Wednesday, December 26, 2012

လေယာဉ်ပျက်ကျ ဒဏ်ရာရသူများ ရန်ကုန်တွင် ခေါ်ယူကုသပေးနေ

ကောင်းထက်ကျော်

ရှမ်းပြည်နယ်၊ ဟဲဟိုးလေဆိပ်တွင် Air Bagan လေကြောင်းလိုင်းတခု အင်္ဂါနေ့ နံနက်က ပျက်ကျရာ ဒဏ်ရာရသူများအနက် ၂၆ ဦးမှာ ရန် ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဝိတိုရိယ ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီဖြစ်ပြီး ကျန်ရှိ ဒဏ်ရာရသူများအားလည်း ရန်ကုန်သို့ ထပ် မံခေါ် ဆောင်ရန်ရှိကြောင်း အဲပုဂံမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိမွန်ထူး က ပြောသည်။

“တောင်ကြီး စပ်စံထွန်းဆေးရုံမှာ လူနာတွေအားလုံးကို ပို့ထားပါတယ်။ အဲ့ဒီထဲက ၂၆ ယောက်ကို အခုဝိတိုရိယဆေးရုံမှာဆေးစစ်နေပါတယ်။ လူနာ အားလုံးကို ပြန်ခေါ်မှာပါ။ ဒုတိယ အသုတ်ကို ခေါ်ဖို့ စီစဉ်နေပါတယ်။ဆေးစစ်ပြီးတဲ့သူ တွေ ဒီည ကန်တော်ကြီးပဲလေစ့် ဟို တယ်မှာ တည်းခိုင်းမှာပါ။ နိုင်ငံခြားသားတွေကိုတော့ဆေးစစ်ပြီးရင် သံရုံးတွေကို အကြောင်းကြား ပေး မှာပါ” ဟု ဒေါ်အိမွန်ထူး က ဆိုသည်။

လေယာဉ်ပေါ်တွင် ဗြိတိန်၊ ၾသစေၾတးလ်၊ ဂ်ာမနီၤ၊ ဆွစ်ဇာလန်၊ မြန်မာလူမျိုး စုစုပေါင်း ခရီးသည် ၆၅ ဦး ပါဝင်ပြီးလေယာဉ်ဝန်ထမ်း ၆ ဦး ပါ သည်။

သေဆုံးသွားခဲ့သူ နှစ်ဦးမှ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ဧည့်လမ်းညွှန် မနွဲ့လင်းရှိန်နှင့် လေယာဉ်နှင့် တိုက်မိကာ သေဆုံးသူ မြေပြင် မှ ဦး ပြား တို့ဖြစ်ကြောင်း Air Bagan မှ တာဝန်ရှိသူ Li Grace Mee က အတည်ပြုပြောကြားသည်။

“အခု ဆေးရုံမှာရောက်နေတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ခံထားတဲ့ အမျိုးသမီးတဦး ပါတယ်။ သူက ခါးထိ ထားတယ်။ သူကတော့ ပါလာတဲ့ထဲမှာ အကြီးမားဆုံး ထိခိုက်ထားတဲ့သူပေါ့။နောက်တဦးကမြန် မာလူမျိုးပဲ ဗြိတိသျှနိုင်ငံသားခံထားတဲ့ အမျိုး သားပေါ့။ သူကတော့ ခါးအရိုးက အဆစ်နည်နည်းပဲ့သွားတယ်” ဟု ဝိတိုရိယ ဆေးရုံမှ တာဝန်ရှိသူ Lawrence က ပြောကြား သည်။

အဲပုဂံ၏ W9-011 ရန်ကုန်-မန္တလေး-ဟဲဟိုး ခရီးစဉ်တွင် ထိုသို့ ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

No comments: