Monday, November 5, 2012

ကျောက်ဖြူတွင် ငါးဖမ်းလှေများ ပြန်လည်ငါးဖမ်းထွက်ခွာနိုင်ပြီ

မင်းသွီး

ကျောက်ဖြူမြို့တွင် ဘင်္ဂလီ-ရခိုင် နှစ်ဦးနှစ်ဘက် ပဋိပက္ခများကြောင့် ရပ် ဆိုင်းနေခဲ့ရသော ငါးဖမ်းလှေ များ ပင်လယ်ပြင်သို့ ပြန်လည်၍ ငါးဖမ်း ထွက်နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ဘင်္ဂလီ-ရခိုင် ပဋိပက္ခအတွင်း ကျောက်ဖြူမြို့မှဘင်္ဂလီများသည်ဘင်္ဂလား ပင်လယ်အော်ဘက်သို့ လှေများဖြင့် ထွက်ခွာသွားကြသည့်အ တွက် ရေ လုပ်ငန်း လုပ်ကိုင်သူများမှာ ငါးဖမ်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရ ကြောင်း သိရှိရသည်။

“ပဋိပက္ခတွေ ဖြစ်နေတဲ့အချိန်မှာတော့ ဘယ်သူမှ ပင်လယ်ကိုမထွက်ရဲခဲ့ ကြဘူး၊ ဘာလို့လည်းဆို တော့ ဘင်္ဂလီတွေက သူတို့အိမ်ကို သူတို့မီးရှို့ပြီး တော့ ပင်လယ်ဘက်ကို လှေတွေနဲ့ အကုန်ထွက်ပြေးသွားကြတော့ ပင် လယ်ပြင်ကို ဘယ်သူမှ ငါးဖမ်းမထွက်ရဲကြဘူး၊ ဘင်္ဂလီ လှေ တွေနဲ့တွေ့ရင် တစ်ခုခု ခိုက်ရန်ဖြစ်ပွားမှာကိုကြောက်ကြတယ်၊ ရေတပ်ကလည်း လုံခြုံ ရေးမယူပေးနိုင်တော့ ငါးဖမ်းလုပ်ငန်းတွေကို အကုန်ရပ်ထားလိုက် ရတာပေါ့”ဟု ရေလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ကျောက်ဖြူမြို့ရှိ ငါးဖမ်းလုပ်ငန်းများ အားလုံးပြန်လည်လုပ်ကိုင်နေကြပြီဖြစ်သော်လည်း တစ်ချို့မှာ စိုးရိမ်စိတ်များဖြင့် ယခုထိပင်လယ် ပြင်သို့ မထွက်ရဲ ဖြစ်နေကြကြောင်း ယင်းရေလုပ်ငန်းရှင်က ပြောသည်။

ကျောက်ဖြူမြို့တွင် အောက်တိုဘာ ၂၇ရက်နေ့က စတင်ကာ ဘင်္ဂလီများ မီးရှို့တိုက်ခိုက်မှုကြောင့် ရခိုင်ဒေသခံများနေအိမ် ၆၄ အိမ်၊မီးမကူး စက်နိုင်ရန် ဖျက်ဆီးပစ်လိုက်ရသော အိမ်ခြေ ၃၅အိမ်၊ ဒုက္ခသည် ၄၇၅ဦး၊ ဒဏ်ရာရရှိသူ ၉၈ဦးနှင့် သေဆုံးသူ ၂ဦး ရှိခဲ့ကြောင်း သိရှိ ရသည်။

ယခုအခါ ဘင်္ဂလီဒုက္ခသည်များအား ကျောက်တလုံးဘက်တွင်ထားရှိပြီး၊ ရခိုင်ဒုက္ခသည်များကို ဘုန်းကြီးကျောင်းများတွင်ထားရှိကာ ကျောက် ဖြူမြို့ လူငယ်ကွန်ယက်နှင့် မြို့မိ၊ မြို့ဘများမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြိုးပမ်းလုပ်ဆောင်လျက်ရှိကာ UNမှ လည်းနှစ် ဘက် စလုံးဒုက္ခသည်များအတွက် အကူညီများပေးအပ်လျက်ရှိကြောင်း သိရှိရသည်။

No comments: