ့ ရခိုင်အိမ်က များပါတယ်။ သူတို့အိမ်ကို မီးရှို့တော့ ရခိုင်အိမ်တွေကို မီးလောင်မှာစိုးရိမ်တာ ကြောင့် သူတို့အိမ်နဲ့ ကပ်နေတဲ့ ရခိုင်အိမ် (၃)အိမ်ကို ကျွန်တော်တို့ဝိုင်းပြီး တော့ ဖျက် လိုက်ပါတယ်။ကျွန်တော်ကဗုဒ္ဓဘာသာဝင်တွေဖြစ်တော့ အေးအေးချမ်းချမ်း လေး နေချင်တယ်။ ဒါပေမယ့် သူတို့က စပြီးလာရှို့တာဆို တော့ ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ပါဘူး။ အုပ်ချုပ်ရေး မှူး၊ တပ်ရင်းမှူးကို သူတို့လင်မယားကို ဥပဒေအရ အရေးယူပေးဖို့ ပြော လိုက်ရတာ ဖြစ်ပါတယ်။" ဟု ရမ်းဗြဲမြို့နယ်၊ သာယာကုန်း ရပ်ကွက်မှ ဆရာဦးကျော်လွင်က ပြောသည်။

ရမ်းဗြဲမြို့ပေါ်တွင် နောက်ထပ်အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည်ကို မြို့မိ မြို့ဖ၊ ရပ်မိ ရပ်ဖများမှာ အလွန်စိုးရိမ်လျှက်ရှိပြီး လုံခြုံရေးတပ် များ၊ တပ်ရင်းများ တိုးမြှင့်ချထားကြောင်း သိရှိရသည်။

ယနေ့(၉)နာရီကျော်ခန့်ကလည်း အောင်စည်ကုန်းရွာမှ ရမ်းဗြဲမြို့ပေါ်သို့ လာသော မောင်နေလင်းထွန်း၊ အသက်(၂၈)နှစ်အား လုံခြုံရေးမှ မြို့ပေါ်သို့ မ၀င်ရောက်ရန်တားဆီးရာတွင် ရိုက်နှက်မှုများအထိ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရမ်းဗြဲမြို့ပေါ်မှ အမျိုးသားတစ်ဦးက " ဒီနေ့ (၉)နာရီကျော်လောက်မှာ အောင်စည်ကုန်းရွာနေ မောင် နေလင်းထွန်းက မြို့ကို လာပါတယ်။ သူ က မြို့ပေါ်ကို မဝင်ရဘူးလို့ ပြောထားတာကို မသိဘူးထင်ပါတယ်။ အဲဒါကို ဂွမြို့နယ် ခမရ(၅၆၂)က သုံးပွင့်နဲ့ စစ်ဗိုလ်ကတားတာ အချေအ တင် စကားပြောရာကနေ ရိုက်နှက်မှုတွေ ဖြစ်သွားပါတယ်။ မျက်နှာမှာ ယောင်ရမ်းပြီး ရင်ညွန့်မှာလည်း စစ်ဖိနပ်နဲ့ ကန်ကျောက် လိုက်တာ ယောင်ရမ်းသွားတယ်လို့ သိရပါတယ်။ အခု ရမ်းဗြဲဆေးရုံမှာ ဆေးကုသနေပါတယ်။ အခြေအနေကတော့ စိုးရိမ်စရာ မရှိတော့ ပါဘူး။ " ဟု ပြောပြသည်။

ရမ်းဗြဲမြို့ပေါ်တွင် ဘင်္ဂလီအကြမ်းဖက်မှုများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် မြို့ပေါ်သို့ လာသည့် လမ်းများဖြစ်သည့် အောင်စည် ကုန်း၊ ကျောက်ဖြူ-ရမ်းဗြဲကားလမ်း ၊ ရမ်းသစ်ချေ-ရမ်းသစ်ကြီးကားလမ်းများကို ပိတ်ထားပြီး လုံခြုံရေးများ ချထားသော်လည်း ယခုကဲ့သို့ မီးရှို့မှု များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

No comments: