Friday, December 21, 2012

ပဉ္စမ ပုံမှန် သျှမ်းပြည်နယ်လွှတ်တော်အစည်းအဝေး အမတ်များ အဆင်သင့်မဖြစ်

သျှမ်းသံတော်ဆင့်

ပထမအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးအား ယမန်နေ့ နှင့် ယနေ့ကျင်းပနေရာ အစည်းအဝေးဖိတ်ခေါ်မှု နောက် ကျ သောကြောင့် ပြင်ဆင်ချိန်မရလိုက်ကြောင်းလွှတ်တော် အမတ်တဦးက ပြောပါသည်။

“ဒီတခေါက်လွှတ်တော်ခေါ်တာတော့ လာမည့်နှစ်အတွက် လျာထားတဲ့ ဘတ်ဂျတ်ကို အမတ်တွေ လာရောက် ထောက်ခံဖို့ဘဲ။ မနေ့ကလွှတ် တော်အမတ် တဦးက ဥယျာဉ်ခြံမြေ ပိုင်ဆိုင်မှု မြေယာဆိုင်ရာ ဥပဒေ အကြောင်း ဆွေးနွေး တယ်။ တောင်သူဦးကြီးတွေ ပုံစံ ၁၀၅ ကို လွယ် လွယ်ကူကူနဲ့ လုပ်နိုင်ဖို့ စတာတွေပေါ့။ ဘတ်ဂျတ် လျာထားချက်က ဖတ်ဖို့ အချိန် တောင် မရှိဘူး၊ နားမလည်ဘဲ ထောက်ခံတာတော့မဖြစ် သင့်ဘူး” - ဟုလွှတ်တော် အမတ်တဦးက ပြောပါသည်။

လာမည့် ၂၀၁၃-၁၄ ခုနှစ် သျှမ်းပြည်နယ် အတွက် ဘတ်ဂျတ်များလျာထားချက်ကို ထောက်ခံခိုင်းခြင်းဖြစ် ကြောင်း သိရသည်။

“ပြည်နယ်လွှတ်တော်က အစည်းအဝေးခေါ်ယူရင် ပုံမှန်အစည်းအဝေးဆို ၂၁ ရက် ကြိုတင်ဖိတ်ရ မယ်။ အထူး အစည်းအဝေးဆို ၁၅ ရက်ပေါ့၊ အရေးပေါ်အစည်းအဝေးဆို ၃ ရက် ကြိုဖိတ်ရမှာ။ အခုက ဘာလဲတော့မသိဘူး ပုံမှန်လို့ပြောတယ်။ ဒါပေမယ့်ကျနော်တို့သိရတာ က ဒီဇင်ဘာ ၁၄ ရက်။ အစည်းအဝေးက မနေ့ကစတယ်။ ၁၈ ရက်နေ့ကတည်းက တောင်ကြီး ကိုထွက်လာရတယ်။ဘာမှပြင်ဆင်တာမရှိလိုက်ရဘူး။ဘတ် ဂျတ်အတွက် ဆုံးဖြတ်ဖို့ အလောတကြီး ခေါ်လိုက်ပုံပဲ။ အစည်းအဝေးလဲ ဒီ နေ့ဘဲ ပြီးမယ်ထင်တယ်” - ဟု အမည်မဖေါ်လိုသည့် အမတ် တ ဦးကပြောပါသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က ကျင်းပသော သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေး၌ သျှမ်းပြည် နယ် အစိုးရက သျှမ်းပြည်နယ်ရ သုံး ငွေစာရင်းသုံးသပ်ရာ သျှမ်းပြည်အစိုးရဝင်ငွေ ၂.၂၂၇ သန်း ကျပ်သာရှိ ပြီး သုံးငွေက သန်းပေါင်း ၆၁၃၂ ရှိသည်ဟုဆို၏။ ယခု ၂၀ ၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် မှာမူ ဘတ်ဂျတ် ကျပ် သန်းပေါင်း ၉၅၁၉ သန်း လျာထားသည်ဟုဆို၏။ မြေပေါ်၊ မြေအောက် သယံဇာတနှင့် နယ်ခြားပေါက် ကြီး မှရသည့်အခွန်အခ ထည့် မတွက်ဘဲ၊ တခြားကုန်သွယ်ရေးနယ်ခြားဂိတ်လေးများ၏ အခွန် ၃% ဘဲ ရမည်ဆို လျှင် ဝင်ငွေနှင့် ထွက် ငွေ ဘယ်သောအခါမှ မျှမည်မဟုတ်ကြောင်း ပြည်နယ် လွှတ်တော်အမတ် တဦးက ပြောဖူး၏။

၁၉၄၀-၄၁ အင်္ဂလိပ်ခေတ်တွင် သျှမ်းပြည် (မြေပေါ်မြေအောက်သယံဇာတ ထုတ်ကုန်သွင်းကုန်အခွန်၊ အမြတ် ငွေ) ဝင်ငွေ ၅,၈၈၈,၀၀၀ ရူးပီး ရှိပြီး ဗဟိုအစိုးရ(အင်္ဂလိပ်အား နိုင်ငံခြားဆက်သွယ်ရေး၊ကာကွယ်ရေး၊ ငွေဒင်္ဂါး ထုတ်လုပ်ရေး၊ လမ်း တံတားဖေါက်လုပ်ရေးအသုံး စရိတ်အ တွက်ပြန်ပေးရ) ထံပေးရသည့်ငွေက ၂,၃၈၂,၀၀၀ ရူးပီးသာရှိသည့် အတွက် သျှမ်းပြည် အစိုးရအတွက်ကျန်ရှိသည့် ရူးပီးငွေ ၃,၅၀ ၆,၀၀၀ ဖြင့် သျှမ်းပြည်ရေးရာ အတွက်သုံးစွဲနိုင်ခဲ့သည်ဟု ဦးထွန်းမြင့်၏ “ ရှမ်းပြည်နစ်နာချက်များ” စာတမ်းတွင်ရေးသားထား ပါသည်။

No comments: