Monday, November 5, 2012

မြောက်ဦးမြို့နယ်မှာ စစ်တပ်က အရပ်သားတွေကို ခေါ်ယူ စစ်ဆေးမူ ပိုမိုများပြား လာ

နိရဉ္စရာ

များမကြာမီက ဖြစ်ပွားခဲ့တဲ့ ရခိုင် မတည်ငြိမ်မူ အတွင်း ကိုယ်တိုင် ကိုယ်ကျ ပါဝင်ခဲ့တဲ့ သူတွေလို့ သံသယ ဖြစ်ခံရတဲ့ ရခိုင်အမျိုးသား တွေကို စစ်တပ်က ခေါ်ယူ စစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။

ခုလို မေးမြန်းခံရတဲ့ ကျေးရွာတွေ အထဲမှာ ယိုင်သည်၊ သံရွှင်ပြင်၊ သူရဲချောင်းရွာ၊ မဟာထီး စတဲ့ ကျေးရွာတွေလည်း ပါဝင်တယ်လို့ သိရ ပါ တယ်။

ဒီကနေ့ နံနက်လည်း သံရွှင်ပြင်ကျေးရွာက ဦးအောင်ထွန်းဖြူ၊ ဦးပြည်သိန်းအောင်၊ ဦးထွန်းလင်းကျော် အပါအ၀င် လူ (၆) ဦးကို စစ်တပ် က စစ်ဆေးစရာ ရှိတယ်ဆိုပြီး စစ်တပ်က ခေါ်ယူသွားခဲ့တယ်လို့ သိရပါတယ်။

ခုလို ခေါ်ယူသွားပေမယ့် ဖမ်းဆီးတယ်လို့တော့ မပြောနိုင်သေးကြောင်း မြောက်ဦးမြို့နယ် ရတပ ပါတီ ဒုဥက္ကဌ ဦးအေးမောင်သန်းက ပြော ပါတယ်။

“ ဖမ်းဆီးတဲ့ သဘောတော့ မဟုတ်ဘူး။ စစ်ဆေးစရာ ရှိတယ်ဆိုပြီး မနက် ခေါ်သွားတယ်။ ညနေပိုင်း ပြန်လွှတ်လိုက်တယ်။ အဲသလိုမျိုး တော့ ကြားနေရတယ်။ ခေါ်ယူ စစ်ဆေးနေတဲ့ သဘောမျိုးတော့ တွေ့ရပါတယ်” လို့သူက ပြောပါတယ်။

ခေါ်ယူ စစ်ဆေးခံရတဲ့ သူတွေကို ဘာတွေ မေးမြန်းတယ်။ ဘယ်လိုပုံစံမျိုးနဲ့ စစ်ဆေးတယ်ဆိုတာတော့ အသေးစိတ် မသိရသေးဘူးလို့ ပြော ပါတယ်။

အခုလို စစ်တပ်က ခေါ်ယူ စစ်ဆေးနေတဲ့ အပေါ်မှာ ဒေသခံ ပြည်သူတွေကတော့ သူတို့ရဲ့ လုံခြုံရေးနဲ့ ရွာတွေမှာ ဆက်လက် နေထိုင် ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်တွေ ၀င်နေကြတယ်လို့လည်း သိရပါတယ်။

အလားတူ ကျောက်တော်မြို့နယ် အတွင်းမှာလည်း ကျေးရွာ တချို့မှာ စစ်တပ်က ခေါ်ယူ စစ်ဆေးမေးမြန်းနေတာတွေ ရှိသလို ဒေသခံ ရခိုင် ကျေးရွာသားတွေကို ဘာမဆိုင် ညာမဆိုင် လက်သီးနဲ့ ထိုးပြီး အနိုင်ကျင့် နေတာတွေလည်း အများအပြား ပေါ်ပေါက်နေတယ်လို့ သိရ ပါ တယ်။

No comments: