Saturday, December 29, 2012

ထားဝယ်စီမံကိန်းအတွက် ထိုင်း-မြန်မာရေအောက်ကေဘယ်ဖိုက်ဘာဆက်ကြောင်း ချိတ်မည်

မေရီကို

တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တွင် စီးပွားရေးလုပ်ငန်းများ၏ ဆက်သွယ်ရေး လိုအပ်ချက်ကို ပံ့ပိုးပေး ရေးအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ ရေအောက် ကေဘယ် ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်မှုကို စတင်ရန် ဆွေးနွေမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ရေအောက် ကေဘယ် ဖိုက်ဘာဆက်ကြောင်း ချိတ်ဆက်မှု စီမံကိန်းကို ၂၀၀၃ ခုနှစ် ဒီဇင် ဘာလ မတိုင်မီ အပြီးဆောင်ရွက်နိုင်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တာဝန်ရှိများ နေပြည်တော်တွင် တွေ့ဆုံ၍ အ ပြန်အလှန် ဆွေးနွေးပြီး ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန် ကြား မှု ဦးစီနးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ယင်းသို့ ရေအောက် ကေဘယ်စနစ်ဖြင့် အင်တာနက် ရရှိအောင် ဆောင်ရွက်ပေးရန် စီးမံ ကိန်း တွင် လုပ်ငန်းများ စတင်နေသည့် ထိုင်းကုမ္ပဏီများက တောင်းဆိုခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းဧရိယာအတွက် ရေအောက် ကေဘယ် ဖိုက်ဘာဆက် ကြောင်း ကွန်ရက်ချိတ်ဆက်မှုပြီးစီးပါကယင်း ကွန်ရက် ထိန်းချုပ်မှုများကို ထိုင်းနိုင်ငံဘက်ကလည်း ပူးတွဲ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

ဖိုက်ဘာ ဆက်ကြောင်းချိတ်ဆက်မှုတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဥပဒေနှင့် အညီ ဖြစ်အောင် ဆောင်ရွက်မည့်အပြင် ထားဝယ်စီမံ ကိန်း နှင့်လည်း လိုက်လျောညီထွေ ဖြစ်ရန် အရေးကြီးသည်ဟု ထိုင်းနိုင်ငံ ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကက ပြောကြားခဲ့ ကြောင်း ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာ တဦးက ဆိုသည်။


ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီတို့အကြား ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ် သက်သည့်နားလည်မှုစာချွန်လွှာကို ၂၀၀၈ ခုနှစ် ဇွန်လအတွင်းက ရေးထိုးခဲ့ကြသည်။

ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းတွင် အီတာလျံ-ထိုင်း ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၈. ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်ရှိကြောင်း၊ လျှပ် စစ် ဓာတ်အားပေးစက်ရုံများ၊ သံမဏိ စက်ရုံများ၊ ရေနံသန့်စင်ချက်လုပ်ရေး စက်ရုံများ၊ကားလမ်းနှင့် ရထားလမ်းများ ပါဝင်မည်ဖြစ် ကြောင်း သိရ သည်။

No comments: