Monday, November 19, 2012

လွှတ်တော်တွင် ဒေါက်တာအေးမောင် သတိပေးခံရခြင်း မဟုတ်မှန်

ထွန်းထွန်း

နိုဝင်ဘာ ၁၆ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေး ပါတီ ဥက္ကဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် သတိပေးခြင်းခံရခြင်း ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဒေါက် တာ အေးမောင်က ပြောကြားသည်။

“ သတိပေးခြင်းခံရတဲ့ အဓိပ္ပါယ်မျိုးတော့မသက်ရောက်ဘူး ထင်ပါတယ်။ ဆွေး နွေးနေတဲ့ အ ကြောင်းအရာက ဦးတည်ချက်လွဲပြီးတစ်ခြားနေရာကို မရောက် ရအောင် လွှတ်တော် ဥက္ကဌ ဆွေးနွေး စကားပြောနေတဲ့ မိုက်ခွက်ကို ခလုတ် ပိတ် တာပါ။ ဒါက လွှတ်တော်မှာ ဆွေး နွေးတဲ့ အခါအတိုင်း ဖြစ်လေ့ ဖြစ်ထရှိ တာပါ” ဟု ဆိုသည်။

၎င်းပြင် သူက “ လွှတ်တော် နာယာကကရှင်း ပြတယ်။ ဘာကြောင့် ဒီခလုတ်ကို ပိတ်ရလဲ လို့ သူ ကပြောတယ်။ ဦးအေးမောင် ဆွေးနွေးဖို့ ခုနားက ကဏ္ဍနဲ့ ခု ဆွေးနွေးတဲ့ ကဏ္ဍဟာ ကွာခြားနေတယ်ပေါ့။ ဦးတည်ချက် အတိုင်း မငုံမိဘဲ ဘေးထွက်လာ တယ်ထင်လို့ ဆိုပြီးတော့ လွှတ်တော် ဥက္ကဌကတားရတဲ့ သ ဘောပါ။ ခလုတ် ပိတ်တာကို သတိပေးခံရတယ်လို့ ပြောလို့မရတော့ဘူးလေ” ဟု ဆိုသည်။

ဒေါက်တာ အေးမောင်က သူတင်ပြနေသော အချက်နှင့် ပတ်သက်ပြီး ရှင်းလင်းပြသော အခါ လွှတ်တော် နာယကမှ ပြန်လည် ဆွေးနွေး ရန် ခွင့် ပြုပေးခဲ့သည်ဟု ဆိုသည်။

“ ကျွန်တော်က ဆက်ပြီးတော့ ခလုပ်ဖွင့်ပြီးခါ နာယကကို ရှင်းပြပါတယ်။ ကျွန်တော် ဦးတည်ပြီး ဆွေးနွေးဖို့အ ပိုင်းကို ခြုံငုံမိအောင် ဖွဲ့စည်းပုံ အ ခြေခံဥပဒေနဲ့ ပတ်သက်လို့ ကဏ္ဍကို ကျွန်တော် ဦးတည်ချက် အဓိကထားပြီး ဆွေးနွေး တာပါ။ ကျွန်တော့် ဦးတည်ချက်ကို ကျွန်တော်သိပါ တယ်- ဆိုတော့ နာယက ကခွင့်ပြုတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြန်ကြည့်ရင် တော့ တားမြစ်တာတော့ မဟုတ်ပါ။ ကျွန်တော်ခုနားက ပြောသလို ကိုယ်ဆွေးနွေးဖို့ ကဏ္ဍတွေ တခြားဘက်ကို ရောက်သွား နိုင်တယ် ထင်လို့ လွှတ်တော် ဥက္ကဌဟာ ပုဂ္ဂိုလ် တဦး၏ ဆွေးနွေးခြင်း အကြောင်းအရာ ဘေးကို ရောက်မသွားအောင် တားတာသာ ဖြစ်ပါတယ်။ တားပိုင်ခွင့်လည်း ရှိပါတယ်။ သတိပေးခြင်း ခံရတာတော့ မရှိပါဘူး” ဟု ဆိုသည်။

အဆိုပါနေ့က လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သော အကြောင်းအရာနှင့် ဖြစ်ပျက်ခဲ့ပုံကိုလည်း သူက ယခုလို ရှင်းပြသည်။

“ဒီလိုရှိပါတယ်။ ကျွန်တော်တို့က အမျိုးသား လွှတ်တော် ဥပဒေကြမ်းနဲ့ ပြည်သူ့ လွှတ်တော် ဥပဒေ ကြမ်း ၂၀၁၂ ဆိုတာကို လွှတ်တော် (၂) ရပ် က အတည်ပြု ထားတာရှိပါတယ်။ အဲဒီ လွှတ်တော်မူကြမ်း ၂ ခုကို ကျွန်တော်တို့ လွှတ် တော်က အတည်ပြုပြီး ခါမှ နိုင်ငံတော် သမ္မတ ကြီးကို တင်ပါတယ်။ နိုင်ငံတော် သမ္မတကြီးက သဘောထား မှတ်ချက် ၂ခုနဲ့ ပြန်ကြား တယ်။ ကျွန်တော်တို့ လွှတ်တော် ၂ ခုက ခုနားက၂၀၁၂-ခုနှစ်က ပြည်သူ့ ဥပဒေ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေ ကြမ်းတခုကို အတည်ပြုပြီးနောက်မှာ သမ္မတကြီးဘက်က အချက် ( ၁၀)ချက်ပါတဲ့ သဘောထား မှတ်ချက်နဲ့ ပြန်ကြားပါတယ်။ ပြန်ကြား တဲ့အထဲမှာ ပြန်လည်ပူးပေါင်း ကော်မတီက ပြန်လည်ဆန်း စစ် တဲ့အခါမှာ ပြည်သူ့လွှတ်တော် ဥပဒေမူကြမ်းကရော၊ အမျိုးသား လွှတ် တော် ဥပဒေ မူကြမ်းနဲ့ရော ပတ်သက်တဲ့ အခါမှာ အချက် (၈) ချက်ကို သမ္မတကြီး သဘော ထားမှတ်ချက် အတိုင်း လက်မခံနိုင်၊ ဒီ တ ချက်ကိုတော့ ပြန်ပြင်ဆိုတဲ့ အတိုင်းဘဲ ပြင်ပေးပါတယ်။ နောက်တချက်ကို တော့ ၀ံခံတယ်ပေါ့။ အဲလိုနဲ့ ကျွန်တော်ဘက်ကို လွှတ်တော် မှာ လွှတ်တော်မှာ ဆွေးနွေးဖို့ အပိုင်း ဖြစ်လာတယ်။ လွှတ်တော် ကိုယ်စားလှယ် တွေက (၆) ဦးရွေးချယ်ဖို့ ဖြစ်လာတယ်။ နောက်ဆုံး ပြည်သူ့ လွှတ်တော်က (၃) ဦးနဲ့ အမျိုးသားလွှတ် တော်က (၃) ဦး၊ ဒီအချက်တွေအပေါ် မှာ ကိုယ် ဆွေးနွေး ချင်တဲ့ အချက်ကို ရွေးထုတ် ပြီးတော့ တင်ရတယ်။ ကျွန် တော်တို့ ဆွေးနွေးမယ့် အပိုင်းကတော့ ပြည်ထောင်စု အ ဆင့် ဆိုတာဟာ လွှတ်တော်က ဖွဲ့စည်းရေး၊ ကော် မတီ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် ဟုတ်မဟုတ် ဆိုတဲ့ ပြဿနာ တခုဖြစ်သွားတဲ့ နောက်မှာ အဲဒါကို သမ္မတကြီးက ပြည် ထောင်စု အဆင့် မဟုတ်လို့ ခုံရုံးက ဆုံးဖြတ်ထားတဲ့ အတိုင်း လက်ခံပေးဖို့ လွှတ်တော် ကိုတင်တယ်။ လွှတ်တော်ကို သဘောထားမှတ် ချက် ပေးတယ်။ ဒီမှတ်ချက်ကို ကော်မတီက လက်မခံဘဲနဲ့ မူလပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားတဲ့ အတိုင်း လက်ခံတယ်။ အဲဒါ ကျွန်တော်တို့ မူလအတည်ပြုထားတဲ့အတိုင်း သမ္မတကြီးပြောတဲ့ စကားကို ပယ်ဖျက်ပြီးတော့ ပြန်ဆွေး နွေးဖို့ ကျွန်တော့ဘက်က သဘောထားပါတယ်။ အဲဒီကဏ္ဍကို ဆွေးနွေးတာပါ” ဟု ပြောသည်။

ဆွေးနွေးရာတွင် ဖွဲ့စည်းပုံ အကြောင်း ဆွေးနွေးရာတွင် နာယကမှ ခလုတ်ပိတ်ပြီး ဦးတည်ချက် မလွဲအောင် တည့်မတ်ပေးခဲ့သည်ဟု ဆို သည်။

“ ပြည်ထောင်စု အဆင့် ဟုတ်မဟုတ် ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးတဲ့ အခါ ကျွန်တော့်အ နေနဲ့ ဘယ်ကစလဲ ဆိုလို့ ရှိရင် ဖွဲ့စည်းပုံက စပါတယ်။ ဖွဲ့စည်းပုံကြောင့် ဒီခုနားက လွှတ်တော်တွေ ပေါ်လာတယ်။ အရပ်ဘက် အစိုးရ အဖွဲ့တခုကိုလည်း ဒီလွှတ်တော်ကဘဲ အတည်ပြု ပေးနိုင်ခဲ့တယ်။ တရားစီရင်ရေး မဏ္ဍိုင်ကိုလည်းဘဲ ဖွဲ့နိုင် ခဲ့တယ်။ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့ တွေကိုလည်းဖွဲ့ နိုင်ခဲ့တယ်။ နောက်လွှတ်တော် နှစ်ရပ်က လူတွေကိုလည်း ကော်မတီ ကော်မရှင် ဖွဲ့နိုင်ခဲ့တယ်ဆိုပြီး ကျွန်တော် တို့ နိဒါန်း ချီပြီးခါမှ ခုနားက ဒီပင်မမှာ ဖြစ်နေတယ်လို့ စွပ်စွဲ ကြတဲ့ တရား ဥပဒေ ကြီးမားမှု အပေါ်မှာ မေးခွန်းတွေ၊ တရားဥပဒေ အပေါ်မှာ အုပ်ချုပ် ရေး ပြင်းထန်လာတဲ့ လွမ်းမိုးမှုအပေါ်မှာ လူတွေက မေးခွန်းတွေဖြစ်နေတဲ့ ကိစ္စကို လွှတ်တော် ရေးရာ ကော်မတီတွေ၊ နောက်ပြည်သူ လူ ထုအပေါ်မှာ ၀ံခံ မှုမျိုးစုံ ဖြစ်နေတဲ့ ကာလဖြစ်တယ်။ ဒီလိုဖြစ်နေတဲ့ ကာလမှာဘဲ ကျွန်တော်တို့ လက်ရှိ ရထားတဲ့ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့လည်းဘဲ ဒီဖွဲ့စည်းပုံကို ရေးဆွဲတဲ့ ကာလက တည်းကနေ နောက်မရေးဆွဲရေကာလနဲ့ ရေးဆွဲရေကာလတွေမှာ တကယ့်တကယ် စစ်မှန် တဲ့ ပြည်သူ့ ကိုယ်စား လှယ်မျိုး အစစ်အမှန် အလွှာပေါင်းစုံက ပါမပါ၊ နောက်ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုတဲ့အခါမှာကော တကယ်စစ်မှန်တဲ့၊ အတည်ပြုလုပ်တဲ့ အခါ အများရောင်စု ထောက်ခံ ခြင်းမှုရရှိခြင်း ရှိမရှိ၊ နောက်တပ်မတော်သား ပါဝင်တဲ့ ရာခိုင်နှုန်း၊ နောက်ဒီ ပြုပြင်ရ ခက်ခဲတယ်ဆိုတဲ့ ကဏ္ဍတွေနဲ့ပတ်သက်တဲ့မေးခွန်းတွေ ပြည်သူ လူထုကြားထဲမှာ မျိုးစုံဖြစ်နေကြတယ် ဆိုတဲ့သဘော ကို ဆွေးနွေးတဲ့အခါမှာ ခုနားက လွှတ်တော် နာယက ခလုတ်ကို ပိတ်လိုက် ပါတယ်။ ခလုပ်ကိုပိတ်တယ် ဆိုတာက ပြောလို့မရ တော့ ဘူးလေ။ ပြောလို့မရတဲ့အခါမှာ လွှတ်တော် နာယာကကရှင်း ပြတယ်။ ဘာကြောင့် ဒီခလုတ်ကို ပိတ်ရသလဲ လို့ သူက ပြောတယ်။ ဦးအေးမောင် ဆွေးနွေးဖို့ ခုနားကကဏ္ဍနဲ့ ခုဆွေးနွေးတဲ့ ကဏ္ဍဟာကွာခြား နေတယ်ပေါ့။ ဦးတည်ချက်အ တိုင်းမငုံ မိဘဲနဲ့ ဘေးထွက် လာ တယ်ထင်လို့ ဆိုပြီးတော့ လွှတ်တော် ဥက္ကဌက တားတယ်သဘောပါ” ဟု ပြောဆိုသွား ပါ သည်။

No comments: