Sunday, November 18, 2012

သတ္တုတူးဖော်ရေးလုပ်ငန်း ဒီးမော့ဆိုတောင်များတွင် မပြုလုပ်ရန်ကန့်ကွက်

ဖဲမော့

ကယား(ကရင်နီ)ပြည်နယ် ဒီးမောဆိုမြို့တွင် ပြည်နယ်ရဲ့ သမိုင်းဝင် အထင်ကရနယ်မြေဖြစ်သော ရွှေတောင်၊ ငွေတောင် ၊ ပတ္တမြား တောင် တည်ရှိရာနေရာ၌ ချယ်ရီမိုး ကျောက်မျက်သတ္တု အထွေထွေ စီးပွားရေးလုပ်ငန်း သမ၀ါယမ လိမိတက်ကုမ္ပဏီမှ သတ္တုတူးဖော် ရေးလုပ် ငန်း ပြုလုပ်ရန် စီမံကိန်းရှိသည်ဟု ကြားသိရပြီးနောက် ဒီးမော့ဆိုမြို့မှ ဒေသခံများနှင့် ရပ်မိရပ်ဖဖြစ်များက ကန့်ကွက်ကြသည် ဟု သိရ သည်။

ကရင်နီ ဒီမောဆိုမြို့နယ် ဒု-အုပ်ချုပ်ရေးမှူး ခူမီရယ်က ရှေးဘိုးဘွားတို့၏ အဆိုအမိန့်များအရ “ဒီတောင်သုံးလုံးရဲ့ အကြား ထဲမှာ ရှိတဲ့ သံ ရာဇာတ တွေပဲဖြစ်ဖြစ် ဒီတန်ဖိုးရှိတဲ့ပစ္စည်း တွေလည်းပါသွားကုန်မယ်။ ဘာဖြစ်လဲဆိုလို့ရှိရင် ဒီနှစ်ပေါင်းများစွာထိန်းသိမ်းလာခဲ့တဲ့ ဒီတော တောင်ကို သွားပြီးဖြိုလိုက်မယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ရဲ့တိုင်း ပြည်ကလည်းပဲ ပြိုကွဲနိုင်တဲ့အတိုင်းအတာရှိတယ်ဘာဖြစ် လဲ ဆိုလို့ရှိရင် ဘိုးဘွားတို့က ပြောခဲ့တဲ့ဟာက လူတိုင်းဟာ . ကျနော်တို့ က ရင်နီပြည်မှာနေထိုင်တဲ့ လူမျိုးတိုင်းသည် သေသွား လို့ရှိရင် သူတို့ရဲ့နိဗ္ဗာန် ပြည်ဟာ ဒီးမောဆို တောင်မှာပဲရှိတယ် ဆိုတဲ့ စကားပုံ လည်း ရှိလာ ခဲ့တယ်” ဟု ကန္တာရဝတီတိုင်း(မ်) ကိုရှင်းပြသည်။

ယမန်နေ့က ၎င်းစီမံကိန်းနှင့်ပတ်သက်ပြီး ဒီးမော့ဆိုမြို့နယ်မှ ရပ်မိရပ်ဖများ ကျေးရွာအသီးသီးရှိ ဒေသခံကိုယ်စားများက ဒီးမော့ဆို တောင် ခြေ မော့ဒူကလားမေးခန်းမဆောင်မှာ အချင်းချင်းအပြန်အလှန် တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

အစည်းအဝေးပြီးတွင် ဒီးမော့ဆိုမြို့ စည်ပင်ရပ်ကွက်မှ ရပ်မိရပ်ဖတဦးဖြစ်သော ဦးစိန်ဝင်းက “ကု မ္ပဏီအနေနဲ့က သူတို့ဒီ ဒေသဖွံ့ဖြိုး ရေး အတွက် ပြန်လည်ပြီးမှ စဉ်းစားပေးမယ် ဒီဟာအကောင်ထည် ဖော်ဖြစ်ရင်ပေါ့နော။ ပြန်လည် စဉ်းစားပေးပါမယ်လို့ သူတို့ပြောတယ် ပေါ့ နော။ သို့သော် လည်းပဲ ကျနော်တို့ဖက်ကပြန်စဉ်းစားမယ်ဆိုလို့ရှိရင် တဖက်ကဒေသဖွံ့ဖြိုးပြီးမှ တဖက်က ခုနပြောသလိုမျိုးပေါ့ ရိုး ရာကို ထိခိုက်စေမယ် ရိုးရာကို လက်ရာခြေရာတွေကို ပျက်သုန်းစေမယ် ဆိုခဲ့ရင်တော့ အဲဒါ ကျနော်တို့ အနေနဲ့မဖြစ်သင့်ဘူးလို့ ယူဆတယ်ပေါ့ နော။ ဒါကြောင့်မို့လို့ အခုလိုမျိုးညီအစ်ကိုတွေကိုခေါ်ပြီးတော့မှ သူတို့ရဲ့ဆန္ဒတွေ ကို ခံယူခြင်းဖြစ်ပါတယ်” ဟု ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။

ချယ်ရီးမိုးကုမ္ပဏီမှ သတ္တုတူးဖော်ရန် ရာထားသော နေရာမှာ ကရင်နီတမျိုးသားလုံး အထွဋ်အမြတ်ကိုးကွယ် ယုံကြည်ထားကြသည့် သ မိုင်း ဝင် ရွှေတောင်၊ငွေတောင်၊ ပတ္တာမြားတောင်နှင့် အနီးတ၀ိုက်တွင်ဖြစ်၍ အစည်းအဝေးတွင် ရပ်မိရပ်ဖ များနှင့် ကျေးရွာကိုယ် စား လှယ်တွေ က တညီတညွတ်တည်း ကန့်ကွက် ခဲ့ကြသည်ကို တွေ့ရှိခဲ့သည်။

“ကျောင်းသားတွေ ဆိုရင် ကျောင်းပိတ်တဲ့ချိန်မှာ စာရွက်စာတမ်းဖိုးမရှိဘူးဆိုရင်၊ ကျောင်းပိတ်တဲ့ ရက်မှာ တောင်ပေါ်တက်ပြီး သဲသွားတူး တယ်။ သဲတူးပြီးမှ ရောင်းရတဲ့ငွေတွေကို စာရွက်စာတမ်းဖိုး အေ.. အဲလိုမျိုးလုပ်တာပေါ့နော။ ဒါကြောင့်မို့လို့ဒီအခြေအနေက လက်ရှိ ကျ နော်တို့ဒေသ ၀မ်းရေး အတွက်ဖြည့်ဆည်းပေးတယ် တကယ်လို့များကုမ္ပဏီတွေ ၀င်လာ မယ်ဆိုခဲ့ရင် ဒီနေရာတွေဟာ လူအင်အား စက် အင်အား ယန္တာရားတွေ ကြီးကြီးမားမား နဲ့လုပ်မယ်ဆိုတဲ့ခါကျတော့ ဒီကလေးတွေဟာ ပညာရှင်ပိုင်းလောက်သာ သူတို့ အလုပ်အကိုင်ရ ရှိစေပြီးတော့မှာ ဘာမှမတတ်တဲ့ကလေးတွေကျတော့ အလုပ်လက်မဲ့ ဖြစ်မြဲဖြစ်နေမှာပဲ အဲလိုပဲယူဆတယ်။” လို့ ဦးစိန်ဝင်းကဆက် ပြော ပါတယ်။

ကရင်နီတမျိုးသားလုံး၏ အထွတ်အမြတ်ထားရာ ရိုးရာယဉ်ကျေးမှုအမွေအနစ်များ၊ စေတီပုထိုးများ နှင့် တောတောင် သယံဇာတများ တည် ရှိနေသည့်အပြင် ဒေသခံများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေအဖြင့် သဲတောင်များကိုအမှီ သဟဲပြု၍ လက်လုပ်လက်စား လုပ်ကိုင် နေကြရသူများစွာလည်း အလုပ်လက်မဲ့ ဘဝအဖြစ်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်ရကြောင်း သဲတောင်တွင် ဆယ်နှစ်ကျော် အ ကြာ သဲတူး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသည့် ဦးသေ့ရယ်က ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

“ကျနော်တို့ရဲ့ သဲတွင်းလေးကိုပဲတူးစားနေတာပေါ့ တခြားအလုပ်ကိုလည်း မလုပ်စားတတ်ဘူး ဒီတခုပဲလုပ်တယ်။ ဟင်းဖိုးပဲရှာတာပါ သူတို့ကလာပြီးဝင်ရောက်ပိတ်ပင်ရင်တော့ ကျနော်တို့ဘာသွားလုပ်စားတတ်မလဲ ဒီအလုပ်နဲ့ပဲ စားနေရတာဆိုတော့ ကျနော်တ ယောက် တည်း မဟုတ်ပါဘူး အားလုံးပါပဲ” ဟု ပြောသည်။

ယခုလို ကုမ္ပဏီတခုမှ သတ္တုလာရောက်တူးဖော်မည်ကို ကန့်ကွက်သည့်အနေဖြင့် ဒေသခံများမှ စုပေါင်းကာ ပြည်နယ်အစိုးရထံ လက် မှတ် ထိုး ကန့်ကွက်မည်ဟု သိရသော်လည်း ယခုချိန်အထိ ၎င်းဒီးမော့ဆိုမြို့မှ ရွှေတောင်၊ ငွေတောင် ၊ ပတ္တာမြားတောင်နှင့် အနီးတဝိုက် သဲ တောင်များ အကြောင်းအရာကို ပြည်နယ်အစိုးရမှ မသိရှိရသေးကြောင်း လူမှုရေးဝန်ကြီး ဦးကိုးရယ်က ယခုလိုပြောသည်။

“မရှိသေးပါဘူး အခုလောလောဆယ် အစီအစဉ်ဘာမှမရှိသေးပါဘူး။ ကျနော်တို့ ဒီမှာ ကက်ဘိနက် (cabinet) ထိုင်ထားတာလဲ ဘာမှမရှိ ပါ ဘူ။ စာဝင်တာလည်း မကြားပါဘူး ကျနော်တို့ ဆီမှာတော့ မရောက်လာသေးဘူး ဟု ပြောသည်။

No comments: