Thursday, October 25, 2012

ရသေ့တောင် ညောင်ပင်ကြီးရွာပဋိပက္ခ (၂)ဦးသေဆုံး (၁၀)ဦးနှင့်အထက်ဒဏ်ရာရရှိ

မင်းသွီး

အောက်တိုဘာလ(၂၅)ရက် ယနေ့ နံနက်(၉)နာရီခန့်က ရသေ့တောင်မြို့နယ် ညောင်ပင်ကြီးကျေးရွာပဋိပက္ခတွင် ရခိုင် (၂)ဦးသေဆုံးပြီး (၁၀)ကျော်ခန့် ဒဏ်ရာရှိခဲ့ကြောင်း သတင်းရရှိသည်။

ညောင်ပင်ကြီးကျေးရွာ၌ ဘင်္ဂလီအင်အား တစ်ထောင်ကျော်နှင့် ဒေသခံရခိုင်(၅၀၀)ကျော်ခန့်ဖြင့် ပဋိပက္ခဖြစ်ပေါ်နေချိန်တွင် စစ်တပ်အင် အား (၁၀)ဦးခန့်မှ သေနတ်ဖြင့် ပစ်ခတ်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

သေဆုံးသူနှစ်ဦးသည် ညောင်ပင်ကြီးကျေးရွာတွင်ပင် သေဆုံးခဲ့ရပြီး၊ ဒဏ်ရာရရှိသူများအား စစ်တွေဆေးရုံသို့ ပို့ဆောင်သွားကြောင်း သိ ရှိရ သည်။

“ အခုကျနော်တို့ စစ်တွေကိုရောက်နေပါပြီ၊ အခုစစ်တွေဆေးရုံမှာ အတွင်းလူနာ (၃)ဦးနဲ့ အပြင်လူ နာ (၇)ဦးရှိပါပြီ ” ဟု ရသေ့တောင်မှ စစ် တွေ သို့ လူနာပို့ဆောင်လာသူတစ်ဦးမှပြောသည်။

ဒဏ်ရာရရှိသူများမှာ ကိုသန်းထွန်း အသက်-၂၆၊ အဘ-ဦးကျော်သန်းစိန် ဖြူချောင်းကျေးရွာ၊ ပေါင် ပေါ် သေနတ်ဒဏ်ရာရ၊ ဦးဘသန်း အ သက်-၅၃၊ အဘ-ဦးအေးမောင် ကပ်ချောင်းကျေးရွာ၊ တင်သားတွင် သေနတ်ဒဏ်ရာရ၊ ဦးမောင် ကျော်ထွန်း အသက်-၅၅၊ အဘဦးမောင်ဖြူ ကြီး ကပ်ချောင်းကျေးရွာ၊ ပေါင်ပေါ်တွင် သေနတ်ဒဏ်ရာရ၊ ဦးအောင်ဇံဝေ အသက်-၄၈ ကပ် ချောင်းကျေးရွာ၊ ဦးသိန်းလှမောင် အ သက်-၅၂၊ ဦးသိန်းကျော် အသက် - ၁၇၊ ဘ-ဦးလှထွန်းစိန် ဆားပြင်ကြီးကျေးရွာ လက်ဖံတွင် ယမ်း ထောင်းသေနတ်ဒဏ်ရာရ၊ ဦးဖြူသိန်းမောင် အ သက်-၃၅နှစ်၊ ဦးစန္ဒာအောင် လက်ခလယ်တွင် သေနတ်ဒဏ်ရာရ၊ ဆားပြင်ကြီးကျေးရွာ တို့ ဖြစ်ကြပြီး ကျန်လူများကို ဆက်လက်စုံ စမ်း လျှက်ရှိသည်။

No comments: