Monday, December 31, 2012

လက်ပံတောင်းတောင်ကိစ္စစုံစမ်းဖို့ သိပ္ပံပညာရှင်ကိုတာဝန်ပေး

ABC

လက်ပတောင်းတောင်စီမံကိန်း ​နဲ့ပတ်သက်ပြီး ​သဘာဝ ​ပတ်ဝန်းကျင်ထိ ​ခိုက်မှု ​နဲ့ ​လူမှုဘဝအကျိုး ​သက်ရောက်မှု ​အကဲဖြတ်ဖို့ ​မြန်မာ့ သဘာဝပတ်ဝန်းကျင်သိပ္ပံကို ​စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ​တာဝန်ပေး ​လိုက်တဲ့အကြောင်း ​မနေ့က ​ကော်မရှင်ရဲ့သတင်းထုတ်ပြန် ချက်ထဲမှာ ​ပါရှိ ပါတယ်။

မုံရွာလက်ပံတောင်းတောင် ​စီမံကိန်းဟာ ​Myanmar ​Economic ​Holding ​Ltd ​နဲ့ ​တရုတ် ​Wanbao ​Mining ​Ltd ​and ​Yang ​Tze ​Copper ​Ltd ​တို့စပ်တူပူးပေါင်း ​လုပ်ဆောင်နေတဲ့ ​စီမံကိန်းဖြစ်ပါတယ်။

တရုတ်နိုင်ငံထုတ် ​Xinhua ​သတင်းထဲမှာ ​ဒီစီမံကိန်းဟာ ​မြန်မာနိုင်ငံက ​ထုတ်ပြန်ထားတဲ့ ​နိုင်ငံခြား ​ရင်းနှီး ​မြှုပ်နှံမှု ​ဥပဒေနဲ့ ​ကိုက်ညီတဲ့ ​ပူး ပေါင်းဆောင်ရွက်မှုရှိတဲ့ ​လုပ်ငန်းတရပ် ​ဖြစ်တယ်လို့ ​ဖေါ်ပြထားပါတယ်။

ကျွမ်းကျင် ​ပညာရှင် ​၁၂ ​ဦး ​ပါဝင်တဲ့ အဖွဲ့ဟာ ​၂ ​ပါတ်အတွင်း​တွေ့ရှိချက်တွေကိုအစီရင်ခံရမှာဖြစ် ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင် တဲ့ ​အဖွဲ့ဝင် ​(၁၆)ဦး ​ပါဝင်တဲ့ ​စုံစမ်း ​စစ်ဆေးရေး ​ကော်မရှင်က ​ဇန္နဝါရီလ ​၃၁ ​ရက်နေ့မှာ ​လက်ပံတောင်းတောင် ​စီမံကိန်းဟာ ​တိုင်းပြည်နဲ့လူ ထု ​တွေအဖို့ ​အကျိုးရှိ ​မရှိ၊ ​စီမံကိန်းဆက်လက် ​ပြုလုပ်သင့် ​မသင့်ဆိုတဲ့ ​အကြံပြု ချက် အစီရင်ခံစာကို ​တင်သွင်းရမှာ ​ဖြစ်ပါတယ်။

ကြေးနီတောင် ​စီမံကိန်းက ​နေ ​ထွကပေါ်လာတဲ့ ​အမြတ်တွေထဲကနေ ​မြန်မာအစိုးရ ​က ​၁၆.၈ ​% ​Myanmar ​Economic ​Holding ​Ltd ​၁၃.၈% ​နဲ့ ​ရင်းနှီးမြှုပ်နှံမှု ​မှာ ​အပြည့်အဝ ​ထည့်သွင်းထားတဲ့ ​တရုတ် ​ကုမ္ပဏီက ​၁၃.၃၃% ​ဝေစု ​ခွဲဖို့ ​သဘောတူညီထားကြတယ်လို့ ​တ ရုတ်နိုင် ငံထုတ် ​China ​Daily ​မှာ ​ဖေါ်ပြထားပါတယ်။

လက်ပံတောင်းတောင်စီမံကိန်း ​စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ​သတင်းထုတ်ပြန်ချက်ထဲမှာ ​ကြေးနီ စီမံကိန်းသပိတ်စခန်း က​နေမီး လောင် ​ဒဏ်ရာရတဲ့လူနာတွေအတွက် ​နိုင်ငံတော်က ​တာ ​ဝန်ယူဆောင်ရွက်နေတဲ့ ​အကြောင်း၊ ​မီးလောင် ခံရတဲ့ ​သံဃာတော် ​၂ ​ပါး ​ဟာလည်း ​ထိုင်း နိုင်ငံမှာ ​ဆေးကုသမှုခံယူနေပြီဆိုတဲ့အကြောင်း ​သတင်းထုတ်ပြန်ခဲ့ပါတယ်။

No comments: