Thursday, December 27, 2012

မိုးညှင်းမြို့အဝင်တွင် ဗုံးပေါက်ကွဲ

ကော့လီ

ကချင်ပြည်နယ် မိုးညှင်း မြို့အဝင် တံတားအမှတ် ၅၈၇ ရထားလမ်းပေါ်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ ည ပိုင်းက မန္တလေးဘက်ကနေ ဝင် လာတဲ့ ရထား တန်း ဖြတ်သန်းချိန်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သတင်းရရှိ ပါတယ်။

မနေ့ည ၁၀ နာရီ ၅ မိနစ် အချိန်ခန့်မှာ မိုးညှင်းမြို့အဝင် ရိုးမမုန် (သရက်ရိုး)ကွင်း အရှေ့ဘက် ရေပေါက် တံတားအမှတ် ၅၈၇၊ ကြေး နန်းတိုင် ၆၃၂/၁၈ တည့်တည့် နေရာကို အစိုးရတပ်သားများ လိုက်ပါလာတဲ့ ရှေ့ပြေး လုံခြုံရေး ရထား ခုတ်မောင်းဖြတ်သန်းတဲ့ အချိန်မှာ ပေါက်ကွဲသွားတာ ဖြစ်ပါတယ်။

ရှေ့ပြေးရထားအကျော် နောက်က ရထားများ မရောက်ခင် ပေါက်ကွဲသွား တာဖြစ်လို့ ရထားလမ်း ပျက်စီးသွားတာကလွဲလို့ အထိအခိုက် အပျက်အစီး မရှိခဲ့ဘူးလို့ သိရပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် ရှေ့ပြေးရထားပေါ်က စစ်သားများက မိုးညှင်းဘူတာအထိ သေနတ်များ မိုး ပေါ်ထောင် ပစ်ဖောက် ခြောက်လှန့်ခဲ့ သေး တယ်လို့ သိရပါတယ်။


ရှေ့ပြေး လုံခြုံရေးရထား နောက်က ပါလာတဲ့ ရထားနှစ်စီးက ရပ်စောင့်နေရပြီး ပျက်စီးသွားတဲ့ ရထားလမ်းကို ညတွင်းချင်းပြင်ဆင်ပြီးမှ ဆက် လက် ခုတ်မောင်းသွားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျနော်တို့မှာ ၁၉၈၀ ပတ်ဝန်းကျင် အချိန်ကို ပြန်ရောက်သွားသလိုပါပဲဗျာ။ အဲဒီတုန်းကလည်း သံလမ်းတစ်လျှောက် ဗုံးတွေ ခဏခဏကွဲ တယ် – လို့ မိုးညှင်းဒေသခံ တစ်ဦးက ပြောပါတယ်။

ဘယ်အဖွဲ့အစည်းက ဖောက်ခွဲသွားတာဆိုတာကို မသိရသေးပေမယ့် ကေအိုင်အေ ဌာနချုပ် အနီးမှာ တိုက်ပွဲများ ပြင်းထန်လာချိန် အ တွင်း မှာ ကချင်ပြည်နယ် အနောက်ဘက်ခြမ်းမှာ အခုလို ဗုံးခဏခဏကွဲနေပြီး ဒီဇင်ဘာလအတွင်းမှာပဲ မိုးညှင်းမြို့နယ် နမ္မားအနီးမှာ ဗုံးကွဲလို့ ကုန် တင်ရထား တစ်စီး တိမ်းမှောက်ခဲ့ပါသေးတယ်။

No comments: