Monday, December 31, 2012

အဲပုဂံကလျော်ကြေးငွေပေးမယ်လို့ပြော

ABC

ခရစ္စမတ်နေ့တုန်းက ​ရှမ်းပြည်နယ် ​ဟဲဟိုးမြို့လေဆိပ်ကို ​ဆင်းသက်ရာက ​ပျက်ကျခဲ့တဲ့လေယာဉ်နဲ့ ​ပတ်သက်ပြီး ​စုံစမ်းစစ်ဆေးမှုတွေ ​ဆက်လက်လုပ်ကိုင်နေပြီး ​အဲပုဂံကလည်း ​လျော်ကြေးတွေ ​ပေးမယ်လို့ ​ပြောပါတယ်။

လျော်ကြေးကို ​ရရှိမယ့်သူတွေထဲမှာ ​သြစတြေးလျနိုင်ငံသား ​၅ ​ယောက်ပါဝင်ပြီး ​ငါးယောက်စလုံးက ​အသက်ဘေးကင်းခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ​လေယာဉ်ပေါ် ​လိုက်ပါလာသူနှစ်ဦး ​သေဆုံးခဲ့ရပြီး ​လမ်းမပေါ်မှာ ​ဆိုက်ကယ်စီးနှင်းသူတစ်ဦးကတော့ ​လေယာဉ်ပျက် ကနေ ​လွှင့်စင်ထွက်လာတဲ့ ​အပိုင်းအစထိမိပြီး ​သေဆုံးခဲ့တဲ့အတွက် ​စုစုပေါင်း ​၃ ​ဦး ​သေဆုံးခဲ့ပါတယ်။

လေယာဉ်ပေါ်မှာ ​ခရီးသည် ​၆၃ ​ယောက်ပါဝင်ပြီး ​အများစုက ​နိုင်ငံခြားသာတွေ ​ဖြစ်ပါတယ်။

နိုင်ငံတကာကလည်း ​အဖြေကို ​သိလိုနေကြတဲ့အတွက် ​ပုဂံလေကြောင်းအနေနဲ့ ​ဖိအားပေးခံနေရပြီး ​စုံစမ်းစစ်ဆေးမှုတွေ ​ပြုလုပ်နေပါ တယ်။

အဲပုဂံရဲ့ ​မန်နေဂျင်းဒါရိုက်တာ ​ဦးထူးသက်ထွေးက ​မြန်မာ့သယ်ယူပို့ဆောင်ရေးဝန်ကြီး ​ကိုယ်တိုင် ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်တစ်ရပ်ဖွဲ့ပြီး ​စုံစမ်းမှုတွေ ​လုပ်နေတဲ့အကြောင်း ​လေယာဉ်ရဲ့ ​မှတ်တမ်းတွေပါဝင်တဲ့ ​Black ​Box ​သို့မဟုတ် ​FDR ​ကိုလည်း ​စင်္ကာပူနိုင်ငံကို ​ပို့ဆောင်ပြီး ​စစ်ဆေးမှုတွေ ​လုပ်နေတယ်လို့ ​ပြောသွားခဲ့ပါတယ်။

No comments: