Wednesday, December 26, 2012

အဲပုဂံဟဲဟိုး၌ပျက်ကျ ကလေးငယ်တဦးအပါအဝင် ၃ ဦးသေ ဆုံး ၁၁ ဦးဒဏ်ရာရ

သျှမ်းသံတော်ဆင့်

ယနေ့မနက်ပိုင်းက မန္တလေး - ဟဲဟိုး ပြေးဆွဲသည့်အဲပုဂံလေယာဉ်တစီး စက်ချွတ်ယွင်း ပျက်ကျသေကြေ ဒဏ်ရာရမှုရှိခဲ့ကြောင်း တောင် ကြီး ဒေသခံများကပြောသည်။

“လေယာဉ်ခါးကနေကျိုးသွားတယ်။ မီးထလောင်တယ်။ လေယာဉ်ပျက်ကျပြီးမကြာမီ လေကြောင်း လိုင်း ပိုင်ရှင် ဦးတေဇက ကိုယ်ပိုင် လေ ယာဉ်လေးနဲ့ ဟဲဟိုးလေဆိပ်ကို ၁၂ နာရီ မထိုးခင် ၅ မိနစ်အလို မှာ ရောက် ရှိလာပြီး အခင်းဖြစ် ရာနေရာကို သွားကြည့်တယ်။ ပြီးတော့ဟဲ ဟိုးလေယာဉ် ကွင်းကို အပေါ်မှ ၃ ပတ် ပတ် ကြည့်ပြီးပြန်သွားတယ်” - ဟု အဆိုပါ ကားဆရာက ဆက်လက်ပြောပြသည်။

ယနေ့နံနက် ၈ နာကျော် အချိန်တွင် မန္တလေးမှ ဟဲဟိုးလေဆိပ်သို့ ပျံသန်းသည့် အဲပုဂံ လေကြောင်းလိုင်းက ဟဲဟိုးလေဆိပ်အဆင်း အ င်္ဂျင် ချွတ်ယွင်း ပျက်ကျခဲ့ကြောင်း ၂ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိကြောင်း၊ မြူနှင်းများကြောင့် လေယာဉ်ပြေးလမ်းဘေး လယ်ကွင်းအ တွင်း မှားယွင်းဆင်းသက်ခဲ့ကြောင်း - အစိုးရ ပြန်ကြားရေးသတင်းဌာနက သတင်းထုတ်ပြန်ပါသည်။

“အင်ဂျင်စက်ခန်းထဲက စက်ချွတ်ယွင်းတဲ့ အသံကြီးထွက်ပေါ်လာပြီးနောက်ပိုင်း လေယာဉ်ကြီးက ထိုးကျသွား တယ်ဆိုဘဲ။ လေယာဉ် ပြေး လမ်းပေါ်တောင်မရောက်ဘူး။ ကားလမ်းမပေါ် ကဆိုင်ကယ်သမား ၂ ယောက်ကိုလဲ လေယာဉ် တောင်ပံရိုက်မိလို့ပွဲချင်းပြီးသေတယ်။ လေ ယာဉ်ထဲမှာ အသက် ၁၁ နှစ်ကလေးတယောက် သေတယ်လို့ကြားတယ်။ တောင်ကြီးဆေးရုံကိုလူနာ ၁၁ ယောက်ပို့ရတယ်”- ဟု တောင် ကြီး ဟဲဟိုးလေယာဉ် ကွင်း တက်စီပြေးဆွဲနေသည့် ကားဆရာတဦးက သျှမ်းသံ တော်ဆင့်အားပြောပြသည်။

ကွယ်လွန်သူနှင့် ထိခိုက်ဒဏ်ရာရသူတွေအတွက် အဲပုဂံလေကြောင်းလိုင်းကလည်း အထူးပင် ဝမ်းနည်းကြေ ကွဲရပါကြောင်း သတင်း ထုတ် ပြန်ပါသည်။

လေယာဉ်ပေါ်ပါခရီးသည်များအား လေယာဉ်ကွင်းအနီးရှိ ဘုန်းကြီးကျောင်းတွင် ခေတ္တထားရှိကာကွယ် စောင့်ရှောက်မှု များပြုလုပ်ပေး နေ သည် ဟု ဟဲဟိုးမြို့ခံများက ပြောပါသည်။

ဒီဇင်ဘာ 25 ရက် အင်္ဂါနေ့ ယနေ့နံနက်ပိုင်းက ခရီးစဉ်အမှတ် W9- 001 ၊ လေယာဉ်အမှတ် XY-AGC ၊ F-100 အမျိုး အစား အဲပုဂံ လေ ယာဉ် စက်ချွတ်ယွင်းကာ ဟဲဟိုးလေယာဉ်ကွင်းမရောက်ခင် ပျက်ကျခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပုဂံလေကြောင်းလိုင်းသည် နိုင်ငံခြားသား ခရီးသည် ၅၁ ဦး၊ ပြည်တွင်းခရီးသည် ၁၂ ဦး၊ လေယာဉ်မှူး နှစ်ဦးအပါအဝင် လေယာဉ် ဝန် ထမ်း ၉ ဦး စုစုပေါင်း ၇၁ ဦးတို့အနက် အသက် ၁၁ နှစ် ကလေး ၁ ယောက် သေဆုံးပြီး ၁၁ ယောက်ဒဏ်ရာရရှိကာ ဟဲဟိုး နှင် တောင်ကြီး မြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကုသထား သည်ဟု ပြန်ကြားရေးဌာန နေပြည်တော်က ထုတ်ပြန်သည်။

No comments: