Wednesday, December 26, 2012

သံဃာနောက်တပါး ဘန်ကောက်မှာ ဆေးကုသမှုခံယူ

ABC

လက်ပန်းတောင်းတောင် ​သပိတ်စခန်းဖြိုခွင်းခံခဲ့ရာက ​ဒဏ်ရာရရှိပြီး ​ရန်ကုန်ဆေးရုံကြီးမှာဆေးကု ​သမှုခံယူနေတဲ့ ​သံဃာတော် ​၄ပါး ထဲက ​ကိုရင်သစ္စနရဲ့ဒဏ်ရာတွေကို ​ကုသနိုင်ဖို့အတွက် ​ထိုင်းနိုင်ငံကို ​ဒီဇင်ဘာ ​၂၅ရက်နေ့ ​ညနေပိုင်းက ​ပင့်ဆောင်သွားတယ်လို့ ​သိရ ပါတယ်။

သက်တော် ​၁၄နှစ်သာရှိသေးတဲ့ကိုရင် ​သစ္စနဟာ ​မုံရွာမြို့ ​မြို့မရွှေကူ ​ကျောင်းတိုက်ကဖြစ်ပြီး ​ကိုရင်သစ္စနနဲ့ ​အတူ ​သံဃာတော်တပါးနဲ့ ​ရန် ​ကုန် ​ဆေး ​ရုံက ​ဒေါက်တာအေးမြင့်ထွန်းတို့ ​လိုက်ပါသွားတယ်လို့ ​သိရ ​ပါတယ်။

ထိုင်းနိုင်ငံမှာဆေးကုသမဲ့ ​ကိုရင်သစ္စနရဲ့ ​ဆေးကုသစရိတ် ​တွေကို ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ​ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင် တဲ့ ​စုံစမ်းစစ်ဆေး ​ရေးကော်မရှင်က ​တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ​ဒဏ်ရာရသံဃာ ​တော်တွေကို ​ကူညီ ​စောင့်မှုပေးနေတဲ့အဖွဲ့က ​သံဃာတော်တပါးက ​အခုလိုမိန့်ကြားပါတယ်။

ဒဏ်ရာရတဲ့သံဃာ ​ရန်ကုန်မှာ ​၄ပါးရှိပါတယ်၊ ​အဲဒီ ​၄ပါးအနက် ​ကိုရင်သစ္စနဆိုတာ ​ဒီနေ့ညနေ ​၄နာရီခွဲ က ​လေယာဉ်နဲ့ ​ထိုင်းနိုင်ငံကိုသွား ပြီး လေယာဉ်နဲ့ ​ဆေးသွားကုပါတယ်။ ​ဒဏ်ရာအခြေ ​အနေကတော့ ​တအားကြီးပြင်း ​ထန်လာတာရယ် လို့တော့ ​မဟုတ်ဘူး၊သူကတော့ ​ခန္စာကိုယ် ​အောက်ပိုင်းမှာ ​နှစ်ဘက်စလုံးပေါ့၊ ​ခြေထောက်ပေါင် ​အောက်ပိုင်းတွေအားလုံးပေါ့၊ ​ ထိုင်းနိုင် ငံမှာ ​သွားကုလို့ရှိရင် ​ပိုပြီးတော့ ​ကောင်းလာနိုင် တယ်၊ ​ပိုပြီးတော့ ​အဆင်ပြေလာနိုင်တယ်လို့ ​ယူဆပြီး ​တော့ ​နိုင်ငံတော်သမတရဲ့အမိန့်နဲ့ ​စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့က တာဝန်ယုပြီး တော့ ​ထိုင်း ​နိုင်ငံကို ​ပို့တာပါ၊ ​ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ ​ကော်မရှင်အဖွဲ့ပါ။ 

ထိုင်းနိုင်ငံတွင်းမှာ ​ပထမဦးဆုံး ​ဆေးကုသမှုခံယူနေတဲ့ ​ဆရာတော်ဦးသိက္ခဥာဏရဲ့ ​အခြေအနေနဲ့ ​ပတ်သက်ပြီးလည်း ​ဆရာ ​တော်က ​အ ခု လိုဆက်လက်မိန့်ကြားပါတယ်။

ဆရာတော်ဦးသိက္ခဥာဏရဲ့ ​အခြေအနေကတော့ ​ကောင်းတယ်လို့ ​ယူဆကြပါတယ်၊ ​ပြောလို့ရပါတယ်၊ ​အခု ​လက်တဖက်က​အရေပြား အစား ထိုး ​သူတို့ကုပြီးပြီလို့ပြောပါတယ်။ ​ဆရာတော် ​ဦးသိက္ခဥာဏရဲ့ ​ကုန်ကျစရိတ်ကို ​နိုင်ငံတော် ​ဘတ် ဂျက်နဲ့ ​စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က ​တာဝန်ယူပြီးတော့ ​လုပ်ဆောင်နေတာတွေ့ရပါတယ်။ 

ထိုင်းနိုင်ငံမှာဆေးကုသခံယူနေတဲ့ ​ဆရာတော်ဦးသိက္ခဥာဏရဲ့၁၀ရက်စာ ​ကုန်ကျစရိတ် ​ဟာ ​ဘတ် ​၃သန်းကျော်ကုန်ကျနေပြီး ​ထိုင်းနိုင် ငံမှာ ရောက်နေတဲ့ ​သံဃာတော်တွေနဲ့ ​ဒဏ်ရာရတဲ့ ​အခြားသံဃာ ​တော်တွေကို ​ဒဏ်ရာပျောက်သွားတဲ့အထိ ​ကူညီစောင့်ရှောက်ပေးစေ ချင်တယ် လို့ ​ဆရာတော်က ​မိန့်ပါတယ်။


လောလောဆယ် ​ဆေးကုသခံယူနေတဲ့ ​သံဃာတော်တွေက ​ထိုင်းနိုင်ငံမှာ ​၂ပါး၊ ​ရန်ကုန်ဆေးရုံကြီးမှာ ​၃ပါးနဲ့ ​မန္တလေးဆေးရုံမှာ ​၉ပါး ​ဖြစ် တဲ့ အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: