Saturday, October 27, 2012

ဘင်္ဂလီ-ရခိုင် ပဋိပက္ခတွင် ရခိုင်(၂)ဦး ထပ်မံ ဒဏ်ရာရ

ခိုင်ခိုင်

ယနေ့ နံနက်(၇)နာရီ၊ ရသေ့တောင်မြို့နယ်၊ ညောင်ပင်ကြီးရွာတွင် ရခိုင်- ဘင်္ဂလီ အဓိကရုဏ်းကြောင့် ရခိုင်(၂)ဦး ထပ်မံဒဏ်ရာရရှိကြောင်း သိရှိရသည်။

အဓိကရုဏ်းတွင် ဒဏ်ရာရသူများမှာ ဆားပြင်ကြီးရွာမှ မောင်လုံးချေ(ဘ)ဦးမဲလူ၊ အသက်(၁၉)နှစ်၊ ဘယ်ဖက်ခြေထောက်တွင် ကျည်ထိ၊ ကန်ပြင်ရပ်ကွက်မှ မောင်ဇော်ဇော်သန်း၊(ဘ)ဦးမောင်မြင့်စိန်၊ အသက် (၁၇)နှစ်မှာ ပေါင်တစ်ချောင်းလုံး ကျည်ဝင်သွားကြောင်းသိရသည်။ ရသေ့တောင်မြို့နယ် အဓိကရုဏ်းတွင် ဒဏ်ရာရသူ အားလုံးမှာ သေနတ်ဒဏ်ရာဖြင့် ဖြစ်ကြောင်းသိရသည်။

စစ်တွေဆေးရုံသို့ ရောက်ရှိလာသော လူနာနှစ်ယောက်အခြေအနေကို စစ်တွေမြို့ ဒေသခံတစ်ယောက်က " ဒီနေ့ (၃)နာရီခွဲလောက်မှာ ရသေ့တောင်မြို့နယ်မှ လူနာ(၂)ဦး ထပ်ရောက်လာပါတယ်။ ဆားပြင်ကြီးရပ် ကွက်နဲ့ ကန်ပြင်ရပ်ကွက်က မောင်လုံးချေ၊ မောင်ဇော်ဇော် သန်းတို့ ဖြစ်ပါတယ်။ ကျွန်တော်ကြားတာကတော့ ရသေ့တောင်မြို့နယ့် အဓိကရုဏ်းအတွင်းမှာ လုံခြုံရေး တာဝန်ခံယူထားတာ ခမရ (၅၃၆)က ဗိုလ်မှူး စိုးကြည်ထွန်း ဖြစ်ပြီး သူကအရင်တုန်းက ကန်ချောင်း ယာယီလုံခြုံရေးစခန်း တာဝန်ခံဖြစ်တယ်လို့ သိရပါတယ်။ အခု ဖြစ်ပွားနေတဲ့ ညောင်ပင်ကြီး အဓိကရုဏ်းမှာလည်း သူသည် စစ်တပ်အင်အား(၂၀)နဲ့ ဘင်္ဂလီ များဘက်မှ ခုံခံကာကွယ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။ " ဟု ပြောပြသည်။

မနေ့ကလည်း ညနေ(၄)နာရီတွင် ဖြစ်ပွားခဲ့သော ကျောက်တော်မြို့နယ်၊ ဒဏ်ရာရသူ(၄)ဦး ထပ်ရောက်လာကြောင်း၊ သိန်းရွှေမောင်(ဘ) ဦးအောင်စိန်ထွန်း၊ အသက်(၃၃)နှစ် ပိုက်သည်ရပ်ကွက်၊ နံရိုးကျိုးသွားပြီး သွေးကြောလည်းပိတ်သွားသဖြင့် စိုးရိမ်ရကြောင်း၊ မောင်ထွန်း ထွန်း၊ အသက်(၁၆)နှစ်၊ (ဘ) ဦးစိန်လှထွေး သာစည်အလယ်ရပ်ကွက်၊ ခြေထောက်နှစ်ဖက် ဒဏ်ရာရ၊ မောင်ထွန်းယဉ် အသက်(၁၆)နှစ်၊ (ဘ)ဦးမောင်တင်စိုး ၊ အသက်(၃၁)နှစ်၊ ရွှေပြည်ကျေးရွာ၊ ခန္ဓာကိုယ်ဘယ်ဖက်အခြမ်းတွင် ကျည်ဝင်၊ ဦးစိန်ကျား အသက်(၄၅ )နှစ်၊ (ဘ)ဦးကျော်လှဦး၊ သာစည်ကျေးရွာ ခန္ဓာကိုယ်ထဲကျည်ဝင်သွားပြီး အခင်းဖြစ်ပွားသော နေရာမှာ တောင်ဘွယ်ကျေးရွာဖြစ်ကြောင်း သိရှိရ သည်။

No comments: