Thursday, November 8, 2012

ထိန်းသိမ်းခံ ဆိုင်ကယ်များမှ ဆိုင်ကယ်ပါပစ္စည်းအချို့ ပျက်စီး၊ ပျောက်ဆုံး

ဖဲမော့

ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်မှာ ဆိုင်ကယ်လိုင်စင်၊ နဲ့ ယာဉ်မောင်းလိုင်စင် မရှိလို့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတဲ့ ဆိုင်ကယ်တွေကို ပိုင် ရှင်တွေက ပြန်လည်ရွေးယူ လာတဲ့ အချိန်မှာ ဆိုင်ကယ်ပေါ်ရှိ ပစ္စည်းတွေအချို့ ပျက်စီး ပျောက်ဆုံးသွားတယ်လို့ သိရှိရပါတယ်။

“သူတို့ ဆိုင်ကယ်သွားရွေးတဲ့ချိန်မှာ ဆိုင်ကယ်ပျက်တာတော့.. ရှိတယ်ပေါ့နော.. ဥပမာ တချို့ဆိုင်ကယ်ဆိုရင် သူတို့သော့ပျက်သွားတာရှိ တယ်ပြီးတော့ တချို့တွေ ဆိုရင် ဆိုင်ကယ်ဓါတ်ဆီအပြည့် ထည့်ထားတဲ့ ဆိုင်ကယ်တွေဆို ရင် ဓါတ်ဆီမရှိတော့ဘူး အဲမျိုးပေါ့။ တ ချို့ဆိုရင် မောင်းပြန်ဖို့တောင်မှ ဓါတ်ဆီက မရှိတော့ဘူး အဲမျိုးဖြစ်နေတယ်လေ။ “ လို့ လွိုင်ကော် ဒေသခံတဦးက ပြောပြပေးသွား တာ ပါ။

၎င်းဆိုင်ကယ်တွေဟာ ပြည်နယ်အစိုးရအမိန့်နဲ့ ယာဉ်ထိန်းရဲတွေကနေ လွိုင်ကော်မြို့ပေါ် လိုင်စင်မဲ့ စီးနင်းသူတွေကို စစ်ဆေးတားဆီး ပြီး နောက်မှာ ဆိုင်ကယ်တွေ ကို ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန (က.ည.န)ရုံးမှာ သိမ်းဆည်းထားတာ ဖြစ်ပါ တယ်။ ထိန်းသိမ်းထားတဲ့ ဆိုင်ကယ်တွေကို ကျသင့်ငွေဖြင့် ပြန်ရွေး ရပါတယ်။

ပိုင်ရှင်တွေက မိမိဆိုင်ကယ်ကို ပြန်လည်ရွေး ယူရာမျာ ဒဏ်ကြေးငွေ အနည်းဆုံး ကျပ် ၂ သောင်းပေးဆောင် ရတဲ့ အပြင် ဆိုင်ကယ်ပေါ် ရှိ ပစ္စည်းအချို့ ပျက်စီးပျောက် ဆုံးတဲ့ အပေါ်မှာလည်း အာဏာပိုင်တွေကို မပြောဆိုရဲကြကြောင်း ဖမ်းဆီး အရေးယူခြင်းခံခဲ့ရတဲ့ လွိုင် ကော်မြို့ပေါ်မှ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ထိုကဲ့သို့ စစ်ဆေးအရေးယူတဲ့ နေရာမှာ ယာဉ်ထိန်း ရဲ တချို့က ကျေးလက်တောရွာမှ မြို့ပေါ်သို့ တက်လာတဲ့ သူတွေကို ဆိုင်ကယ်များ ညစ် ပတ်ခြင်း ၊နောက်ခြေနင်းများ ချထားခြင်းဆိုပြီး ယာဉ်စည်း မျဉ်း စည်းကမ်းအတိုင်း မဟုတ်တဲ့ အချက်တွေနဲ့ ဖမ်းဆီးအရေးယူတာ လည်း ရှိ နေတယ်လို့ လည်း သိရပါတယ်။

အခုလို လွိုင်ကော်မြို့တွင်းမှာ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်တွေနဲ့ စည်းကမ်းမဲ့ယာဉ် မောင်းနှင်မှုကို ပြီးခဲ့သည့် အောက်တို ဘာလ မှစတင်ကာ စစ်ဆေးအရေး ယူခဲ့တာ ဖြစ်ပါတယ်။

လွိုင်ကော်မြို့မှ ဒေသခံ အမျိုးသမီတဦးက “သူတို့ဘယ်ချိန်ကစဖမ်းလည်းဆို၇င်ပြီးခဲ့တဲ့လကစ ဖမ်းတယ်။ပြီးခဲ့တဲ့လမှာပဲစဖမ်းတယ်ပြီးတော့ အစမှာဆိုရင် သူတို့ အများကြီး ဖမ်းရတာပဲလေ။ ပြီးတော့နောက်ပိုင်းမှာ သူတို့လိုင်စင်တွေ ဘာတွေလုပ်ပြီးတော့ ။ ဥပမာမောင်းလိုင်စင် မရှိ တဲ့လူတွေဆို သူတို့မစစ်ဘူးပေါ့။ ဒါပေမဲ့အခု သူတို့လုပ်ပေးပြီးပြီဆိုတော့ သူတို့ပြန် စစ်နေပြီ။” လို့ ဆက်ပြောပါ တယ်။

လွိုင်ကော်မြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းသူများ အတွက် ထုတ်ပြန်ထားသော စည်းကမ်းများမှာ

၁။ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၊ မေးသိုင်းကြိုးတပ်ရမည်။

၂။ လက်ကိုင်ကို လက်နှစ်ဘက်ဖြင့်ကိုင်၍စီးရမည်။

၃။ နောက်ကြည့်မှန်တပ်ဆင်ရမည်။

၎။ အချက်ပြမီးကို မကွေ့မီ ပေ(၁၀၀) မှ ကြိုတင်ပြရမည်။

၅။ ညဘက်စီးလျှင် မျက်နှာဆိုင်မှ လာသူ မျက်စိမစူးရန် မီးအလင်းရောင် နှိမ်ပေးရမည်။

၆။ လူစီးထိုင်ခုံတွင် ၁ ဦးထက်ပိုမတင်ရ။

၇။ အ၀တ်အစားများ အန္တရာယ်ဖြစ်လောက်အောင် ပျံ့လွင့်ခြင်း မရှိရ။

၈။ စက်သံဆူညံအောင် မစီးရ။

၉။ ပစ္စည်းတင်လျှင် ထိုင်ခုံ၏နောက်သို့ ၁ပေ ဘေးသို့ ၆လက်မ စီထက်ပို၍ အစွန်းမထွက်ရ။

No comments: