Friday, November 2, 2012

သံတွဲ ဗလီအတွင်း တုတ်ဓါး လက်နက်များနှင့် အတူ အဖမ်းခံရသူများ လက်ခံမရ

နိရဉ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် တုတ်ဓါး ဂျင်ဂလိ လက်နက်များနှင့် အတူ အ ဖမ်းခံရသူ ၄ ဦးကို ယနေ့ ရုံးထုတ်ရာမှ လက်ခံ မပေးဘဲ ဆက်လက် ဖမ်း ဆီးထိန်းသိမ်းထာကြောင်း သတင်း ရရှိသည်။

“ ဟုတ်ကဲ့။ သူတို့ လေးဦးကို ဒီကနေ့ ကြာသပတေးနေ့ နေ့လည် ၁ နာ ရီခွဲမှာ ရုံးထုတ်ပါတယ်။ လက်ခံ မပေးပါဘူး။ရဲစခန်းမှာဘဲဆက်လက်ထိန်း သိမ်းထားပါတယ်” ဟု သံတွဲ ဒေသခံ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် သံတွဲ ဆေးရုံနောက်ဖက်တွင် နေထိုင်သူ ဗလီ ဂေါပက အဖွဲ့ဝင် ဦးတင်အောင်နှင့် ဗလီတွင် နေထိုင်သူ မွတ်ဆ လင်လူ ငယ် ၃ ဦးတို့ ဖြစ်ကြောင်း သိရသည်။

“ မနေ့က နေ့လည်မှာ တပ်နဲ့ရဲက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ် ကျောင်း ဖြစ်တဲ့ ဗောဓိကုန်း ကျောင်းနဲ့ မွတ်ဆလင် ဗလီတွေကို ၀င်ရောက်ရှာဖွေတဲ့ အခါ ဘုန်းကြီးကျောင်းကတော့ဘာမှမမိဘူး။ဂျမတ်ဗလီ ကတော့ ဓါးတွေ၊ သံ တုတ်တွေ၊ ဂျင်ဂလိတွေ အများကြီး ဖမ်းမိပါတယ်” ဟု သူက ဆိုသည်။

ဖမ်းဆီးရမိသည့် ပစ္စည်းများထဲတွင် ဂျင်ကလိ အလက် ၃၀၊ မျှားအချောင်း ၅၀၊ သံတုတ်က အချောင်း ၃၀၊ သံဂေါ်လီ အလုံး ၁၅၀နှင့် ဓါး ရှည် (၂)ချောင်း၊ သံ (၂)လက် တို့ပါဝင်သည်ဟု သူက ပြောသည်။

အဆိုပါ ပစ္စည်းများ ဖမ်းဆီးရမူနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် သံတွဲရဲစခန်းသို့ ဖုံးဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်းဖုံးမကိုင်သဖြင့် ဆက် သွယ်၍ မရရှိခဲ့ပါ။

သံတွဲတွင် ဗလီထဲမှ တုတ်ဓါးလက်နက်များ နှင့် အတူ လူများ ဖမ်းဆီးခံရမူများ ရှိနေသော်လည်း အခြေအနေမှာ တစ်စုံတစ်ရာ ထူးခြားမူ မရှိ ဘဲ တည်ငြိမ်နေကြောင်း သိရသည်။

No comments: