Saturday, November 17, 2012

ပြည်နယ်အမည်ပြောင်းမည်ကို ကျားဖြူက လက်ခံမည်မဟုတ်

ကော့လီ

ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီမှ အဆိုပြုဆွေးနွေးနေကြသည့် တိုင်းရင်းသား လူမျိုးစု အမည်များနဲ့ တည် ရှိနေတဲ့ ပြည်နယ်တွေကို အခြား အမည်နဲ့ အစား ထိုးမယ့် အစီအစဉ်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကလက် ခံမှာ မဟုတ် ဘူးလို့ ပါတီတာဝန်ရှိသူ တစ်ဦးက ပြောလိုက်ပါတယ်။

ဒီအစီအစဉ်ကို လက်မခံတဲ့အပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အနေနဲ့ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီနဲ့ ပူးတွဲလှုပ်ရှားခြင်း ကို ပါ ရပ်စဲလိုက် ကြောင်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မူစယ်မြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် စိုင်းဘိုးအောင် က ကော့လီကို ပြောပါတယ်။

ပြည်နယ်တွေ နာမည်ပြောင်းဖို့က ၁၉၉၃ ခု အမျိုးသားညီလာခံတုန်းကလည်း တစ်ခါဆွေးနွေးဖူးခဲ့ ကြတယ်။ ဖြစ်မလာပါဘူး။ပြည်နယ်တွေကိုနာမည် ပြောင်း ဖို့ ကျနော်တို့ လုံးဝလက်မခံပါဘူး။

ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီနဲ့ လက်တွဲဖြုတ်လိုက်ရခြင်းဟာ ဒီအချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ အခြား အကြောင်းများလည်း ရှိ သေး တယ်လို့ စိုင်းဘိုးအောင် က ပြောပါတယ်။

တစ်ခါတစ်ခါ ကျွန်တော်တို့ ပါဝင်ဆုံးဖြတ်တာ မရှိဘဲ ၁၀ ပါတီ နာမည်ကိုသုံးသွားတာမျိုးတွေ ရှိနေ တယ်။ ဥပမာ – သမ္မတကို သွားတွေ့တုန်း က သူတို့ လေးငါး ပါတီကပဲ ဆုံးဖြတ်စီစဉ်ပြီး တွေ့ခါနီးမှ ကျနော်တို့ကို အကြောင်းကြား တယ်။ အချိုးကျစနစ် (PR System) နဲ့ ပတ် သက်လို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားတွေ့တုန်းကလည်း ဒီလိုပဲ ဆက်ဆံခံရတယ်။

ပြည်နယ်များ အမည်ပြောင်းခြင်းကို လက်မခံမည်မဟုတ်ကြောင်းကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒ ရေး ရှင်း အဖွဲ့ဝင် ၆ ပါတီကနေ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

No comments: