Friday, October 26, 2012

ရခိုင်အရေး ပြတ်သားစွာ ဆောင်ရွက်ပေးရန် သမ္မတကို ရဟန်းတော်များ ရန်ကုန် တွင် တောင်းဆို

မင်းခိုင်မိုက် (ရန်ကုန်)

လတ်တလော ဖြစ်ပေါ်နေသော ရခိုင်အရေးနှင့် ပတ်သက်၍ ပြတ်သားစွာ အရေးယူ ဆောင်ရွက် ပေးရန် ယမန်နေ့က ရန်ကုန်တွင် ပြု လုပ် သော ဆန္ဒပြပွဲတွင် သမ္မတဦးသိန်းစိန်ကို ရဟန်းတော်များ တောင်းဆိုခဲ့ကြသည်။

ယမန်နေ့ နေ့လည် ၁နာရီ အချိန်တွင် ဆူးလေဘုရား၌ ဆုတောင်း မေတ္တာပို့ခဲ့ကြပြီးနောက် မြိ့တော်ခန်းမရှေ့တွင် ပြုလုပ်သော ငြိမ်း ချမ်း စွာဆန္ဒပြပွဲတွင် ရဟန်းတော် ၁၀၀ ခန့်က တောင်းဆိုချက် (၅) ချက်နှင့် အတူ သမ္မတကို ထိုသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

တောင်းဆိုချက်များထဲတွင် (ရခိုင်လူမျိုးများအား ဘင်္ဂလီရန်မှ ကာကွယ်ပေးပါ) (စစ်တပ်မှ တိုင်းရင်းသားလူမျိုးများအားပစ်ခတ်သတ် ဖြတ် ခြင်းကိုရပ်) ( ဘင်္ဂလီမူဆလင်များနှင့် အတူယှဉ်တွဲ (လုံးဝ) မနေလို) သမ္မတဦးသိန်းစိန်မှ ရခိုင့်အရေးကို ပြတ်သားစွာ ဆောင် ရွက်ပါ) ပါစ သည်တို့ ပါဝင်ကြောင်း သိရသည်။

ဆန္ဒပြတောင်းဆိုသူ သံဃာလူထုမှ ပိုစတာကိုယ်စီကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

“ ဦးဇင်းတို့တောင်းဆိုတာက နိုင်ငံတော်အစိုးရကနေပြီးတော့ ရခိုင်လူမျိုးတွေရဲ့ အသက် အိုးအိမ် တွေကို ချက်ချင်း ကာကွယ်ပေးပါ။ ပြီး တော့ အခုပြဿနာက ကျူးကျော်သူ ဘင်္ဂလီ မူဆလင် တွေကြောင့် ဖြစ်တဲ့အတွက် ပြည်ထောင်စု တိုင်းရင်းသားအားလုံး ဒီကိစ္စ အ ပေါ် တောင်းဆိုဖို့ လိုတယ်လို့ ဦးဇင်းတို့ မြင်တဲ့ အတွက် ခုလို ပြုလုပ်ရတာဖြစ်ပါတယ်” ဟု ဦးဆောင် ဆရာတော်မှ မိန့်ကြားသည်။

ယခု အရေးအခင်းတွင် စစ်တပ်က ပစ်ခတ်၍ ရခိုင်လူမျိုးများ သေဆုံးနေမူကြောင့် စိတ်မကောင်း ဖြစ်ရကြောင်း၊ ယခုလို ပစ်ခတ်သတ် ဖြတ် နေမူကို အမြန်ဆုံး ရပ်တန့်လိုကြောင်း ဦးဆောင် လူငယ် တစ်ဦးဖြစ်သူ ကိုစစ်ငြိမ်းက ပြောသည်။

“ ကျနော်တို့ အစိုးရကို တောင်းဆိုချင်တာက အခုချက်ချင်း အကြမ်းဖက် ဘင်္ဂလီတွေရဲ့ရန်ကို ထိ ထိ ရောက်ရောက် ကာကွယ်ပေးဖို့။ နောက် ရခိုင်တိုင်းရင်းသားတွေကို စစ်တပ်က ပစ်ခတ်နေတာကို အခု ချက်ချင်းရပ်တန့်ပေးဖို့။ နောက်ဆုံးတခုပြောချင်တာက တရားမ၀င် လာ ရောက် နေထိုင်နေတဲ့ ဘင်္ဂလီတွေကို အမြန်ဆုံး မောင်းထုတ်ပေးပါလို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

ဆန္ဒပြပွဲတွင် ရန်ကုန်ရောက် ရခိုင်လူမျိုးအများအပြားပါဝင်ပြီး တခြားတိုင်းရင်းသားလူမျိုးများလည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ဆန္ဒပြပွဲအား တစ်စုံတစ်ရာ အနှောင့်အယှက် မရှိဘဲ နေ့လည် ၂နာရီခွဲခန့်တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။

No comments: