Monday, November 19, 2012

ထန်တလန်မြို့နယ်အတွင်း ဆေးခြောက် စိုက်ပျိုးသူ များပြား

admin

ယခုနှစ်အတွင်း ချင်းပြည်နယ်ထန်တလန်မြို့နယ် တောင်ကြော တချို့တွင် ဆေးခြောက် စိုက်ပျိုးသူများပြားလာနေသည်ဟု သိရသည်။ အဓိ ကအားဖြင့် ထန်တလန်မြို့နယ် Zanak tlang တောင်ကြော တလျှောက် ကျေးလက်ဒေသခံများသည် မိမိတို့ တောင် ယာတွင် ဆေး ခြောက် ကို စိုက်ပျိုးနေကြခြင်းဖြစ်သည်။

“ကျေးရွာတိုင်းလိုလိုမှာ ဆေးခြောက်တွေကို စိုက်ပျိုးကြတယ်၊ ဒေသခံတွေဟာ တောင်ယာ စိုက်ခင်း တွေမှာ စပါးနဲ့အတူ ရောစိုက်ကြတာပါ ” ဟု ဒေသခံ လူကြီး တဦးက ပြောသည်။

ယင်းတောင်ကြောတွင်ကျေးရွာ ၉ ရွာခန့်နေထိုင်ကြပြီး အဓိက အားဖြင့် ရွှေ့ပြောင်း တောင်ယာစနစ်ဖြင့် အသက်မွေး ၀မ်း ကျောင်းပြုကြ သူ များဖြစ်သည်။ ချင်းပြည်နယ်အစိုးရသည် ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မီတီ ကိုကျေးရွာ၊ရပ်ကွက်မှအဆင့်လိုက်ဖွဲ့ စည်း ခဲ့ကြသော်လည်း လက်တွေ့အကောင်အထည်ဖော်မှု အားနည်းနေသေးကြောင်း ပြောကြသည်။

ထို့အပြင်အစိုးရနှင့် ချင်းအမျိုးသားတပ်ဦးတို့ ငြိမ်းချမ်းရေး သဘောတူညီချက်တွင် ချင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားကြသည်။

ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့နယ်ခွဲဒေသ၊ နှင့် ချင်းပြည်နယ် နှင့် မီဇိုရမ်ပြည်နယ် နယ်စပ် တလျှောက်တွင် ဘိန်း စိုက် ပျိုးမှုများပြားနေသေးသည်။

No comments: