Tuesday, December 25, 2012

ဟဲဟိုးတွင် အဲပုဂံ လေယာဉ်ပျက်ကျမှု နှစ်ဦးသေဆုံး

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဌ်က သူ၏ ဖေ့စ်ဘွတ်တွင် ရေးသားထားရာတွင် အဲပုဂံလေယာဉ်သည် ဟဲဟိုးလေဆိပ်အဆင်း မြူနှင်းများကြောင့် ပြေးလမ်းဘေး လယ်ကွင်းအတွင်း မှားယွင်းဆင်းသက်သွားရာမှလေယာဉ်အမြီးပိုင်းကျိုးကာ မီးလောင်ကျွမ်းမှု ယနေ့နံနက် ၈ နာရီ ၅၅ မိနစ်တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး လေယာဉ်နှင့်တိုက်မိ၍ ကားလမ်းပေါ်တွင် ဆိုင်ကယ်စီးနေသူနှစ်ဦးအနက် တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ပါရှိ သည်။ ထို့အပြင် နိုင်ငံခြားသားလေးဦးအပါအ၀င် လူ ၁၁ ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟုဆိုသည်။

နိုင်ငံခြားသား ၅၁ ဦးအပါအ၀င် ခရီးသည် လေယာဉ်အမှုထမ်းနှင့် လုံခြုံရေးအရာရှိများအပါအ၀င် လေယာဉ်ပေါ်တွင် လူ ၇၁ ဦး လိုက်ပါသွား ခဲ့သည်။

No comments: