Thursday, December 27, 2012

ဘင်္ဂလီများထံ တိုက်ခိုက်ခံရသည့် ဦးစိန်လှ စိုးရိမ်ဖွယ်မရှိသော်လည်း ဒဏ်ရာပြင်း ထန်

မိုးဇော်

ရခိုင်ပြည် မြောက်ဦးမြို့တွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ဘင်္ဂလီများထံ တိုက်ခိုက်ခံရသော ဦးစိန်လှမှာ စိုးရိမ်ဖွယ်မရှိသော်လည်း ဒဏ် ရာ ပြင်း ထန်စွာ ရရှိထားကြောင်း သတင်းရရှိသည်။

ဦးစိန်လှသည် ဒဏ်ရာပြင်းထန်သောကြောင့် ဖြစ်ဖြစ်ချင်း စစ်တွေဆေးရုံးကို သွားရောက်ကုသခံနေသော်လည်း ဒဏ်ရာမသက်သာဖြစ် နေ သည်ကို အလှူငွေလှူဒါန်းခဲ့သော ၀ံလက်ဖေါင်ဒေးရှင်းမှ ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက ပြောသည်။

" အကိုဦးစိန်လှက မစိုးရိမ်ရဆိုပေမယ့် ဒဏ်ရာက အရမ်းပြင်းထန်ပါတယ်။ လက်မောင်းနှင့် တံ တောင်ဆစ်နားမှာရှိတဲ့ အရိုးဟာ ကျိုးသွား ပြီး တော့ ကြေသွားပါတယ်။ ဒဏ်ရာကတော့ ပြင်းထန်တဲ့အတွက် တာရှည်ကုသခံရမှာဖြစ်ပါ တယ်။ သူ့ရဲ့ညီမှာကတော့ မျက်ခုံးမှာ နည်းနည်းထိ သွားပါတယ်လို့ သူတို့က ပြောပါတယ်။ ကျနော်တို့ ဝံလက်ဖောင်ဒေးရှင်းမှလည်း ယင်းလူနာအတွက် ငွေတစ်သိန်းလှူဒါန်းခဲ့ ပါတယ်။ " ဟု ပြောသည်။

တိုက်ခိုက်ခံရသူများမှာ ဦးစိန်လှ(၅၆)နှစ်၊ ဦးသာထွန်းစိန် (၅၄)နှစ်နှင့် မောင်စိန်လှကျော်(၁၉)နှစ်တို့သည်ဇေယ၀တီကျေးရွာမှဖြစ်ကြပြီး ယင်း အထဲကမှ ဦးစိန်လှမှာ ဒဏ်ရာပြင်းထန်သောကြောင့် စစ်တွေဆေးရုံ၌ ကုသခံနေရသူဖြစ်ပြီး ကျန်နှစ်ဦးမှာ မြောက်ဦးဆေးရုံ၌ ကုသ ခံနေကြ သည်ကို သိရသည်။

ပေါင်းတုတ်ကျေးရွာမှ ကုလားများက ယင်းအသတ်ခံရ ရခိုင်သုံးဦး၏လယ်မှ စပါးများကိုခိုးထား သော ကြောင့် ယင်းရခိုင်သုံးဦးက လုံးခြုံ ရေး တာဝန်ယူထားသော ခမရ ၅၄၀ တပ်ကို တိုင်ကြားထားတဲ့အတွက် ပေါင်းတုတ်ရွာနေ ကု လားများက အခုလို ရိုက်ပုတ်လိုက်တာဖြစ်ကြောင်း ကို ကိုဇော်ဇော်ထွန်းက ဆက်လက်ပြောကြားခဲ့သည်။

ဤပြစ်မှုကို တိုက်ခိုက်ခံရသူများက သက်ဆိုင်ရာ ဌာနများကို တိုင်ကြားထားကြပြီး ဌာနဆိုင်ရာများမှလည်း အမှုကိုတရာမျှတစွာ ဖြစ် အောင် ဆောင်ရွက်နေကြောင်း သိရသည်။

No comments: