Wednesday, December 26, 2012

လေယာဉ်ပျက်ကျမှု ထိခိုက်သူများ ရန်ကုန်ဆေးရုံကြီးသို့ ရွှေ့ရ

စနေလင်း

ဟဲဟိုးတွင် အဲပုဂံ လေယာဉ်ပျက်ကျမှုသည် အစိုးရ အရေးကိစ္စ ဖြစ်သောကြောင့် ယင်းလေယာဉ်တွင် ပါဝင်ခဲ့သည့် မြန်မာနိုင်ငံသား လူ နာ များအား ဝိတိုရိယ ပုဂ္ဂလိက ဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက်ကြောင်း လူနာရှင်များ၏ အဆိုအရ သိရသည်။

ယင်းလေယာဉ်တွင် ပါဝင်ခဲ့ပြီး ဒဏ်ရာရခဲ့သည့် အမေရိကန်နိုင်ငံသား လင်မယား ၂ ဦးကိုမူ ထိုင်းနိုင်ငံ ဘန်ကောက် ဆေးရုံကြီးသို့ ဆေး ကု သမှု ခံယူရန် ယမန်နေ့ကတည်းက လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ရှမ်းပြည်နယ် အင်းလေးကန်ရှိ Diethelm Tour & Travel ကုမ္ပဏီရုံးခွဲမှ တာဝန်ရှိသူက ပြောသည်။

ယခုအခါ ဝိတိုရိယ ဆေးရုံတွင် အမေရိကန် နိုင်ငံသားခံယူထားသော မြန်မာနိုင်ငံဖွား အမျိုးသမီးကြီး တဦးသာ ကျန်ရှိတော့သည်ဟု သိ ရ သည်။

ရန်ကုန်ဆေးရုံကြီးသို့ ရောက်နေပြီဖြစ်သော ဂျာမန်ဧည့်လမ်းညွှန် မတိုးတိုးခင်၏ လူနာစောင့် သူငယ်ချင်းက “ကျမတို့ သိသလောက် လက်ရှိ ဧည့်လမ်းညွှန်၎ ဦး အပါအ၀င် ကုသမှုခံယူရမယ့် သူတွေအားလုံးကို မနေ့ ညနေ ကတည်းက ရန်ကုန်ဆေးရုံကို ရွှေ့ထားတယ်။ မတိုးတိုးခင် ကတော့ ရန်ကုန်ဆေးရုံက အရေပြားဌာနမှာ အရင် ကုသပေးနေတယ်။ သိပ်တော့ စိုးရိမ် စရာ မရှိတော့ဘူး” ဟု ဧရာဝတီကို ပြောသည်။

လေယာဉ်ပျက်ကျစဉ်က လေယာဉ်ပေါ်တွင် ပါဝင်ခဲ့သူ အားလုံးသည် လေယာဉ်အတွင်းမှ အပြင်သို့ ခုန်ချချိန် ရခဲ့ကြောင်း၊ မတိုးတိုးခင် သည် လေယာဉ်ပေါ်မှ ခုန်ချစဉ် မီးလောင်နေသည့် နေရာအတွင်းသို့ ကျရောက်ခဲ့သော်လည်း နိုင်ငံခြား သား ၂ ဦးက တွဲထုတ်ပေးနိုင် ခဲ့ကြောင်း၊ ၎င်း ၏ ညာဘက်ခြေထောက်တွင် မီးလောင်ဒဏ်ရာ ရခဲ့ပြီး ကျောရိုး၏ ပထမအရိုး ကျိုးသွားကာ ဆံပင်တချို့ မီးလောင်မှု ဖြစ်ခဲ့ကြောင်း မတိုး တိုးခင်၏ ပြောပြချက်ကို ကိုးကား၍ သူငယ်ချင်းဖြစ်သူက ဆိုသည်။

သေဆုံးသွားသူ မနွဲ့လင်းရှိန်သည်လည်း လေယာဉ်ပျက်ကျစဉ် လေယာဉ်အတွင်းမှ ခုန်ချသည်ဟု သိရကြောင်း၊ လေယာဉ် မီးလောင်မှု ကြောင့် မီးခိုးများမွှန်နေသည့်အတွက် မတိုးတိုးခင် အနေဖြင့် သတိမရတချက်၊ ရတချက် ဖြစ်ခဲ့ရာ ကျန် အဖြစ်အပျက်များကို မမှတ်မိ တော့ ကြောင်း သိရသည်။

ရခဲ့ကြောင်း၊ ၎င်း အချိန်အတွင်း ရအောင် ကယ်နိုင်ခဲ့ပြီး မည်သည့် တုန့်ပြန်မှုမှ မရှိတော့သည့်အချိန်တွင် ထိုနေရာမှ စွန့်ခွာခဲ့ကြောင်း၊ ကွယ် လွန်သူ ဧည့်လမ်းညွှန် မနွဲ့လင်းရှိန်မှ မည်သည့်အကြောင်းကြောင့် ကျန်ခဲ့သည်ကို မသိလိုက်ကြောင်း ပြောဆိုသည်။

“သူတို့ အားလုံးက လေယာဉ် ဆင်းနေတယ်လို့ပဲ ထင်ခဲ့ကြတာ။ ကြေညာတာလည်း လေယာဉ်ဆင်း တယ်လို့ပဲ ကြေညာတာ။ ဘယ်လိုဖြစ် သွားတယ်ဆိုတာ သိတောင် မသိလိုက်ကြဘူး။ တမိနစ်အတွင်းမှာကို ဖြစ်ပျက်သွားခဲ့တာ။ ဖြစ် တော့ ရုတ်တရက်အားလုံး ခုန်ဆင်း ကြတယ်။ နောက်ပိုင်း ဘာဖြစ်တယ် ဆိုတာတော့ မမှတ်မိတော့ဘူးတဲ့” ဟု မတိုးတိုးခင်၏ လူနာစောင့် သူငယ်ချင်းက ပြောသည်။

ယမန်နေ့က ၀ိတိုရိယဆေးရုံမှ ရွှေ့ပြောင်းလာစဉ် လေယာဉ်မှူးဖြစ်သူသည် နှာခေါင်းမှ သွေးယိုစီးကျနေသည်ကို တွေ့ခဲ့ ရကြောင်း၊ ယခု အ ချိန်အထိ ဧည့်လမ်းညွှန်များ၏ အခြေအနေမှလွဲပြီး တခြားလူနာများ၏ အခြေအနေကို မသိရသေးကြောင်း သူက ဆက်ပြောသည်။

“ကျမတို့ လူနာစောင့်တွေတောင် အပြင်ထွက်နေရတယ်။ ကုမ္ပဏီဘက်ကတော့ လိုအပ်တဲ့ အရာတွေ အားလုံးကို ပံ့ပိုး ပေးပါတယ်။ လူနာ စောင့်တွေ အတွက် စားစရာကအစ ပံ့ပိုးပေးတယ်။ လေယာဉ် ပျက်ကျတာမှာ အရမ်းကံကောင်းလို့ ဒီလောက်ပဲ ဖြစ်ခဲ့ကြတာ” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်တွင် လေယာဉ်မှူး အပါအ၀င် ဒဏ်ရာရခဲ့သူများ အားလုံးကို ရန်ကုန် ဆေးရုံကြီးတွင် ကုသပေးလျှက် ရှိသည်။

လေယာဉ် ပျက်ကျမှုတွင် ပါဝင်ခဲ့သည့် ပြင်သစ် ဧည့်လမ်းညွှန် ကိုမြင့်ထွေးကမူ ၎င်းအနေဖြင့် ဒဏ်ရာကြောင့် လက်ရှိ အချိန်တွင် စကား မ ပြော လိုသေးသောကြောင့် တွေ့ဆုံမေးမြန်းခွင့် မပြုနိုင်သေးကြောင်း သိရသည်။

“မတိုးရဲ့ အခြေအနေကတော့ ခွဲစိတ်ဖို့ ဘာမှ မပြောသေးဘူး။ သူက စိတ်တော့ မာပါတယ်။ ပြန် ကောင်းသွားပြီးလို့ ၁ လလောက် ကြာရင် တောင် အလုပ်ခွင်ထဲ ပြန်ဝင်မယ့် စိတ်တော့ ရှိနေတယ်။ သိရသလောက်တော့ အားလုံးထဲမှာ မတိုး တယောက်ပဲ ဒဏ်ရာပြင်းတယ်လို့ ကြား မိပါတယ်” ဟု မတိုးတိုးခင်၏ သူငယ်ချင်းက ပြောပြသည်။

လေယာဉ်ပျက်ကျ မှုကြောင့် ဒဏ်ရာရသူများအနေဖြင့် ကြောက်လန့်နေသည့် အရှိန် အနည်းငယ် ဆက် ရှိနေဦးမည် ဖြစ်ကြောင်း၊ ရန် ကုန် ဆေးရုံကြီး အရေပြား ဌာနတွင် ဂျာမန်ဧည့်လမ်းညွှန်မတိုးတိုးခင်နှင့် အသက် ၁၈ နှစ်အရွယ်ရှိ လေယာဉ်ပြေးလမ်းအနီး ဆိုင်ကယ် စီးလာ သည့် လူငယ်တဦးတို့ကို ကုသပေးနေလျှက် ရှိကြောင်း၊ ပြင်သစ် ဧည့်လမ်းညွှန် ကိုမြင့်ထွေး၊ စပိန် ဧည့်လမ်းညွှန် ကိုစိုးမိုးသူ၊ အ င်္ဂလိပ် ဧည့် လမ်းညွှန်မခင်အေးလှိုင်နှင့် လေယာဉ်မှူး အပါအ၀င် တခြား ဒဏ်ရာရသူများကို ရန်ကုန် ဆေးရုံကြီး ပင်မ ဆောင်များတွင် ကုသပေး နေ ကြောင်း သိရသည်။

No comments: