Tuesday, November 6, 2012

ဟတ်ယိုင်မြို့တွင် ရခိုင်လူမှုအသင်းအဖွဲ့အစည်း ၁၈ ဖွဲ့ ရခိုင်ပြည်လူမှုဖူလုံရေးအ တွက် ပူးပေါင်းဆောင်ရွက်

ခိုင်ခိုင်

အောက်တိုဘာလ(၂၈)ရက် တနင်္ဂနွေနေ့၊ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့၊ ထူးရုံး ရွှေသာလျောင်း ဘုန်းတော်ကြီးကျောင်း၌ ရခိုင် ပြည် နယ်၏ လူမှုဖူလုံရေးလုပ်ငန်းများတွင် ပါဝင်ကူညီပေးနိုင်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးပွဲတစ်ခုကို နေ့လည် (၁၂)မှ ည နေ (၄)နာရီအထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

သဘောတူ လက်မှတ်ရေးထိုးပွဲတွင် ရခိုင်လူမှုအသင်းအဖွဲ့အစည်းများ၊ နေရာဒေသ အသီးသီးမှ ရွှေ့ပြောင်း ရခိုင်အလုပ်သမားများ၊ ရခိုင် လူ မှုဝန်ထမ်းများ စသည့်အဖွဲ့များပါဝင်ပြီး ကော်မတီတစ်ခုကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

ထိုသဘောတူ လက်မှတ်ရေးထိုးပွဲသို့ ဟတ်ယိုင်မြို့၊ ဆုံခါမြို့၊ ဆုံခလာမြို့၊ ထေဖါမြို့၊ ပါသနီမြို့၊ နာရာဒေဝမြို့၊ တရြံမို့များနှင့် စက်ရုံအသီး သီး၊ နေရာဒေသအသီးသီးမှ လူမှုဝန်ထမ်းအဖွဲ့ပေါင်း (၁၈)ဖွဲ့သည် ရခိုင်ပြည်၏ အမျိုးသား ရေးလုပ်ငန်းများ၊ ကူညီစောင့်ရှောက်ရေး လုပ်ငန်း များ၊ ကာကွယ်ရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီနိုင်ရန် အတွက် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့သူ ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးအသင်း နာယက ဦးသန်းရွှေက " သဘောတူလက်မှတ်ရေး ထိုး ပွဲကို (၂၈)ရက်နေ့ တနင်္ဂနွေနေ့ နေ့လည် (၁၂)နာရီကနေ ညနေ(၄)နာရီအထိ ပြုလုပ်ခဲ့ပြီး တော့ နေရာဒေသအသီးသီးမှ လူမှုဝန်ထမ်း အဖွဲ့များ၊ စက်ရုံအသီးသီးမှ လူမှုအဖွဲ့အစည်းပေါင်း (၁၈)ဖွဲ့ တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီ မှာ ဥက္ကဌ (ကိုကျော်နိုင်)၊ အတွင်းရေးမှူး (ကိုအ ဆန်း)၊ ဘဏ္ဍာရေးမှူး (ကိုဂျပန်ကြီး)နှင့် အဖွဲ့ဝင်များပါဝင်တဲ့ ကော်မတီတစ်ခုကိုလည်း ကျွန်တော်တို့ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ကော်မတီ အဖွဲ့ဝင်တွေကတော့ စက်ရုံတစ်ရုံကို (၂)ယောက်စီ ပါဝင်ရပါတယ်။ အခုလည်း ပြည်တွင်း က ရခိုင်ဒုက္ခသည်တွေကို ကူညီနိုင်ဖို့အတွက် အလှူငွေ များကောက်ခံ နေပါတယ်။ နောက်ထပ်လည်း ထိုင်းတစ်နိုင်ငံလုံးမှာရှိတဲ့ ရခိုင် ပြည်သူများကို ကူညီပေးနိုင်ဖို့အတွက် ကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ(၁၀)ရက်နေ့ တနင်္ဂနွေနေ့မှာ တော့ ပူးပေါင်းလုပ်ဆောင်မည့် အဖွဲ့အ စည်း များနှင့် လုပ်ငန်း စဉ် များကို အသေးစိတ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။" ဟု ပြော သည်။

ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးအသင်း နာယက ဦးသန်းရွှေမှ ဆက်လက်၍ " ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်းရခိုင် သူရ ခိုင်သားတွေ၊ သက်ဆိုင်ရာ တစ်သီးပုဂ္ဂလ အဖွဲ့အစည်းတွေ၊ တာဝန်သိ တာဝန်ရှိသော ပြည်သူ လူထု ခေါင်းဆောင်တွေဟာ ဒီနေ့အချိန်မှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ စည်းလုံးခြင်းသည် အင် အား၊ ညီညွတ်ခြင်းသည် ခွန်အား ဆိုသလိုပင် အင်အားကို ခွန်အားအဖြစ် အသုံးချဖို့အတွက် နည်းလမ်းဆိုတာ ရှိမှာဖြစ်ပါတယ်။ အဲဒီ နည်းလမ်းကို ရအောင်ရှာပြီးလျှင် မိမိ တို့ ရခိုင်ပြည် အတွက်၊ မိမိတို့အမျိုးအတွက် တူညီရာကို စုစည်းပြီး ညီညီညွတ်ညွတ်နဲ့ လျှောက် လှမ်း ကြပါလို့ တိုက်တွန်းချင်ပါတယ်။ " ဟု ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့တွင် အောက်တိုဘာလ (၁၄)ရက်နေ့ကလည်း ရခိုင်လွတ်မြောက်ရေးပါတီ ဥက္ကဌ ခိုင်ရဲခိုင်နှင့် ရခိုင်ရွှေ့ပြောင်းအလုပ်သမားများနှင့် GH ပရိဘောဂ စက်ရုံတွင် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုဆွေးနွေးပွဲတွင် ပါတီ၏ရှေ့လုပ်ငန်း စဉ်များနှင့် အမျိုးသားရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်သစ်လူငယ်များအသင်း (ARKG)၊ GH (ပရိဘောဂ စက်ရုံ ရခိုင်အလုပ်သမားများ)၊ ရခိုင့်ဘုရင့်နိုင်ငံ မျိုးဆက်သစ်လူငယ်များအသင်း ARKG(ပါသနီ)၊ ရခိုင်လူမှု ဖွံ့ဖြိုးရေးအသင်း(နာရာ ဒေဝ)၊ ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးအသင်း(NUOA) တရံမြို့၊ ALP အရံထောက်ပံ့ရေး အသင်း(ထေဖာ)၊ ရခိုင်လူမှု သာ ရေးနာ ရေးအသင်း(GH)၊ ရခိုင်မျိုးဆက်သစ်လူငယ်များအသင်း(AGA)၊ ဟတ်ယိုင်မြို့၊ လေးဝတီ သွေးစည်းညီအစ်ကိုများအသင်း(ဟတ် ယိုင်)စသည်တို့မှအသင်း ခေါင်းဆောင်များ၊ အသင်းသူ/အသင်းသား (၁၀၀)ကျော်နှင့်အတူ ဟတ်ယိုင်မြို့ စက်ရုံများမှ ရခိုင်အလုပ်သမား များအသီးသီးတက် ရောက် ခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ(၂၁)ရက်နေ့ကလည်း တာဝန်ကွန်ထရေးရှင်း ဆောက်လုပ်ရေးဆိုဒ်တွင် ရခိုင်အလုပ်သမား မျိုးချစ်လူငယ်များစုပေါင်း၍ ရ ခိုင်မျိုးဆက်သစ် လူငယ်များအသင်း (AGA)ကိုဖွဲ့စည်းခဲ့ပြီး အသင်းဥက္ကဌ(အောင်နိုင်စိုး)၊ အတွင်းရေးမှူး(ကိုမြမောင်)၊ ဘဏ္ဍာရေးမှူး ( မချို မာစမ်း)နှင့် အမှုဆောင်ကော်မတီ အဖွဲ့ဝင်(၂၀)ဖြင့် ယခုလက်ရှိ ဖြစ်ပေါ်နေသည့် ရခိုင်ပြည်နှင့် ရခိုင်အမျိုးသားအတွက် တတ်နိုင်သ လောက် ကူညီထောက်ပံ့နိုင်ပေးနိုင်ရန်အတွက် ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။

No comments: