Sunday, October 28, 2012

ရခိုင်ပြည်နယ် မာန်အောင်တွင်လည်း ဆန္ဒပြ

မောင်မောင်အေး ( ရခိုင် )


ဒီကနေ့ နံနက် အောကိတိုဘာ ၂၈ ရက် ၈:၀၀ နာရီတွင် မာန်အောင်မြို့ အနောက်စု ရပ်ကွက်မှ မာန်အောင်မြို့နယ် လူငယ် အဖွဲ့မှ ဦးစီးပြီး ဆန္ဒထုတ်ဖော်ပွဲကို ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် လူပေါင်း ( ၁၀၀၀ ) ကျော် ပါဝင်ခဲ့ကြကြောင်း သတင်းရရှိသည်။

အထက်ပါ ဆန္ဒထုတ်ဖော်ပွဲသည် မြန်မာ နိုင်ငံ အတွင်း OIC ရုံးလာရောက် ဖွင့်လှစ်မည်ကို ရခိုင်ပြည်သူများ သဘောမတူ လက်မခံခြင်းကို ထပ်ဆင့် ထောက်ခံသည့် အနေဖြင့် မာန်အောင်မြို့ မှ ဆန္ဒထုတ်ဖော်ပွဲကို ကျင်းပခဲ့ကြကြောင်း သိရရှိသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ဆိုင်းဘုတ်များ၊ ရခိုင်အလံများ နှင့် "OIC အလို မရှိ" ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ အောက်ပါအတိုင်း ကြွေးကြော် ခဲ့ကြသည်။




"သမ္မတကြီး၏အမျိုးသာရေးရပ်တည်ချက်အပေါ်ထောက်ခံပါသည်"

"OIC အလိုမရှိ"

"ရခိုင်ပြည်အရေးဒို့အရေး"




No comments: