Friday, December 28, 2012

ရွာမ-တောင်ကုတ်လမ်းခွဲအတွက် ငွေကြေးအလွဲသုံးစားပြုလုပ်မှုကြောင့် ဒေသခံများ မကျေမနပ်ဖြစ်

အာရ်ကန်တိုင်းမ်စ်

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တန်းလွဲချောင်းရွာမစံပြကျေးရွာတွင်ကျေး ရွာလူကြီးများ နှင့် အပေါင်းပါ တစ်ချို့မှ ရွာမ-တောင်ကုတ် လမ်း ခွဲကို ပြုပြင်မွမ်းမံရန်အတွက် တစ်အိမ်ထောင်လျှင် ကျပ်ငွေ ငါးထောင် ( ၅၀၀ ၀) နှုန်းဖြင့် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ လ ကုန်ပိုင်း လောက် ကတည်းက ခွဲတန်းကျကောက်ခံရယူခဲ့ရာ အချိန်တစ်နှစ်ခန့်ကြာမြင့်လာ သော် လည်း အဆိုပါ ရွာမ-တောင်ကုတ် လမ်းခွဲ ကို ယနေ့ အချိန်ထိပြီး စီး အောင်လုပ်မပေးဘဲ ငွေကြေးများကိုသာ အလွဲသုံးစား ပြုလုပ်ထား ကြ ကြောင်း သတင်းရရှိသည်။

" ကုန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလလောက်မှာ ရွာမကျေးရွာ ရယက ဥက္ကဌ ဦးထွန်းဝေနဲ့ သူ့ရဲ့ နောက်လိုက်နောက်ပါ တစ်ချို့က ဒီ ရွာမ-တောင်ကုတ်လမ်းခွဲကို ကောင်းမွန်အောင် ပြုပြင်မွမ်းမံမယ်ဆိုပြီးတော့ ကျေးရွာအုပ်စုတွေအ တွင်းမှာ တစ်အိမ်ထောင်ကို ကျပ်ငွေ (၅၀၀၀) နှုန်းနဲ့ ကောက်ခံယူခဲ့ကြပါတယ်။ ဒေသခံတွေကလည်း ဒီလမ်းကောင်းရင် ကောင်းသွားပါ စေ ဆိုပြီးတော့ ငွေကြေးထည့်လိုက်ကြ ပါတယ်။ ကျနော်တို့ တန်းလွဲချောင်းမှာ ရွာမကျေးရွာ အပါအ၀င် စုစုပေါင်း ကျေးရွာအုပ် စုရှစ် အုပ်စုရှိပါတယ်။

အိမ်ခြေစုစုပေါင်းကတော့ ခန့် မှန်းခြေ ငါးထောင် ( ၅၀၀၀ ) ကျော် လောက်ရှိပါတယ်။ ငွေကြေးတွေကို ကောက်ခံပြီးတော့ ဒီခြောက်မိုင် လေး ဖာလုံသာ ရှည်လျားတဲ့ ရွာမ-တောင်ကုတ်လမ်းခွဲကို ဖြစ်ဖြစ်မြောက်မြောက် ကောင်းမွန်ပြီးစီးအောင် လုပ်မပေးကြပါဘူး။ ကိုးလက် မ ဆယ် လက်မခန့် ရှိတဲ့ ကျောက်လုံးကြီးတွေကို ဖြစ်သလိုခင်း ဖြစ်သလို ပုံပြီးတော့ လမ်းတံတားကိုလည်း ပြီးစလွယ် ထိုးထားကြတော့ မလုပ်ခင်က မှ ပိုကောင်း၊ လုပ်လိုက်တော့ ပိုဆိုးသွားတာကြောင့် ဒေသခံတွေက မကျေမနပ်ဖြစ်နေကြတာပေါ့ "
ဟု တောင် ကုတ်မြို့ နယ် ရွာမကျေးရွာ မှ ဒေသခံတစ်ဦးဖြစ်သည့် ဦးဆန်းဝင်းက အာရ်ကန်တိုင်းမ်စ်သို့ ပြောဆိုသည်။

ရွာမ-တောင်ကုတ်လမ်းခွဲအတွက် လုပ်ငန်းစဉ်ပြီးစီးမှုနဲ့ ငွေပမာဏ ကုန်ကျမှု စရင်းရှင်းတမ်းများကို ရှင်းလင်းထုတ်ပြန်ကြော်ငြာပေးရန် တန်း လွဲချောင်းဒေသခံပြည်သူလူထုမှ ဥက္ကဌ နှင့် ၄င်း၏ အပေါင်းပါများကိုတောင်းဆိုထားကြသော်လည်း ယနေ အချိန်ထိမည်သည့်စာ ရင်းဇယား မှ ရှင်းမပေးသည့်အပြင် တစ်စုံတစ်ရာ တုန့် ပြန်အကြောင်းပြန်ကြားမှုများလည်း မရှိသောကြောင့် ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ် အဆင့် ဆင့် သို့ တိုင်ကြားရန် ပြင်ဆင်နေကြကြောင်းကို ဦးဆန်းဝင်းက ယခုလို ဆက်လက် ပြောဆိုသည်။

" ဒီ လမ်းအတွက် ဥက္ကဌ နှင့် သူ့ အပေါင်းပါတွေ လုပ်ဆောင်ထားတာတွေကို ခန့်မှန်းခြေတွက် ကြည့်ပါတယ်။ ဒီဇယ်ဆီ၊ ကျောက်၊ သစ်၊ မြေ တူးစက် ငှားရမ်းတာနဲ့ လုပ်အားခ အထွေထွေစရိတ်အပါအ၀င် ကုန်ကျစရိတ်က ကောက်ခံ ရရှိတဲ့ ငွေပမာဏရဲ့ ထက်ဝက်နီးပါးလောက်သာ ကုန်ကျမယ်လို့ ခန့် မှန်းရပါတယ်။ လောလောဆဲ ကျနော်တို့ တွေစာရင်းဇယား၊ ဓာတ် ပုံမှတ်တမ်းနှင့်ဗွီဒီယိုမှတ်တမ်းမှတ်ရာများကိုအထောက် အထားခိုင်ခိုင်လုံလုံနဲ့ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေကို အဆင့်ဆင့်တိုင်ကြား နိုင်အောင်ကြိုးစားစီစဉ်နေကြပါတယ်။ဒီဇင်ဘာလ ၂၆ရက်နေ့  ကလည်း ဒေါက်တာအေးမောင်၊ ကျောက်ဖြူမြို့ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးဘရှိန်နဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ တောင်ကုတ်မြို့ ပါတီ အမှုဆောင်များက တန်းလွဲချောင်းရွာမမှာ ပါတီမူဝါဒလမ်းစဉ် ရှင်းလင်းပွဲလာလုပ်ကြပါတယ်။ ပါတီ ခေါင်းဆောင်တွေနဲ့ လည်း ကျနော်တို့ ဆွေးနွေးတိုင်ပင် အကြံအဥာဏ်ယူခဲ့ကြပါတယ်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီက ခေါင်းဆောင် တွေကလည်း ဥပဒေကြောင်းအရ ဆွေးနွေးညှိနှိုင်း ကူညီဖြေရှင်းပေးပါမယ်လို့ ပြောကြားသွားကြပါတယ်။ " ဟု ဦးဆန်းဝင်က ရှင်းလင်းပြောဆိုသည်။

ရွာမ-တောင်ကုတ် ခရီး အရှည်မိုင်မှာ ဆယ့်ငါးမိုင် ( ၁၅) ခန့် ရှည်လျားပြီး ရွာမ-တောင်ကုတ်လမ်းခွဲ ခရီး အရှည်မိုင်မှာ ခြောက်မိုင် လေး ဖာ လုံသာ ရှည်လျားသည်။ တောင်ကုတ်မြို့ သို့ ကျန် ကိုးမိုင် လေးဖာလုံခန့် မှာ ပြည်ထောင်စု လမ်းမကြီးထဲတွင်ပါရှိပြီး တောင်ကုတ်မြို့ နယ် ကင်းတောင်ကျေးရွာအနီး တန်းလွဲချောင်းတံတားနားတွင် တည်ရှိကြောင်း သိရှိရသည်။

No comments: