Monday, November 19, 2012

အိုဘားမား မြန်မာ ခရီး၊ ဒေါ်စု စကားနဲ့ ဦးသိန်းစိန်ရဲ့ စာ


မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံဟာ လတ်တလော မြန်မာနိုင်ငံ ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေနဲ့ တိုက် ရိုက် ပတ်သက်နေတာမို့ ခုတလောမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေကို သတင်းစာတွေမှာ သာမက သူ့နိုင်ငံက ထုတ်လွှင့် တဲ့ ရုပ်သံလိုင်း ၂၀ ကျော်မှာ နေ့စဉ် ထုတ်လွှင့် ပြသနေတာကို တွေ့နေရပါတယ်။

ဒီအထဲမှ ဦးစားပေး ဖေါ်ပြနေတာကတော့ အမေရိကန် သမ္မတ အိုဘားမားရဲ့ မြန်မာပြည် ခရီးစဉ်၊ မြန်မာ ဒီမိုကရေစီ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အိန္ဒိယ ခရီးစဉ်အတွင်းမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တဲ့ အင်တာဗျူးနဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေှးမှူး ဘန်ကီးမွန်း ဆီကို ရေးသား ပေးပို့တဲ့ စာ အကြောင်းအရာတွေဘဲ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ခရီးစဉ် အတွင်းမှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်က လူနည်းစု နိုင်ငံမဲ့ ဘင်္ဂလီ မွတ်ဆ လင် ( သူတို့ အခေါ် ရိုဟင်ဂျာ) အရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရကို ဖိအားပေးမယ်ဆိုပြီး အကြီးအကျယ် ဘင်္ဂလာက သတင်းတွေ မှာ ဖေါ်ပြနေကြပါတယ်။

အမေရိကန် သမ္မတ အိုးဘားမားဟာ သူရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာ ရခိုင်ဒေသအတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ပတ် သက်ပြီး မြန်မာ အစိုးရနဲ့ ဆွေးနွေးသွားမှာ ဖြစ်သလို ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စ တွေကို အလေးပေး ပြောကြားမယ်လို့ ဆိုပါတယ်။

အိုအိုင်စီလို့ ခေါ်တဲ့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကလည်း ရခိုင်ပြည်နယ် အတွင်းမှာ မွတ်ဆလင် လူနည်းစုတွေကို လူ မျိုးတုန်း သတ်ဖြတ်နေတယ်လို့ စွပ်စွဲထားပြီး မြန်မာ အစိုးရကို သူရဲ့ ခရီးစဉ် အတွင်းမှာ ဖိအားပေးဖို့ အမေရိကန် သမ္မတ အိုဘားမား ကို မနေ့က တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

လက်ရှိ အိုအိုင်စီရဲ့ ယာယီဥက္ကဌ Djibouti နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး မူဟာမောက် အာလီ ယူဆော့က အမေရိကန် သမ္မတ အနေနဲ့ မြန် မာ အစိုးရကို ပြင်းပြင်းထန်ထန် သတိပေး ပြောကြားလိမ့်မယ်လို့ သူမျှော်လင့်တယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံက ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ အခု ရခိုင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို အိန္ဒိယက NDTV နဲ့အင်တာဗျူး ပေးရာမှာ ရခိုင်ပြည်နယ်မှ လူနည်းစု မွတ်ဆလင်တွေ အပေါ်မှာ ရပ်တည် ပေးတဲ့ စကားမျိုး မပြောရကောင်းလား ဆိုပြီး သောကြာနေ့က နယူးဒေလီမြို့က အမျိုးသမီး ကောလိပ်ကျောင်း တစ်ခုရှေ့မှာ ကန့်ကွက် ဆန္ဒပြပွဲ တစ်ခု ပေါ်ပေါက်ခဲ့တယ်လို့ ဘင်္ဂလာ သတင်းစာတွေက ဆိုပါတယ်။

အဲဒီ ဆန္ဒပြပွဲကို The Association for Protection of Civil Rights and the Democratic Student’s Union က ဦးဆောင်ပြုလုပ် တယ် လို့ ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခု ရခိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဟာ ဘက်နှစ်ဘက်စလုံးက ကျူးလွန်ခဲ့ကြ တာမို့ ဘက်တစ်ဘက်က ရပ်တည်ပြီး ထောက်ခံပေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောဆို လိုက်သလို အခု ရခိုင် ပြဿနာဟာ နယ် စပ် လူဝင်မူ ပြဿနာနဲ့ ပတ်သက် နေတာမို့ မြန်မာ နိုင်ငံ တစ်ခုတည်းမှာသာ တာဝန်ရှိတာ မဟုတ်ဘဲ ဘင်္ဂလာဒေခ်ျ့ မှာလည်း တာဝန် ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီး တဘက်ဘက်က ရပ်တည် ထောက်ခံပေးဖို့ ဆိုတာထက် လူမျိုးနှစ်ခုအ ကြား မှာ သင့်သင့်မြတ်မြတ်နဲ့ ပြန်လည် ရင်ကြားစေ့ရေးကိုသာ လုပ်ဆောင် သွားလိုတယ်လို့ ပြောဆိုပါတယ်။

အခုလို ပြောဆိုတာဟာ ခေါင်းဆောင် တစ်ဦးရဲ့ သမာသမတ်ကျတဲ့ စကား ဖြစ်ပေမယ့် ရိုဟင်ဂျာ အရေး လူပ်ရှားနေသူတွေကတော့ လူ နည်းစု ရခိုင် ပြည်နယ်က မွတ်ဆလင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမူတွေ အပေါ်မှာ မသိကျိုးကျွန် ပြုရာ ရောက်တယ်လို့ စွပ် စွဲ ပြောဆို ကန့်ကွက် မူတွေလည်း ပေါ်ထွက်နေတယ်လို့ ဆိုပါတယ်။

ခုလို အချိန်မှာ မြန်မာ သမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းဆီကို စာတစ်စောင် ရေးသား ပေးပို့လိုက်တယ် လို့ သတင်းစာတွေက ဖေါ်ပြပါတယ်။

ခုလို စာရေးသားတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ္ဂတာဝန်ရှိသူတွေကို ကိုးကားပြီး ဘင်္ဂလာဒေခ်ျ့က သတင်းစာတွေမှာ မြန်မာ အစိုးရက ရိုဟင်ဂျာတွေကို နိုင်ငံသား အဖြစ် အသိအမှတ် ပြုပေးတော့ မယ်လို့ စီစဉ်နေတဲ့ အကြောင်း ဖေါ်ပြပါတယ်။

ဒါပေမယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ပြောတာဟာ သိပ်ကွဲကွဲပြားပြား မရှိသလို ယခင် သူပြောဆိုခဲ့တဲ့ မွတ်ဆလင် လူနည်းစု နိုင်ငံသား ဖြစ်မူ အပေါ်မှာ ထားရှိတဲ့ သဘောထားဟာ ပြောင်းလဲ သွားပြီလား ဆိုတာကိုလည်း တိတိကျကျ မပြောနိုင်သေးဘူလို့ သတင်းစာတွေက ရေး ပါတယ်။ မြန်မာ နိုင်ငံ လွတ်လပ်ရေး မရမှီ ၁၉၄၈ ခုနှစ် အရင်က ဘင်္ဂလာဒေခ်ျ့ဘက်က ၀င်လာတဲ့ သူတွေကို နိုင်ငံသား အဖြစ် မြန်မာ အစိုးရက စဉ်စား ပေးသွားမယ်လို့လည်း ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့စာထဲမှာ ဆူပူ အကြမ်းဖက်မူတွေက ထွက်ပြေးလာကြပြီး ဒုက္ခသည် စခန်းတွေ မှာ နေထိုင် နေကြတဲ့သူတွေကို နိုင် ငံသား အဖြစ် အသိအမှတ်ပြုဖို့ စိစစ် ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ သူတို့ကို နိုင်ငံ တကာ စံနုန်းတွေနဲ့ အညီ လွတ်လပ်စွာ အလုပ် လုပ်ပိုင်ခွင့်နဲ့ တနိုင်ငံလုံး လွတ်လပ်စွာသွားလာခွင့်တွေ ပေးမယ်ဆိုတဲ့ အကြောင်း စာထဲမှာ ဖေါ်ပြထားတယ်လို့လည်း ဆိုပါတယ်။

အခု ရခိုင်မှာဖြစ်နေတဲ့ ဆူပူအကြမ်းဖက်မူကြောင့် မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမူကို ထိခိုက် နေတယ်လို့လည်း စာထဲမှာ ရေးသား ထား ပြီး ဒီအရေးအခင်း အပေါ် ရှုတ်ချတယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ရေးသား ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။

ဦးသိန်းစိန်ရဲ့ စာအပေါ်မှာတော့ ကုလသမဂ္ဂ္ဂ အတွင်းရေးမှူးက အပြုသဘော ကြိုဆိုကြောင်း တုန့်ပြန်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက လက်ရှိ ရခိုင် အရေးဟာ နိုင်ငံတကာက အထူးစိတ်ဝင်စားနေ အရေး ကိစ္စ တစ်ခု ဖြစ်နေသလို အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့ နိုင်ငံကိုလည်း တိုက်ရိုက် ရိုက်ခတ်မူတွေ ရှိနေတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့နိုင်ငံက သတင်းစာတွေမှာတော့ နေ့တိုင်းလိုလိုမြန်မာသတင်း တွေကို သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းကနေ ဖေါ်ပြနေကြတာကို တွေ့နေရပါတယ်။

No comments: