Thursday, November 8, 2012

မောင်တော်မြို့နယ် နယ်မြေအမှတ်(၁)တွင် GE တပ်ဖွဲ့ဝင် (၅)ဦးတိုက်ခိုက်ခံရ

အာရ်ကန်တိုင်းမ်စ်

နိုဝင် ဘာလ(၆)ရက်နေ့ ညနေဘက်တွင် မောင်တောမြို့နယ် နယ်မြေအ မှတ်(၁)၌ လုပ်ငန်းခွင်မှ ပြန်လာသော GE တပ်ဖွဲ့ဝင်(၅)ဦးအား ခြုံခို တိုက် ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နယ်စပ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဆိုင်ကယ်ဖြင့် ပြန်လာသော စစ်မြေ ပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင် (၅)ဦးအား အမည်မသိ လက်နက် ကိုင်အုပ်စု တစ်ခုမှ ခြုံခိုတိုက်ခိုက်ခဲ့မှုကြောင့် တစ်ဦးသေပြီး (၄)ဦးဖမ်းဆီးခံသွား ခဲ့ ရကြောင်း သိရှိရသည်။

" မနေ့ညနေ(၆)နာရီကျော်က နစကနယ်မြေ(၁)ရှိ ဗန္ဓုလကျေးရွာအနီး မိုင်တိုင်အမှတ်(၅၂)မှာ GEတပ် ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပါတယ်၊ သေဆုံး သူတပ်ဖွဲ့ဝင်တစ်ဦးအလောင်းကို အခင်းဖြစ်ပွားခဲ့သည့် နေရာနားတွင်တွေ့ရှိရပြီး၊ ကျန်လေး ဦးကတော့ပျောက်ဆုံးနေပါတယ်၊ ယနေ့အခင်း ဖြစ်ပွားခဲ့ရာ အနီးအနားကိုတာဝန်ရှိသူတွေ လာရောက်စစ်ဆေးနေပါတယ်" လို့ ဗန္ဓုလကျေးရွာကရွာသားတစ်ဦးက အာရ် ကန်တိုင်းမ်စ် သို့ ပြောကြားသည်။

ယခုဖြစ်ပွားခဲ့မှုအတွက် မည်သည့်လက်နက်ကိုင်အဖွဲ့ လက်ချက်ဖြစ်သည်ကို မသိရသေးသော်လည်း အခင်းဖြစ်ပွားရာဒေသသည် RSO ခေါ် ဘင်္ဂလီအစွန်းရောက်အဖွဲ့လှုပ်ရှားနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရိုဘင်ခရိုင် နတ်ကျောက်စရီမြို့နယ်၊ လေမူစရီဒေသနှင့် ကပ် လျှက် တည်ရှိကြောင်း သိရှိရသည်။

လွန်ခဲ့သော(၁၀)နှစ်ခန့်ကလည်း မောင်တော်မြို့နယ် ကြိမ်ချောင်းရဲစခန်းအတွင်း ရဲတပ်ဖွဲ့ဝင်(၆)ဦးကို RSO ခေါ် ဘင်္ဂလီအစွမ်းရောက်အဖွဲ့က ၀င်ရောက်စီးနင်းကာ လည်ပင်းဖြတ် သတ်ဖြတ်ခဲ့မှုတစ်ရပ်ဖြစ်ပေါ်ခဲ့သည်။

No comments: