Saturday, November 3, 2012

မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်း သေဆုံးသူ(၁၀)ဦးပျောက်ဆုံးနေပြီး (၂)ဦး ပြန်လည်တွေ့ရှိ

ခိုင်ခိုင်

အောက်တိုဘာ(၂၂)ရက်နေ့ မြောက်ဦးမြို့နယ်၊ ပုရိန်နှင့် ယိုင်သည် အဓိကရုဏ်းအတွင်းတွင် သေဆုံးသွားခဲ့သူ (၁၀)ဦးပျောက်ဆုံးနေပြီး ယ နေ့(၂)ဦး ပြန်လည်ရရှိကြောင်း သိရှိရသည်။

ပျောက်ဆုံးနေသော အလောင်းများမှာ ဘင်္ဂလီကျေးရွာများတွင် မြုပ်နှံထားကြောင်း သိရှိသော်လည်း ဘင်္ဂလီများက မရှိဟု ငြင်းဆန် နေ ခြင်း ကြောင့် မြို့မိမြို့ဖများနှင့် ရွာသူရွာသားများက အလောင်းများကို ပြန်ရရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး လုပ် ဆောင် နေကြောင်း သိရသည်။

"ပရိန်အဓိကရုဏ်းမှာ ပျောက်ဆုံးနေတာ အားလုံး (၉)လောင်းရှိပါတယ်။ ကျနော်တို့ မြို့မိ၊ မြို့ဘ တွေနဲ့ စစ်တပ်က သွားပြီးတော့ အလောင်း တွေကို ပြန်ပေးဖို့ ဘင်္ဂလီရွာမှာ သွားပြီးတောင်းပါတယ်။ ဒါပေမယ့် သူတို့က မရှိဘူးဆိုပြီး တော့ ငိုပြနေကြတယ်၊ ဒီနေ့ စစ်တပ် လုံခြုံရေးယူ ပြီးတော့ ကျနော်တို့ လိုက်ရှာတာ အလောင်း(၂)လောင်းတွေ့တယ်။ အဲဒီအလောင်း တွေရဲ့ ခြေ၊ လက် လေးဘက်လုံးကို ဖြတ်ထား ပြီး တော့ အရုပ်လည်းတော်တော်လည်းကို ပျက်နေပြီ၊ ဘယ်သူဘယ်ဝါဆိုတာကတော့ ကျနော်တို့မသိရသေးဘူး"ဟု နာရေးကူ ညီမှုအသင်းဝင်တစ် ဦးမှ ပြောသည်။

ပျောက်ဆုံးနေသော အလောင်းများမှာ

၁။ ဦးကျော်သာဖြူ၊ အောင်တပ်ရပ်ကွက်၊ အသက်(၅၄)နှစ်

၂။ ဦးထွန်းဘု၊ လက်ခုပ်ပင်ရင်းရပ်ကွက်၊ အသက်(၄၉)နှစ်

၃။ ဦးမောင်ဘုချေ၊ မြင်းခုံတန်းရပ်ကွက်၊ အသက်(၄၂)နှစ်

၎။ ဦးမောင်ခင်၊ ကြက်ဈေးရပ်ကွက်၊ အသက်(၄၉)နှစ်

၅။ ဦးကိုမောင်၊ ရတနာပုံရပ်ကွက်၊ အသက်(၃၈)နှစ် (အောက်တိုဘာလ ၂၄ ရက်နေ့ ပုရိန် အဓိကရုဏ်းတွင် ကျဆုံး)

၆။ မောင်ကျော်စိန်ဝင်း ၊ ဝါးဈေးရပ်ကွက်၊ အသက်(၁၆)နှစ်

၇။ မောင်အောင်မြင့်၊ ပန်းမြောင်းကျေးရွာ၊ အသက်(၁၈)နှစ်


၈။ ဦးလှထွန်း၊ ဆင်ချဆိပ်ရပ်ကွက်၊ အသက်(၃၅)နှစ် (အောက်တိုဘာလ ၂၃ ရက်နေ့ ယိုင်သည် အဓိကရုဏ်းတွင် ကျဆုံး )

၉။ မောင်ဘုစိန်၊ ကျောင်းတောင်ကျေးရွာ၊ အသက်(၂၂)နှစ်

၁၀။ ဦးမောင်သန်းစိန် လင်ဗန်းပြောက်ရပ်ကွက်၊ အသက်(၆၅)နှစ်
တို့ဖြစ်ကြသည်။

အထက်ပါ သေဆုံးသူများ၏ အလောင်းများတွင် (၉)ဦးသည် သေဆုံးသည်မှာ သေချာကြောင်း အတည်ပြုပြီး (၁)ဦးမှာ ပျောက်ဆုံးခြင်းလား သေဆုံးခြင်းလားဆိုသည်မှာ မသေချာသေးကြောင်း သိရသည်။

အောက်တိုဘာ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့အထိ ဖြစ်ပွားခဲ့သော အဓိကရုဏ်းတွင် သေဆုံးသူမှာ(၁၅)ဦးနှင့် ဒဏ်ရာရသူ(၄၀)ဦးရှိသည်။ ထို သေဆုံးသူ (၁၅)ဦးထဲတွင် (၆)ဦးကို သင်္ဂြိုလ်ပြီးစီးသွားပြီဖြစ်ပြီး၊ ကျန်အလောင်း(၉)ဦးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။

No comments: